BREAKING
January 22, 2025

ဓာတ်ပုံ သတင်း

ထားဝယ်ခရိုင်အတွင်းရှိ နယ်ဘုရားလှည့်ပွဲများ နေ့ဘက်ကျင်းပ

Dawei Watch

November 15, 2024

ထားဝယ်မြို့ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော် ကျင်းပပြီးနောက် တန်​ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် သက်တမ်း နှစ် ၈၀ ဝန်းကျင်ရှိကြသည့် ညောင်ဇင် ၊ ကံပေါက် နှင့် ပကာရီ ၊ ကျောက်ကညှာရွာတို့တွင် ဘုရားလှည့်ပွဲများကို ယနေ့ (နိုဝင်ဘာ ၁၅)တွင် နေ့ဘက်နှင့် ညနေပိုင်းတို့၌ ကျင်းပခဲ့ကြသည်။ ညောင်ဇင်ရွာတွင် ဘုန်းကြီးကျောင်း အစီအစဥ်ဖြင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုယ်စား ရုပ်ပွားတော်လေးဆူ၊ အလောင်းတော်နတ်သား နှင့် ရှင်ဥပဂုတ္တတို့ကို ယနေ့ နေ့လယ် ၂ နာရီ တွင် ညောင်ဇင်ရွာအတွင်း လှည့်လည်ခဲ့သည် ။ ကံပေါက်ရွာတွင်လည်း ရပ်ကွက် ၈ ခုနှင့် ဘုန်းကြီးကျောင်း၏ အစီအစဥ်ဖြင့် ယနေ့ နံနက် ၇ နာရီတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ကျေးရွာအတွင်း ယခင်လမ်းကြောင်းအတိုင်း […]

မြိတ်မြို့က နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ

Dawei Watch

November 15, 2024

မြိတ်မြို့တွင်ဗုဒ္ဓဘာသာအသင်းကြီးက ကြီးမှူး၍ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ယနေ့ (နိုဝင်ဘာ ၁၅) တန်ဆောင်မုန်းလပြည့်ညတွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံခဲ့သည် ။ ညနေ ၅ နာရီတွင် ဘုရားစတင်လှည့်လည်ခဲ့ပြီး ညနေ ၆ နာရီနှင့် ၇ နာရီကြားတွင် မိုးအနည်းငယ်ရွာခဲ့ဟုဆိုသည် ။ ယခုနှစ် ကျင်းပသည့် မြိတ်မြို့ ဘုရားလှည့်ပွဲသည် ၉၄ ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပထမအကြိမ်အဖြစ် မြို့တွင်းသို့ ပြန်လည်လှည့်လည်ခဲ့ခြင်းဖြစ်သည် ။ ဘုရားလှည့်ရာလမ်းကြောင်း များတွင် စစ်ကောင်စီတပ်သားလည်း နေရာယူထားသည်ဟု မြို့ခံများကပြောသည်။

ထားဝယ်မြို့တွင် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်

Dawei Watch

November 14, 2024

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တွင် ယနေ့ (တန်ဆောင်တိုင်အဖိတ်နေ့ နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် ဘုရားကြီးဘဏ္ဍာတော်ထိန်း ဂေါပကက ကြီးမှူးကျင်းပသည့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့သည် ။ လှည့်လည်ပွဲကို ယမန်နှစ်ကအတိုင်း နံနက်ပိုင်းနှင့် ညနေပိုင်းခွဲကာ ယခင်လမ်းကြောင်းအတိုင်း လှည့်လည်မည်ဖြစ်သည်။ ဘုရားလှည့်လည်ရာ လမ်းကြောင်းရှိ တိုင်းအစိုးရရုံး ၊ ကမ်းနားပန်းခြံ ၊ ညောင်ပင်ကြီးလမ်းဆုံ စသည့် လမ်းဆုံ နေရာများတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားပြီး ဘုရားလှည့်ရာတွင်လည်း အရပ်ဝတ်ဖြင့် လုံခြုံရေးယူနေသည့် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ဟု မြို့ခံဘုရားဖူးများက ဆိုသည် ။ ဘုရားလှည့်လိုက်သည့် ဥပသကာများတွင်လည်း လူငယ်ပိုင်းနည်းပြီး ကလေးများနှင့် သက်ကြီးပိုင်း အမျိုးသားများသာ ပါဝင်သည်ကိုလည်းတွေ့ရသည် ။

