BREAKING
September 16, 2024

ဓာတ်ပုံ သတင်း

ရေကစားသူ အနည်းငယ်သာရှိခဲ့သည့် ထားဝယ်သင်္ကြန် အကျနေ့

Dawei Watch

April 14, 2024

စစ်ကောင်စီက စည်ကားစေရန်ကြိုးစားလုပ်ဆောင် နေသော်လည်း တနင်္သာရီတိုင်းမြို့တော် ၊ ထားဝယ်မြို့၏ သင်္ကြန်အကျနေ့(ဧပြီ၁၄ရက်)တွင် ရေကစားသူ အနည်းငယ်သာရှိခဲ့သည်။ မြို့တော်ခန်းမအရှေ့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်အနီး ဆောက်လုပ်ထားသည့် စစ်ကောင်စီတိုင်းအစိုးရ၏ ဖျော်ဖြေရေးမဏ္ဍပ်တွင် ရေကစားသူအချို့နှင့် ဖျော်ဖြေရေး လာရောက်ကြည့်ရှူသူအချို့ကို မြင်တွေ့ရသည်။ သို့သော်ရပ်ကွက်အချို့ ရှိ လမ်းသွယ်များတွင်လည်း ဧပြီလ ၁၁ ရက် ထားဝယ်ကလေးသင်္ကြန်အစရက် ကစ၍ ရေကစားသူများရှိကြောင်း မြို့ခံများကပြောသည်။ ဧပြီ ၁၀ ရက်က ထားဝယ်မြို့တွင် သင်္ကြန်အကြိုမိုး စတင်ရွာသွန်းခဲ့ပြီး ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကစ၍ ပိတောက်ပန်းများလည်းပွင့်နေကြသည်။ ထားဝယ်မြို့တွင် စစ်ကောင်စီမှစီစဥ်သည့် တိုင်းအစိုးရမဏ္ဍပ်အပါအဝင် မဏ္ဍပ် ၃ ခု သာ ရှိပြီး အခြားဖျော်ဖြေရေးမဏ္ဍပ်များမတွေ့ရပေ။

သင်္ကြန်အကြိုနေ့ လောင်းလုံးတွင် သပိတ်စစ်​ကြောင်းချီတက်၍ သံချပ်ထိုးဆန္ဒထုတ်ဖော်

Dawei Watch

April 13, 2024

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဧပြီလ ၁၃ ရက်နေ့(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းချီတက်ခြင်း နှင့် သင်္ကြန်သံချပ်ထိုး၍ ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ က ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး လောင်းလုံးဒေသခံများပူးပေါင်းပါဝင်ခဲ့ကြသည်။

ထားဝယ်ကလေး (သားဂန်း) သင်္ကြန် ပထမနေ့

Dawei Watch

April 11, 2024

ထားဝယ်ဒေသတွင် သင်္ကြန်မကျမီ ကလေးသင်္ကြန် (သားဂန်းဂြန်) ပြုလုပ်လေ့ရှိသည်။ သင်္ကြန်မကျမီ ဧပြီလ ၁၁ ရက်က စပြီး ကလေးများ ရေပက်ကြသည်ကို ကလေးသင်္ကြန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်မီ ၂၀၁၉ ခုနှစ်ကမူ ထားဝယ်မြို့ ဆန်ချီမူကြိုကျောင်းတွင် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပင် ကလေးသင်္ကြန်ကို ကျင်းပခဲ့ဖူးသည်။ ယင်းနောက်ပိုင်းတွင်မူ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုတို့ကြောင့် ကလေးသင်္ကြန်ရော၊ လူကြီးသင်္ကြန်ပါ စည်စည်ကားကား မကျင်းပနိုင်သည်မှာယနေ့အချိန်အထိပင်ဖြစ်သည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့သည် ကလေးသင်္ကြန် ပထမနေ့ဖြစ်သော်လည်း ထားဝယ်မြို့၏ အဓိကလမ်းမကြီးများပေါ်တွင် ကလေးများ ရေကစားနေသည်ကို မတွေ့ရပေ။ လမ်းသွယ်များရှိ နေအိမ်များရှေ့ရေတွင်မူ ပက်ကစားနေကြသည့်ကလေး အနည်းငယ်ကိုသာ တွေ့ရသည်။ ထားဝယ်မြို့ပေါ်မှလွဲပြီး အများစုသောနယ်ကျေးရွာတို့တွင်မူ ကလေးသင်္ကြန်ဟု သီးခြားမရှိပေ။

