BREAKING
September 19, 2024

ဓာတ်ပုံ သတင်း

မလွှဲတောင်တွင် ညအိပ်စောင့်ဆိုင်းရသည့် ရန်ကုန်-ထားဝယ်ခရီးသည်များ

Dawei Watch

April 3, 2024

ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပိတ်ထားသဖြင့် ခရီးသည်များနှင့် ကားများ ညအိပ်ကာ စောင့်ဆိုင်းကြရသည်။ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ်အတွင်းရှိ ကလော့ကြီးရွာတွင် လက်နက်ကြီးသံများ ထွက်ပေါ်ပြီးနောက် နံနက် ၁၁ နာရီကစ၍ ဂိတ်ပိတ်ချလိုက်သဖြင့် လမ်းပိတ်မိခဲ့ကြကြောင်း ခရီးသည်များက ပြောသည်။ ထို့ကြောင့် ညအိပ်ညနေ စောင့်ဆိုင်းရပြီး နောက်တစ်ရက် ဧပြီလ ၃ရက် နံနက်ပိုင်းမှသာ ကားများကို ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌ပင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လမ်းပိုင်းစစ်ဆေးမှု ရှိလာသဖြင့် မလွှဲတောင် စစ်ကောင်စီဂိတ်က ဂိတ်ပိတ်ကာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်မှုများကို လုပ်ဆောင်လာခဲ့သည်။ တစ်နေ့လုံးနီးပါး ဂိတ်ပိတ်ထားမှုရှိခဲ့သဖြင့် လမ်းပိုင်းအခြေအနေကို ယခင်ကကဲ့သို့ ပုံမှန်ခန့်မှန်း၍ မရတော့ချေ။

ထိုင်းတောင်ပိုင်းမှ မေတ္တာရိပ်စာသင်ကျောင်း၏ သင်္ကြန်မြင်ကွင်း

Dawei Watch

March 26, 2024

ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့(မတ် ၂၆) နေ့လယ်ပိုင်းက ကျင်းပခဲ့သည့် ကျောင်းတွင်းသင်္ကြန်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ယင်းကျောင်းတွင် မူကြိုမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ၈၀၀ ကျော်ပညာသင်ကြားနေပြီး အများစုက ထားဝယ်ဒေသခံ ရွှေ့ပြောင်းကလေးများ ဖြစ်သည်။

တပေါင်းလပြည့် ထားဝယ်ဘုရားကြီး မြင်ကွင်းများ

Dawei Watch

March 24, 2024

ယနေ့(မတ်၂၄)​ တပေါင်းလပြည့်နေ့ မနက်ပိုင်း ထားဝယ်မြို့ ရွှေတောင်စားစေတီတော် နှင့် လောကမာရဇိန်ဘုရားကြီးတို့တွင် မြင်တွေ့ရသောမြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်။ ဗုဒ္ဓပူဇနိယပွဲအနေဖြင့် ဘုရားကြီးဂေါပကက ပဌာန်းပွဲကျင်းပခြင်း အပြင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ နှင့် ရပ်ကွက်ဆွမ်းလောင်းအသင်းများကလည်း မယ်ဇလီဟင်းချို စတုဒီသာကျွေးမွေး လှူဒါန်းခဲ့ကြသည်။ သို့သော်ကိုဗစ်မတိုင်မီကာလများကကဲ့သို့ ထားဝယ်ဘုရားကြီး၏ တပေါင်းပွဲတော်ကို ပွဲလမ်းသဘင်များဖြင့်​ မကျင်းပနိုင်သည်မှာ​ ၅ နှစ်ရှိပြီဖြစ်သည်။

ထားဝယ်တွင် သက်တော် ၁၀၃ နှစ်ရှိ ဆရာတော်ကြီးပျံလွန်တော်မူ

Dawei Watch

March 21, 2024

ထားဝယ်မြို့ တွင် သက်တော် ၁၀၃ နှစ်ရှိ ဆရာတော်ကြီးတစ်ပါး ယနေ့ နံနက် စောစောတွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း မြို့ခံများထံမှသိရသည်။ ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် ဆင်ဖြူတော်ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသီဟ မထေရ်မြတ်သည် ယနေ့ နံနက် ၁ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားခြင်းဖြစ်သည်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် မှာ ၁၀၃ နှစ် ရှိပြီး သိက္ခာတော်မှာ ၈၃ ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ၉၆ ပါးသောလူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး ရုပ်ကလပ်ကို စံကျောင်းတော်တွင် ၅ ရက်ကြာ ပူဇော်ခံထားရှိမည်ဖြစ်ကြောင်းသိရသည်။ မတ်လ ၂၅ ရက် တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပသွားမည်ဖြစ်သည်။

စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန် လောင်းလုံးတွင်ဆန္ဒပြတောင်းဆို

Dawei Watch

March 11, 2024

စစ်ကောင်စီထံ လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ ‘USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar’ ဆိုသည့် ခေါင်းစဥ်ဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ မတ်လ ၁၁ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးများ၊ လူငယ်များ ပူးပေါင်းပါဝင်ကြကြောင်း DDMSC ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်အသုံးပြုလာပြီး အရပ်ပြည်သူ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။

ထားဝယ်ကမ်းနားလမ်း နေဝင်ဆည်းဆာပုံရိပ်များ

Dawei Watch

March 7, 2024

ထားဝယ်မြစ်ကမ်းနား ၊ သဲပြင်ကွင်း ပန်းခြံမှာ မြင်ရတဲ့ နေဝင်ဆည်းဆာ မြင်ကွင်းနဲ့ လာရောက်အပန်းဖြေနေသူတွေရဲ့ မြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ဝ ရက်က စစ်ကောင်စီက စစ်မှုမထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက်မှာ လူငယ်အများစု အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်သွားတာကြောင့် ကမ်းနားလမ်းအပါအဝင် ထားဝယ်မြို့က အပန်းဖြေတဲ့ နေရာအများစုမှာ လူငယ်တွေ လာရောက်လည်ပတ်တာ နည်းသွားတယ်လို့ မြို့ခံတွေကဆိုပါတယ်။ ဒါ့အပြင် ည ၇ နာရီဝန်းကျင် ကတည်းက လူခြေတိတ် နေပြီဖြစ်ကြောင်း မြို့ခံတွေဆီကသိရပါတယ်။