မြိတ်မြို့တွင် လှည့်လည်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဘုရားငါးဆူကွင်း၌  အပူဇော်ခံ

Dawei Watch

November 13, 2024

မြိတ်မြို့တွင် တန်ဆောင်မုန်းလပြည့်(နိုဝင်ဘာ ၁၅)ညတွင် လှည့်လည်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားငါးဆူကွင်းအတွင်း အပူဇော်ခံထားရှိပြီး ယခုနှစ်တွင် မြို့တွင်းလှည့်လည်မည်ဟု ဦးဆောင်ကျင်းပသည့် မြိတ်မြို့ ၊ ဗုဒ္ဓဘာသာအသင်းကြီး ထံကသိရသည် ။ ဘုရားပူဇော်ခံထားသည့်နေရာတွင် ဇာတ်ပွဲ ၊ မုန့်စျေးတန်းများ စီစဥ်ထားပြီး ပွဲတော်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အရန်မီးသတ်များအပြင် ပျူစောထီးများလည်း နေရာယူထားသည်ကို တွေ့ရကြောင်း မြို့ခံဘုရားဖူးများကဆိုသည်။ စစ်ကောင်စီက မြိတ်မြို့တွင် ညမထွက်မရအမိန့်နှင့်ပတ်သက်၍ ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ယခုနှစ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် ဇာတ်ပွဲကို နံနက်အာရုဏ်တက်အထိ ကပြဖျော်ဖြေခွင့်ပြုထားသည်ဟု မြို့ခံများထံကသိရသည်။ နှစ်ကျိပ်ရှစ်ဆူ ဘူရားများကို မြို့တွင်းမလှည့်လည်မီ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ဘုရားငါးဆူကွင်း၌ အပူဖော်ခံထားမည်ဖြစ်သည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ကျင်းပခြင်း မရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို […]

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ဘုရားပို့နေ့မြင်ကွင်းများ

Dawei Watch

November 10, 2024

ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ပင့်ဆောင်ထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် ကိုယ်စားတော်၊ ရုပ်ပွားတော်များကို ယနေ့ တန်ဆောင်မုန်းလဆန်း ၁၀ ရက် နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းကစ၍ ထားဝယ်ဘုရားကြီး အတွင်းသို့ ပြန်လည်ပို့ဆောင်နေသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ထားဝယ်ဘုရားကြီးတွင် ယနေ့ ညမှစ၍ လေးညတာ အပူဇော်ခံပြီးနောက် နိုဝင်ဘာလ ၁၄ ရက် တန်ဆောင်တိုင် အဖိတ်နေ့ နေ့ခင်းဘက်တွင် ထားဝယ်မြို့တွင်းလှည့်လည်မည်ဖြစ်သည်။ သီတင်းကျွတ်ကာလပြီးနောက် ထားဝယ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်နှင့် လူငါးဦးထက်ပိုမစုရအမိန့်တို့ကို ထပ်မံထုတ်ပြန်ထားသော်လည်း ယနေ့ဘုရားပို့ရာတွင် ဘုရားကြီးအနီးနှင့် လမ်းများတွင် စစ်ကောင်စီတပ်သာများ လုံခြုံရေး ယူထားခြင်းမရှိကြောင်း ဘုရားပို့လိုက်ပါသူများကပြောသည်။ ကိုဗစ်မတိုင်မီက ဘုရားပို့နေ့တွင် ရပ်ကွက်အသီးသီး၌ ဘုရားများကို ညလုံးပေါက်လှည့်လည်အပူဇော်ခံပြီး၍ မနက်အရုဏ်တက်ခါနီးမှသာ ဘုရားကြီးအတွင်းသို့ ပို့ဆောင်လေ့ရှိခဲ့သည်။ […]

