BREAKING
February 22, 2025

ဓာတ်ပုံ သတင်း

ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲကျင်းပ

Dawei Watch

February 12, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၂) တပို့တွဲလပြည့်ည၌ ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပခဲ့ကြသည်။ ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲများကို ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် တပို့တွဲလပြည့်ည၌ နှစ်စဉ်ကျင်းပလေ့ရှိရာတွင် ကိုဗစ်ကာလမှစတင်ကာ ရပ်နားထားခဲ့သော်လည်း ယမန်နှစ် ၂၀၂၄ ခုနှစ်မှစကာ ပြန်လည်ကျင်းပခဲ့ကြသည်။ ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။

ထားဝယ်မြို့က ဟိန္ဒူဘာသာဝင်များ၏ သိုက်ရ်ပူးဆွမ်းပွဲတော်

Dawei Watch

February 11, 2025

ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်ရှိ စရီးစူပဠာမဏီး ဟိန္ဒူဘုရားကျောင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၁) နံနက်ပိုင်းက သိုက်ရ်ပူးဆွမ်း အပ်ထိုးပွဲတော်ကို ကျင်းပခဲ့သည် ။ ကိုဗစ်ကာလကတည်းက ထားဝယ်မြို့တွင် လှည့်လည်အပူဇော်ခံခြင်းမပြုတော့သည့် စရီးစူပဠာမဏီးဟိန္ဒူ ဘုရားကို ယခုနှစ်တွင် ထားဝယ်မြို့တွင်း ပြန်လည်လှည့်လည် အပူဇော်ခံခဲ့သည် ။ လှည့်လည်အပူဇော်ခံရာတွင် ဘုရားလှည်းများသာပါဝင်ပြီး ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားလှည့်ပွဲကဲ့သို့ ပဒေသာပင်ကား ၊ ဖျော်ဖြေရေးယာဥ် များမပါဝင်သလို ပါဝင်ဆင်နွှဲသူလည်း နည်းပါးကြောင်းတွေ့ရသည် ။ ဘုရားမလှည့်မီ ဖေဖော်ဝါရီလ ၆ ရက်မှစ၍ ဘုရားကျောင်းတွင် ပူဇော်ပွဲ ၆ ရက် ကျင်းပခဲ့သေးသည် ။ သိုက်ရ်ပူးဆွမ်းပွဲတော်ကို ဟိန္ဒူကျမ်းဂန်လာအရ စရီးစူပဠာမဏီး ဘုရား မှ ဆုရပဒမ်း အသူရာကို နှိမ်နင်းအောင်မြင်တော်မူခြင်း အထိမ်းအမှတ်ဖြင့် ကမ္ဘာနိုင်ငံအသီးသီးရှိ ဟိန္ဒူဘာသာဝင်များ […]

နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် သရက်ချောင်းတွင် ချီတက်ဆန္ဒပြ

Dawei Watch

February 1, 2025

သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁)​ မနက်ပိုင်းတွင် “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်​ဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည် ။ လောင်းလုံးမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် လူထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြခဲ့ကြသည် ။

ဘန်ကောက်၊ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် လက်မခံကြောင်း ဆန္ဒထုတ်ဖော်

Dawei Watch

February 1, 2025

စစ်အာဏာသိမ်းကာလ လေးနှစ်ပြည့်သည့် ယနေ့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်မခံကြောင်း ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲကို ထိုင်းတက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် Milk Tea Alliance အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “အရေးတော်ပုံအောင်ရမည်” “စစ်အာဏာသိမ်းမှု အလိုမရှိ” စသော ဘန်နာများဖြင့် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ အတူတကွ စစ်ကောင်စီကို ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြင် ထိုင်းရောက်မြန်မာနိုင်ငံသားများအပေါ် အမုန်းတရား ဖြန့်ဝေမှုများ မပြုလုပ်ကြရန်လည်း တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

လောင်းလုံးတွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် လူတစ်‌ထောင်ခန့် လမ်းလျှောက်ဆန္ဒထုတ်ဖော်

