BREAKING
September 19, 2024

ဓာတ်ပုံ သတင်း

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

March 5, 2023

Dawei Watch၊ ဖေဖော်ဝါရီ ၅ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (မတ် ၅)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုသပိတ်ကို အာဏာသိမ်းပြီး ချိန်မှစတင်ကာ ယနေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး လူထုသပိတ်တစ်ခုလည်း ဖြစ်သည်။ ဓာတ်ပုံ – DMSCD

လောင်းလုံးတွင် အသိပညာပေးလှုပ်ရှားမှု

diz_admin

March 2, 2023

လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများတွင် ယနေ့ (မတ် ၂) မနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီက လူထုစည်းရုံး အသိပညာပေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ Photo – Democracy Movement Strike Committee-Dawei

သွေးမြေကျတဲ့ ၂၈ ဥဒါန်းမကျေတဲ့ သမိုင်းသစ်

diz_admin

February 28, 2023

Dawei Watch၊ ဖေဖော်ဝါရီ ၂၈ ထားဝယ်ခရိုင်လူထုသပိတ် လှုပ်ရှားမှုအတွင်း အစောဆုံးကျဆုံးသွားခဲ့ကြ‌သည့် ပြည်သူ့ဒီမိုကရေစီသူရဲကောင်း(၄)ဦးအား အောက်မေ့ဂုဏ်ပြုသော အခမ်းအနားကို လောင်းလုံးမြို့နယ်ရှိ အခြေခံပညာအထက်တန်း‌ကျောင်း၌ ယနေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်/တော်လှန်ရေးတပ်ဦးအလံတော်အား အလေးပြုခြင်း၊ ‌ပြည်သူ့ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်း၊ ၂၈ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အခြေအနေအား ပြောကြားခြင်းနှင့် တော်လှန်ရေးကဗျာများ ရွတ်ဖတ်ခဲ့ကြပြီး ဒေသခံကျောင်းသား လူငယ် အမျိုးသမီးများနှင့် အလုပ်သမား လယ်သမား နှစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင်လူထုသပိတ်မှ ကိုဗညား(အသက်-၃၉ နှစ်)၊ ကို‌ဖေသန်း(၃၈ နှစ်)၊ ဂျွန်မာခမ်(၃၆ နှစ်)နှင့် ကို‌လွင်လွင်ဦး(၃၄ နှစ်)တို့ ရဲဘော်(၄)ဦးအပါအဝင် နိုင်ငံတဝှမ်း သပိတ်လှုပ်ရှားမှုအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း […]

လောင်းလုံးတွင် နှင်းဆီရောင်အမျိုးသမီးထု သပိတ်ပြုလုပ်Dawes Watch၊ ဖေဖော်ဝါရီ ၂၆

diz_admin

February 26, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒေသခံအမျိုးသမီးများနှင့် လူငယ်အများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ နှင်းဆီရောင်အမျိုးသမီးထု သပိတ်လှုပ်ရှားမှု ယနေ့ ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ -ddmsc

လောင်းလုံးမြို့နယ်ရှိ ဈေးများတွင် လူထုစည်းရုံးလှုပ်ရှားမှုပြုလုပ်

diz_admin

February 25, 2023

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများတွင် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုယနေ့ပြုလုပ်ခဲ့သည်။

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

diz_admin

February 24, 2023

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့်ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း “ဖက်ဆစ်ရွေးရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုင်စွဲ၍ လူထုလှုပ်ရှားမှု ဖေဖော်ဝါရီ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည်။ဓာတ်ပုံ – DDMSC