BREAKING
September 20, 2024

ဓာတ်ပုံ သတင်း

လောင်းလုံးမှာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်

diz_admin

January 13, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့မနက်ပိုင်းက စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

မြဝတီ-မဲဆောက်တံတားဖွင့်ပြီ

diz_admin

January 12, 2023

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယနေ့မနက် ၇ နာရီအချိန်ခန့်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီး ၃ နှစ်နီးပါးအကြာ ယနေ့တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြ

diz_admin

January 11, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၁၁) ညနေပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာ မောင်းမကန်ကမ်းခြေ

diz_admin

January 10, 2023

အမြဲတမ်းစည်ကားနေလေ့ရှိသည့် မောင်းမကန်ကမ်းခြေမှာ စစ်အာဏာသိမ်းမှုနှင့်အတူ လူသူအရောက်အပေါက် နည်းပါးလျက်ရှိသည်။ ယခင်က ပွင့်လင်းရာသီတွင် ခရီးသွားများဖြင့် ပြည့်နေလေ့ရှိသော်လည်း လက်ရှိတွင်မူ တနင်္ဂနွေနေ့ကဲ့သို့ အားလပ်ရက်တွင်ပင် လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေသည်။ စစ်အာဏာသိမ်းဂယက်က ထားဝယ်ဒေသရှိ နာမည်ကြီးကမ်းခြေကို အထီးကျန်စေသည်အထိ ရိုက်ခတ်စေခဲ့သလို ကမ်းခြေအမှီပြု ရှာဖွေစားသောက်နေသူများအတွက်လည်း စီးပွားပျက်သည်အထိ အခက်ကြုံနေရသည်။ လုံခြုံမှုကင်းမဲ့သည့် အခြေအနေကြောင့် ကမ်းခြေတွင်သာမက မောင်းမကန်ရွာအတွင်း လမ်းပေါ်တွင်လည်း လူသူကြဲပါးနေသည်။ ဇန်နဝါရီလ ၈ ရက်(တနင်္ဂနွေနေ့)တွင် တွေ့ရသည့် မောင်းမကန်ကမ်းခြေ၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။

‘လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ’

diz_admin

January 8, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၈)ညတွင် ‘လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ’ ဆိုသည့် ခေါင်းစဉ်ဖြင့် ညသပိတ်ပြုလုပ်ခဲ့ကြသည်။

စစ်တလင်းဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ အခုတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို ခမ်းခမ်းနားနား ကျင်းပပေးနိုင်တဲ့အဆင့်ဆီ ရောက်သွားပါပြီ

diz_admin

January 7, 2023

စစ်တလင်းမြေပြင်ဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ လက်ရှိမှာတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် ခမ်းခမ်းနားနား လက်ခံကျင်းပပေးနိုင်တဲ့နိုင်ငံအဆင့်ဆီကို ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အီရတ်ဟာ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မနေ့တုန်းက ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားဓာတ်ပုံတွေကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေမှု များပြားနေပြီး စစ်မြေပြင်ဖြစ်ခဲ့တဲ့နိုင်ငံရဲ့ခမ်းနားလှတဲ့အပြောင်းအလဲအရွေ့သစ်လို့ ခေါင်းစဉ်တပ် ချီးကျူးမှုတွေလည်း ရှိနေပါတယ်။ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့ဖလားပြိုင်ပွဲမှာ အုပ်စုနှစ်ခု ပါဝင်ပြီး အုပ်စု(က)မှာတော့ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်နဲ့ ယီမင်၊ အုပ်စု(ခ)မှာတော့ ကာတာ၊ ကူဝိတ်၊ ဘာရိန်းနဲ့ ယူအေအီးတို့ ကျရောက်နေပါတယ်။ ပြိုင်ပွဲဖွင့်ပွဲနေ့မှာ အုပ်စု(က)က ပွဲစဉ် နှစ်ပွဲကို ယှဉ်ပြိုင်စေခဲ့ပြီး အီရတ်နဲ့ အိုမန်တို့က ဂိုးမရှိ သရေကျကာ ဆော်ဒီအာရေဗျက ယီမင်ကို နှစ်ဂိုး […]