မြောက်အမေရိကတိုက်မှ မြင်တွေ့ရသည့် နေအပြည့်ကြတ်မှုမြင်ကွင်းများ

Dawei Watch

April 9, 2024

မြောက်အမေရိကတိုက်တွင် ဧပြီလ ၈ ရက်နေ့က မြင်တွေ့ရသည့် နေအပြည့်ကြတ်မှုကို လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ကြသည်။ မြောက်အမေရိကတိုက်အတွက် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်မှုကို မြင်တွေ့ရခြင်းဖြစ်ပြီး ယခုကဲ့သို့ နေကြတ်မှုဖြစ်စဉ်ကို နောက်လာမည့် ၂၀၄၄ ခုနှစ်မှသာ နောက်တစ်ကြိမ် ပြန်မြင်တွေ့နိုင်တော့မည်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းပေါ်က မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံများက နေကြတ်ခြင်းကို မြင်တွေ့ခံစားခဲ့ကြရသည်။ Ref: Getty Images, CNN, AP

မလွှဲတောင်တွင် ညအိပ်စောင့်ဆိုင်းရသည့် ရန်ကုန်-ထားဝယ်ခရီးသည်များ

Dawei Watch

April 3, 2024

ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပိတ်ထားသဖြင့် ခရီးသည်များနှင့် ကားများ ညအိပ်ကာ စောင့်ဆိုင်းကြရသည်။ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ်အတွင်းရှိ ကလော့ကြီးရွာတွင် လက်နက်ကြီးသံများ ထွက်ပေါ်ပြီးနောက် နံနက် ၁၁ နာရီကစ၍ ဂိတ်ပိတ်ချလိုက်သဖြင့် လမ်းပိတ်မိခဲ့ကြကြောင်း ခရီးသည်များက ပြောသည်။ ထို့ကြောင့် ညအိပ်ညနေ စောင့်ဆိုင်းရပြီး နောက်တစ်ရက် ဧပြီလ ၃ရက် နံနက်ပိုင်းမှသာ ကားများကို ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌ပင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လမ်းပိုင်းစစ်ဆေးမှု ရှိလာသဖြင့် မလွှဲတောင် စစ်ကောင်စီဂိတ်က ဂိတ်ပိတ်ကာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်မှုများကို လုပ်ဆောင်လာခဲ့သည်။ တစ်နေ့လုံးနီးပါး ဂိတ်ပိတ်ထားမှုရှိခဲ့သဖြင့် လမ်းပိုင်းအခြေအနေကို ယခင်ကကဲ့သို့ ပုံမှန်ခန့်မှန်း၍ မရတော့ချေ။

ထိုင်းတောင်ပိုင်းမှ မေတ္တာရိပ်စာသင်ကျောင်း၏ သင်္ကြန်မြင်ကွင်း

Dawei Watch

March 26, 2024

ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့(မတ် ၂၆) နေ့လယ်ပိုင်းက ကျင်းပခဲ့သည့် ကျောင်းတွင်းသင်္ကြန်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ယင်းကျောင်းတွင် မူကြိုမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ၈၀၀ ကျော်ပညာသင်ကြားနေပြီး အများစုက ထားဝယ်ဒေသခံ ရွှေ့ပြောင်းကလေးများ ဖြစ်သည်။