Dawei Watch

February 1, 2025

နွေဦးတော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလမ်းလျှောက်ချီတက်ပွဲကို လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် အဆိုပါလမ်းလျှောက်ပွဲတွင် ဒေသခံတစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့သည်။ “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ဆိုသော ဘန်နာကိုင်ဆွဲပြီး ၆ မိုင်ကျော်အကွာအဝေးကို လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုအတွင်း နွေဦးတော်လှန်ရေး‌လေးနှစ်ပြည့် အထိမ်းအမှတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာများတွေရွတ်ဖတ်ခြင်း စသည်တို့ကို ထည့်သွင်းပြုလုပ်ခဲ့သည်။

နှစ်သစ်တွင် စည်ကားစပြုလာသော မောင်းမကန်ကမ်းခြေ

Dawei Watch

January 6, 2025

စစ်အာဏာသိမ်းပြီးချိန်မှစကာ တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် ခြောက်ကပ်နေသော မောင်းမကန်ကမ်းခြေမှာ နှစ်သစ်ကူးကာလအလွန်တွင် ခရီးသွားများဖြင့် ပြန်လည်စည်ကားလာနေ‌သည်။ ယင်းကြောင့်မောင်းမကန်ကမ်းခြေ၏ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်နေ့ မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။ ဒီဇင်ဘာလ ၁ ရက် နှစ်သစ်ကူးနေ့‌မှစပြီး မောင်းမကန်ကမ်းခြေနှင့် ကမ်းခြေအနီးရှိ ရေပူစမ်းသို့ လာရောက်လည်ပတ်သူ သိသိသာသာ များပြားလာနေကြောင်း ဒေသခံများကပြောသည်။ နှစ်သစ်ကူးနေ့နောက်ပိုင်း စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လာရောက်သူပိုများပြီး အခြားနေ့တွင်မူ အနည်းငယ်သာရှိသည်ဟုဆိုကြသည်။ အာဏာသိမ်းချိန်မှစကာ နာမည်ကျော်မောင်းမကန်ကမ်းခြေတည်ရှိရာ မောင်းမကန်ရဲစခန်းမှာ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ကလည်း အနီးအနားသို့ စစ်ကြောင်းထိုးနေသဖြင့် ကမ်းခြေသို့အပန်းဖြေ လာရောက်လည်ပတ်သူ မရှိခဲ့ပေ။

လောင်းလုံးမြို့နယ်က နှစ်သစ်ကူး ညသပိတ်

Dawei Watch

December 31, 2024

စစ်ရေးတင်းမာနေသည့် လောင်းလုံးမြို့နယ်တွင် နှစ်သစ်ကူး ညသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ထားသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် ညသပိတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားကြသူများကို ဆုတောင်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့အောက်ဖက်ကျေးရွာများ အနီးရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီတပ် စစ်‌သင်္ဘောများကို နေရာအနှံ့ချထားသည်။

တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတွင် ကရင်အမျိုးသားအလံကြီးကို ဝါးဖြင့် ဖန်တီးပြသ

Dawei Watch

December 30, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးတွင် ကျင်းပပြုလုပ်နေသည့် ၃၃ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် ယခုနှစ် ရိုးရာဝါးလက်မှုသင်္ကေတရုပ်အဖြစ် ကရင့်အမျိုးသားအလံကြီးကို ပြုလုပ်ထားကြောင်း ဖန်တီးပြုလုပ်ထားသူများထံက သိရသည်။ အဆိုပါအလံကြီးကို ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဒီဇိုင်းနှင့်အချိုးအစား ရေးဆွဲ၍ ဝါးလက်မှုပညာရှင်ဦးစောထွန်းခလုံနှင့် တောင်ကလေးဒေသခံများ စုပေါင်းကာ ဒီဇင်ဘာလ ၈ ရက်မှ ၂၆ ရက်အထိ ၁၉ ရက်တာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က တောင်ကလေး နှစ်သစ်ကူးကွင်းတွင် ဝါးလက်မှုဖြင့်ပြုလုပ်ထားသည့် ကရင်အမျိုးသားအလံကြီးကို နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် ဖွင့်ပွဲပြုလုပ်ခဲ့သည်။ ယင်းအလံကြီ ၏ အမြင့်သည် ၅၂ ပေ ၊ အလျား ၇၄ ပေ ရှိပြီး ဝါး၊ သံ ၊ ပလပ်စတစ်ကြိုး ၊ သင်္ကန်းအဟောင်း […]