၁၀၂၇ စစ်ဆင်ရေး ကြိုဆိုကြောင်း လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်
Dawei Watch
November 11, 2023၁၀၂၇ စစ်ဆင်ရေး ကြိုဆိုသည့် အနေဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ၁၁ လပိုင်း ၁၁ ရက်နေ့ နေ့လယ်တွင် ပြုလုပ်ခဲ့သည်။ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။