နှစ်တစ်ရာကျော် ပုလွေရှောင်ဘုရားလှည့်ပွဲ

Dawei Watch

November 10, 2024

ထားဝယ်မြို့နယ် ၊ ရှမ္မတွင်း အုပ်စု ၊ ပုလွေရှောင်ရွာ တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် ကျင်းပသည့် ၁၀၁ နှစ်မြောက် ဘုရားလှည့်ပွဲ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ယခင်ကဲ့သို့ ပြည်ထောင်စုကားလမ်းပေါ်ရှိ ကျောက်ရပ် ၊ ဝမော် ရွာများဘက်အထိ လာရောက်လှည့်လည်ခြင်းမဟုတ်ဘဲ ရိုးရာမပျက်စေရန် ပုလွေရှောင်ရွာအတွင်း၌သာ နေ့ဘက်လှည့်လည်ခြင်းဖြစ်သည်။ ပုလွေရှောင်ဘုရားပွဲသည် ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲပြီးလျှင် ထားဝယ်ခရိုင်အတွင်း၌ သက်တမ်းအရှည်ဆုံး ဘုရားလှည့်ပွဲဖြစ်သည်။ နှစ်စဥ် ထားဝယ်ဘုရားပွဲ မကျင်းပမှီ ၄ ရက်ကြိုတင်၍ တန်ဆောင်မုန်းလဆန်း ဆယ်ရက်တွင် လှည့်လည်ကျင်းပလေ့ရှိသည်။

လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် ပြည်သူ့အာဏာ အမှတ်တံဆိပ်သင်္ကေတများ ရေးဆွဲဆန္ဒပြ

Dawei Watch

November 4, 2024

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် People Power ပြည်သူ့အာဏာ လက်သီးဆုပ် သင်္ကေတများကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်က ရေးဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်စနစ်လက်အာက်က လွတ်မြောက်ရေးအတွက် ပြည်သူလူထု ပိုင်ဆိုင်သည့် နိုင်ငံရေးအာဏာကို တည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြရန် အသိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင် (DDMSC) ထံမှ သိရသည်။

မြိတ်မြို့၊ လေးကျွန်းဆီမီး သိမ်တော်ကြီးစေတီ၏ ဝါကျွတ်နေ့​မြင်ကွင်း​

Dawei Watch

October 18, 2024

မြိတ်မြို့ ၊ လေးကျွန်းဆီမီး သိမ်တော်ကြီးစေတီတွင် ယနေ့​သီတင်းကျွတ် လပြည့်ကျော်တစ်ရက် (ဝါကျွတ်နေ့) (အောက်တိုဘာ ၁၈)​ ညပိုင်း၌ ဘုရားဖူးလာသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ယနေ့ မိုးအနည်းငယ်ရွာနေသော်လည်း ဘုရားဖူးများ လာရောက်နေကြသည်ဟု ဘုရားဝေယျာဝစ္စ လုပ်သူများကဆိုသည်။ လပြည့်နေ့ကလည်း ညနေပိုင်းတွင် မိုးလေကင်းစင်၍ ဘုရားဖူးများဖြင့် စည်ကားခဲ့သော်လည်း ညပိုင်းတွင် မိုးသည်းသဖြင့် ဘုရားဖူးလာရောက်သူနည်းသွားသည်ဟု ၎င်းတို့ကဆက်ပြောသည်။ မြိတ်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဝတ်အသင်းပေါင်းစုံ ရွတ်ဖတ်သည့် အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကိုလည်း သီတင်းကျွတ်လဆန်း ၁၂ရက်မှ လပြည့်နေ့အထိ ​လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ တွင်ပြုလုပ်ခဲ့သေးသည်။