BREAKING
September 19, 2024

ဓာတ်ပုံ သတင်း

ထားဝယ်မြို့ သင်္ကြန်ပွဲတော်ကျင်းပရန် လုပ်ဆောင်နေမှုများ

diz_admin

April 6, 2023

မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေး စစ်ကောင်စီက အားခဲလုပ်ဆောင်နေပြီး ထားဝယ်မြို့ထဲတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေသည်ကို ဧပြီလ ၅ ရက်နေ့က တွေ့မြင်ရစဉ်။ ယခုနှစ်တွင် ထားဝယ်မြို့တွင်းတွင် သင်္ကြန်မဏ္ဍပ်သုံး‌ခုနှင့် မြို့ပြင်မှာတစ်ခု စုစုပေါင်း လေးခုခန့်သာရှိကြောင်း တွေ့မြင်ရသည်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နားတွင် ဗဟိုမဏ္ဍပ်၊ ဖိုးသီးချိုကလေးကစားကွင်းနားတွင် မဏ္ဍပ်တစ်ခု၊ တိုင်းအစိုးရဖွဲ့ရုံး ဆောက်လုပ်ရေးဦးစီးဌာနရုံးဝင်းတွင် မဏ္ဍပ်တစ်ခုနှင့် ထားဝယ်အဝေးပြေးဝင်းဘက် သွားသည့်လမ်းတွင် တပ်နယ်မဏ္ဍပ်တစ်ခု အားလုံးပေါင်းလေးခုသာ ရှိမည်ဟု သိရသည်။

လောင်းလုံးတွင် လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

diz_admin

April 4, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာဈေး ၂ ဈေးတွင် လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ယနေ့ (ဧပြီ ၄)ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – DDMSC

“လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” လူထုသပိတ် လောင်းလုံးမှာပြုလုပ်

diz_admin

April 2, 2023

Dawei Watch၊ ဧပြီ ၂ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို “လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” စာသားပါ ဘန်နာကိုကိုင်စွဲ၍ ယနေ့ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ – DDMSC

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

diz_admin

March 31, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ယနေ့ (မတ် ၃၁)နေ့လယ်တွင် လောင်းလုံးမြို့ပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှု ယနေ့ပြုလုပ်

diz_admin

March 30, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ (မတ် ၃၀) နေ့လယ်တွင် ပြုလုပ်ခဲ့တယ်။

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

diz_admin

March 25, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ ‌(မတ် ၂၅) ပြုလုပ်ခဲ့သည်။