BREAKING
September 19, 2024

ဓာတ်ပုံ သတင်း

PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်‌မှောက်ကြရန် လောင်းလုံးတွင် အသိပညာပေး လှုပ်ရှားမှုပြုလုပ်

diz_admin

February 23, 2023

Dawes Watch၊ ဖေဖော်ဝါရီ ၂၃ စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်‌မှောက်ကြရန်ယနေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က လောင်းလုံးမြို့နယ်အတွင်းရှိ ဈေးတစ်ခုတွင် လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကြီးများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅ရာခိုင်နှုန်း ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂ရာခိုင်နှုန်းနှင့် ဇောတိကစီမံကိန်းတွင် ၈၀ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး စစ်ကောင်စီအား ‌ဒေါ်လာသန်းပေါင်းများစွာ ‌ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

February 14, 2023

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ (ဖေဖော်ဝါရီ ၁၄) နေ့လယ်တွင်ပြုလုပ်ခဲ့သည်။ ယင်းသပိတ်တွင် ဒေသခံပြည်သူလူထု အများအပြားပူးပေါင်းပါဝင်ခဲ့သည်။

လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

diz_admin

February 6, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ယင်းသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး ဒေသခံ လူငယ်များနှင့် အမျိုးသမီးများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

တနင်္သာရီမြို့နယ်တွင် ပြည်သူနှင့် PDF ပူးပေါင်းသပိတ်ဆင်နွှဲ

diz_admin

February 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း ၂နှစ်ပြည့် နွေဦးတော်လှန်ရေးသပိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၂ရက်တွင် ပြုလုပ်သည်။ အဆိုပါ နွေဦးတော်လှန်းရေးသပိတ်တွင် လူရာနှင့်ချီပါဝင်ခဲ့ပြီး PDF ၊ ပကဖ အဖွဲ့များက ဝန်းရံကာ ဆန္ဒပြခြင်းဖြစ်ပြီး စစ်အာဏာရှင် အလိုမရှိ အပါအဝင် ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်တွင်လည်း PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖေဖော်ဝါရီလ ၁ရက် ညပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

အာဏာသိမ်း ၂ နှစ်ပြည့် ဘန်ကောက်တွင် မြန်မာများဆန္ဒပြ

diz_admin

February 1, 2023

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သော ယနေ့တွင် ပြည်တွင်း၌ ပြည်သူများ အသံတိတ်သပိတ်ဆင်နွှဲနေကြသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံများလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည်။ ထိုင်းရောက် မြန်မာအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပူးပေါင်းကာ နံနက် ၁၀ နာရီခန့်မှ စတင်၍ ဆန္ဒပြကြခြင်းဖြစ်သည်။ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်ဆန္ဒပြကြပြီး နေ့လယ်ပိုင်းတွင် ကုလသမဂ္ဂအဖွဲ့ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများ ပူးပေါင်းဆန္ဒပြကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။ “ငါတို့တိုင်းပြည်ကို မတရားသိမ်းယူထားတာ ၂ နှစ်ရှိပြီ။ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာလည်း ၂ နှစ်ရှိခဲ့ပြီ။ ဒီနေ့ကို ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်နေသည့် ပုလောဒေသခံတစ်ဦးက ပြောသည်။ ‘အာဏာရှင် နိဂုံး ၂၀၂၃’ […]

မြိတ်အသံတိတ်သပိတ် မြင်ကွင်း

diz_admin

February 1, 2023

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ဆင်နွှဲနေသည်ကို နံနက်ပိုင်းတွင်တွေ့ရခြင်းဖြစ်သည်။ အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြသည်။