BREAKING
March 3, 2025

ထားဝယ်

ဇမ္ဗူသီရိ အရေးပေါ်ဖုန်း ဆက်သွယ်ရခက်သဖြင့် ဖုန်းနံပါတ်အသစ်ထုတ်ပြန်

Dawei Watch

December 27, 2023

အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဖြစ်သည့် ဇမ္ဗူသီရိအဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်မှာ ခေါ်ဆို ဆက်သွယ်ရခက်ခဲနေသဖြင့် အရေးပေါ် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်အသစ် အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။ အရေးပေါ်ဖြစ်လာပါက ဆက်သွယ်နိုင်မည့် ဇမ္ဗူသီရိအဖွဲ့၏ မူလအရေးပေါ် ဖုန်းနံပါတ်ဖြစ်သော ၀၉၄၉၁၀၀၁၅၆ အစား ၀၉၂၅၁၁၄၂၁၅၅ ဖုန်းနံပါတ်သို့‌ ပြောင်းလဲခေါ်ဆိုရန် ယင်းအဖွဲ့ ထုတ်ပြန်သည်။ ယခုရက်ပိုင်းအတွင်း မူလအရေး‌ပေါ်ဖုန်းနံပါတ်မှာ ခေါ်ဆိုမရသည့် အခက်အခဲများဖြစ်ပေါ်နေသောကြောင့် ဖုန်းနံပါတ် ပြောင်းလဲ အသိပေးရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “၄၉နဲ့ စတဲ့ ဖုန်းနံပါတ်တချို့ ခေါ်ဆိုမရဖြစ်နေတာကြောင့် ပြောင်းလိုက်တာ” ဟု ၎င်းက ပြောဆိုသည်။ မူလအရေးပေါ်ဖုန်းလိုင်း ပြန်လည်ကောင်းမွန်လာပါက ဖုန်းနှစ်လုံးစလုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဇမ္ဗူသီအဖွဲ့သည် ထားဝယ်ခရိုင်အတွင်းရှိ သဘာဝဘေးကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာများကို မြို့နယ်အ‌ခြေစိုက် အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကူညီသယ်ဆောင်ပေးနေသည့် […]

ထားဝယ်မြစ်အနောက်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

December 27, 2023

ထားဝယ်မြစ်၏အ‌နောက်ဘက် တောစပ်အနီးတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၈ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကလေးငယ်မှာ အခြားကလေးများနှင့်အတူ ကဘူရွာ၏အနောက်ဘက် သင်္ချိုင်းအနီး တောစပ်တစ်နေရာတွင် ကစားနေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပေါက်ကွဲသံ တစ်ချက်တည်း ကြားရတယ်။ သိပ်တော့မကျယ်ဘူး” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အဆိုပါကလေးငယ်မှာ လည်ပင်းတစ်ဝိုက် ပြင်းထန်ဒဏ်ရာရပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။

KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည့် PDF ၁၀ဦး တစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

Dawei Watch

December 26, 2023

KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည့် PDF ရဲဘော် ၁၀ ဦးမှာ သီတင်းတစ်ပတ်ကျော်လာသည်အထိ ပြန်မလွတ်လာ သေးကြောင်း ဖမ်းဆီးထိန်းသိမ်းခံရသည့်တပ်ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။ ဒီဇင်ဘာလ ၁၈ရက်က ရေးမြို့နယ်ဘက်မှ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သို့ ပြန်ဝင်လာသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးက ရဲဘော် ၁၀ ဦးကို လက်နက်နှင့်အတူ KNU တပ်မဟာ ၄ က ဖမ်းဆီးထားခြင်းဖြစ်ကြာင်း ၎င်းတို့၏ ပြောဆိုချက်များအရ သိရသည်။ ထားဝယ်ခရိုင်တပ်ဦးက ရဲဘော်များကို KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၀ က လမ်းခရီးတွင် ခေါ်ယူစစ်ဆေးရာ ကျောပိုး အိတ်ထဲတွင် ကော်သူးလေတပ်မတော် KTLA အမှတ်တံဆိပ်နှစ်ခုတွေ့ရှိသဖြင့် တပ်ဦးသည် KTLA၏ […]

