နှစ်သစ်ကူးည လောင်းလုံးသပိတ်
Dawei Watch
January 1, 2024ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်၍ နှစ်သစ်ကိုကြိုဆိုသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညတွင် ပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်၍ နှစ်သစ်ကိုကြိုဆိုသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညတွင် ပြုလုပ်ခဲ့သည်။
လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ရှိနေခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော လေးသွန်းခံရွာမှ နေအိမ် ၁၁ လုံးခန့် မီးရှို့ခံခဲ့ရသည်။
နတ်ပွဲကျင်းပသည့်အချိန် ရောက်လာသည့်နှင့်အညီ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာတွင်လည်း ရွာရှင်နတ်ပူဇော်ပွဲကို ယနေ့ကျင်းပခဲ့ကြသည်။ အာဏာမသိမ်းခင်က စည်းစည်းကားကားကျင်းပလေ့ ရှိသော်လည်း ယခုတွင်တော့ အကျဉ်းချုံးသာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ရွာရှင်နတ်ပွဲ ကျင်းပသည့်အိမ်တွင် ထမင်းဟင်း၊ မုန့်ပဲသရေစာများချက်ပြုတ်ကာ ကွမ်းသီးပင်မှရသည့် ဘုတ်ဖတ်ကို ပန်းကန်အဖြစ် အသုံးပြုစားသောက်ကြခြင်းဖြစ်သည်။ ကွမ်းသီးပင်ဘုတ်ဖတ်ကို ထမင်းဟင်း၊ မုန့်ပဲသရေစာများထည့်ပြီး စားသုံးကြသည်မှာ ကျွဲခြံရွာ၏ ဓလေ့လိုပင်ဖြစ်နေပြီဖြစ်သည်။ အာဏာမသိမ်းခင်ကမူ ကျွဲခြံရွာ ရွာရှင်နတ်ပူဇော်ပွဲတွင် ဝက်ဆီတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲ စသည့် အားကစားပွဲများကို ထည့်သွင်းပြီး ၃ ရက်မှ ၄ ရက်အထိကျင်းပကြသည်။ ကျွဲခြံရွာသည် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲတွင်တည်ရှိပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်သည်။
ထားဝယ်မြို့၊ လှိုင်းခတ်သံပန်းချီပြခန်းတွင် ဒေသခံပန်းချီဆရာ ၈ ဦး၏ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာ ကျင်းပနေသည်။ ပြပွဲတွင် ပန်းချီကားရောင်းချခြင်းနှင့်အတူ လက်တွေ့ပန်းချီ ရေးဆွဲပြခြင်းများလည်း ထည့်သွင်းပြုလုပ်နေသည်။ ယခုပန်းချီပြပွဲသည် ကိုဗစ်ကပ်ဘေးကာလနောက်ပိုင်း ထားဝယ်မြို့တွင် ပထမဆုံးပြန်လည်ကျင်းပသည့် ပန်းချီပြပွဲ ဖြစ်သလို လှိုင်းခတ်သံပန်းချီပြခန်း၏ ပွဲဦးထွက်ပန်းချီပြပွဲလည်းဖြစ်သည်။
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်၊ ညက ပြည်တွင်း၊ ပြည်ပ နှင့် နယ်စပ်ဒေသရှိ ကရင်တေးသံရှင်များစွာပါဝင်သည့် Karen Music Festival တေးဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။
၁၀၃နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဘဝသစ်ပြည်သူ့အခြေပြုပညာရေးကျောင်း နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်း၌ လေကြောင်းအန္တရာယ် ကာကွယ်ရေးသင်တန်းများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။ ‘အာဏာရှင်စနစ် အဆုံးသတ်က၊ လူထုသာလျှင် အဓိက’ စာသားပါဘန်နာကိုင်ကာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ချီတက်ခဲ့ကြသည်။