BREAKING
September 19, 2024

ဓာတ်ပုံ သတင်း

တိတ်ဆိတ်ငြိမ်သက်နေသည့် ကံပေါက်ဒေသ

diz_admin

February 1, 2023

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြရာ ကံပေါက်ဒေသတွင်လည်း အသွားအလာကင်းမဲ့ တိတ်ဆိတ်ခြောက်ကပ်ကာ သပိတ်ဆင်နွှဲနေကြသည်ကို တွေ့ရသည်။ စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။ သပိတ်ကို နံနက် ၁ဝနာရီမှ ညနေ ၃နာရီအထိ ဆင်နွှဲနေကြခြင်းဖြစ်သည်။

တိတ်ဆိတ်ငြိမ်သက်သပိတ်နေ့ ထားဝယ်

diz_admin

February 1, 2023

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြသည်။ စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို နံနက် ၁ဝနာရီမှ ညနေ ၃နာရီအထိ ဆင်နွှဲနေကြခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင်လည်း သပိတ်ဆင်နွှဲနေကြသဖြင့် မြို့ပေါ်တွင်အသွားအလာတိတ်ဆိတ်ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြအပ်ပါသည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု

diz_admin

January 20, 2023

လောင်းလုံးမြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ယနေ့ (ဇန်နဝါရီ ၂၀) မနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – Democracy Movement Strike Committee-Dawei

ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် လောင်းလုံးတွင် ဆန္ဒပြလှုပ်ရှားမှုပြုလုပ်

diz_admin

January 19, 2023

စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဆန္ဒပြလှုပ်ရှားမှု ယနေ့ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ – DDMSC

‘စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြ’ သပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

January 15, 2023

“စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြ” ဘန်နာကို ကိုင်စွဲ၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်တပ်၏ အခြေခံစီးပွားရေးထောက်တိုင်များ ဖြိုချရေးအတွက် အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

diz_admin

January 14, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့(ဇန်နဝါရီ ၁၄) မနက်ပိုင်းက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် စစ်တပ်ထုတ်ကုန်မသုံးစွဲရန် စည်းရုံးဟောပြောခြင်း၊ ဝယ်ယူသုံးစွဲခြင်းမလုပ်ဘဲ သပိတ်မှောက်ရမည့် စစ်တပ်ထုတ်ကုန်စာရင်းများ ဖြန့်ဝေခြင်း၊ စတေကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။