လောင်းလုံး မီးသတ် တစ်ဖွဲ့လုံးနီးပါးပြောင်းရွှေ့

Dawei Watch

December 26, 2023

လောင်းလုံးမြို့ပေါ် တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် လောင်းလုံးမြို့နယ် မီးသတ်တပ်ဖွဲ့ တစ်ဖွဲ့လုံး နီးပါးပြောင်းရွှေ့ သွားကြောင်း မြို့ခံများထံမှ သိရသည်။ ဝန်ထမ်းများသည် အသုံးအဆောင်ပစ္စည်းများ၊ မီးသတ်ယာဉ်များကို ယူဆောင်၍ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ထားဝယ်မြို့ဘက်ကို ပြောင်းရွှေ့သွားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ “မီးသတ်ကားတွေရော ကယ်ဆယ်ရေးလှေတွေပါ အကုန်တင်သွားကြတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းသို့ပြောင်းရွှေ့ရခြင်းမှာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ လုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့ထားရခြင်းဖြစ်ပြီး လောင်းလုံးမြို့ပေါ် တွင် မီးသတ်ယာဉ် နှစ်စီး ထားခဲ့‌ သေးကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိက လုံခြုံရေးကြောင့်ပါ။ ထားဝယ်ရုံးမှာပဲ တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုတွေကို ခေါ်ထားပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ ဒီဇင်ဘာလ […]

ရေဖြူ ခမရ ၄၀၆ တပ်ရင်းသို့ တပ်ပြောင်းပစ္စည်းလာပို့သည့်ကားကို PDF များ ဖမ်းဆီး

Dawei Watch

December 25, 2023

ရေဖြူမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၄၀၆ ခြေမြန်တပ်ရင်းသို့ တပ်ပြောင်းပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးကို ရေး – ထားဝယ် ကားလမ်းပိုင်းတွင် ဖမ်းမိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ၊ ဒုစစ်ဒေသကွပ်ကဲရေးမှူးရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါကားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ရေးမြို့နယ် ၊ ကမော့ကနင်ရွာနှင့် အောင်သာယာ ရွာကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရန်ကုန်တိုင်း၊ အင်းစိန်နှင့် တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အသက်၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် နှစ်ဦးတို့ကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းမိသည့် လိုက်ထရပ်ကားတွင် စစ်ယူနီဖောင်း၊ […]

ထားဝယ် ပျားသားချောင်းရွာက အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

December 22, 2023

ထားဝယ်အရှေ့တောဒေသ ပျားသားချောင်းကျေးရွာက အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဆုံးရှုံးကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသမီးမှာ ဒီဇင်ဘာလ ၁၈ ရက်က ၎င်း၏အမျိုးသားနှင့်အတူ တောင်ယာစပါးသွားရိတ်ပြီး ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ပျားသားချောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့ယောက်ျားကတော့ မထိဘူး။ မိန်းမပဲထိတာ။ ထိတာက‌ခြေကျင်းဝတ်မှာဖြစ်တာ။ သူ့ယောကျ်ားက ကျောပိုးပြီး ပြန်ခေါ်လာတယ်။ ထားဝယ်ဆေးရုံကြီးမှာပေါ့နော်၊ ခြေကျင်းဝတ်ကနေ ဖြတ်လိုက်ရတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။ မိုင်းထိသည့်နေရာသည် ကျေးရွာနှင့် ၁ မိုင်ခန့်သာဝေးပြီး တောင်ယာထဲသွားသည့် လူသွားလမ်းတွင် ဖြစ်ပွားခဲ့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုတောင်မှ ပြောနေကြတယ်။ ပလောပီနံဥလေး စားချင်တာတောင်မှ တောင်ယာထဲ မသွားရဲဘူးလို့၊ ခြေထောက်တစ်ဖက် ပေးလိုက်ရမှာ စိုးလို့ဆိုပြီး ထိုင်ပြီးပြောနေကြတယ်။ အားလုံးကတော့ ကြောက်နေကြတယ်ပေါ့နော်” ဟု […]

ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေး ကော်မတီဝင်၏နေအိမ်ကို ကော်သူးလေတပ်က မီးရှို့ဟုဆို

Dawei Watch

December 22, 2023

ထားဝယ်မြို့နယ်၊ ဖောင်းတောကျေးရွာမှ ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦး၏ နေအိမ်ကို ကော်သူးလေတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ၎င်းမှာ ဖောင်းတောကျေးရွာ၏ ရပ်မိရပ်ဖဖြစ်ပြီး ရွာမှရှောင်တိမ်းနေထိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ KNU တပ်မဟာ ၄ နှင့် ပတ်သက်မှုကြောင့် နေအိမ်ကို မီးရှို့တာဖြစ်နိုင်ကြောင်း အိမ်မီးရှို့ခံရသော ကစယ်ဒိုမြို့နယ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားကဆိုသည်။ “KTLA က လာရှို့သွားတာ၊ ဘာကြောင့်ရှို့လဲဆိုတာတော့မသိဘူး၊ ၈ ယောက် လာရှို့သွားတယ်လို့ ပြောတယ်” ဟု ၎င်းကရှင်းပြသည်။ ယင်းအိမ်နှင့် ဘေးချင်းကပ်လျက်က အကိုဖြစ်သူ၏ နေအိမ်လည်း မီးလောင်ခဲ့သဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဖောင်းတောရွာက အမျိုးသားတစ်ဦးက ပြောသည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော်သူးလေဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ အောက်တိုဘာလကလည်း […]

တိုက်ပွဲဖြစ်ပွားလာသဖြင့် လောင်းလုံးမြို့အနီးက ကျေးရွာဒေသခံများ ပြောင်းရွှေ့

Dawei Watch

December 22, 2023

လောင်းလုံးမြို့အနီး ကျေးရွာတို့တွင် စစ်ရေးတင်းမာနေသဖြင့် အနီးနားက ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့နေရကြောင်း စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့နှင့် စစ်ပြဲကျေးရွာကြားတောထဲတွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီကျော်က ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ဆိုသည်။ “(စစ်ပြဲ) စမ်းသပြေရိပ်သားနားက တောထဲကို လက်နက်ကြီးတွေလာကျတယ်။ အခုဆိုရွာထဲမှာ နေလို့မရဲကြလို့ ပြောင်းတဲ့သူကပြောင်း ဖြစ်နေကြပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ပြဲအနောက်ပိုင်း စမ်းသပြေရိပ်သာအနီးရှိ နေအိမ်များကြားထဲ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်းဆိုသည်။ ‌လူနှင့်နေအိမ်ထိခိုက်မှုမရှိကြောင်းဒေသခံတို့ကဆိုသည်။ သို့သော် စစ်ကောင်စီတပ်က တိမ်းရှောင်နေရသဖြင့် လူမရှိသည့်နေအိမ်များထဲဝင်ရောက်မွှေနှောက်‌ရှာဖွေယူဆောင်သွားပြီး ပရိဘောဂပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်းပြောဆိုသည်။ “ပစ်တာ သူတို့( စစ်ကောင်စီတပ်) တစ်ဖက်တည်းပစ်တာ။ ပစ်ပြီးတာနဲ့ အိမ်တွေထဲဝင်ပြီး လိုချင်တာအကုန်ယူသွားကြတယ်” ဟု ပစ်ခတ်မှုဖြစ်သည့်နေရာအနီးက […]