မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် UFC ပထမဆုံးပွဲကို အနိုင်ရရှိ
Dawei Watch
June 25, 2023ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရခဲ့သည့် ပွဲစဉ်ကို အနိုင်ရလဒ်ဖြင့် အစပြုလိုက်နိုင်ပြီဖြစ်သည်။ ဂျိုရွှာဗန်သည် မြန်မာပြည်ဖွားများအနက်မှနေ၍ UFC ကို ပထမဆုံး ထိုးသတ်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး One Championship ကြယ်ပွင့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းတို့၏ဝန်းရံမှု၊ အားပေးမှုတို့ကိုလည်း ရရှိထားသူဖြစ်သည်။ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် ၎င်း၏ပထမဆုံး UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်ကို ကာဇက်စတန်နိုင်ငံသား ဇူမာဂူလော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်ပြီး အကြိတ်အနယ် အပြန်အလှန် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ဂျိုရွှာဗန်နှင့် ဇူမာဂူလော့ဗ်တို့သည် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ထားသောပွဲချီပြည့်သည်အထိ တစ်ဦးကို တစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့သည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူရာတွင် အမှတ်ပေးဒိုင်လူကြီးများက ဂျိုရွှာဗန်ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသော ဂျိုရွှာဗန်သည် […]