BREAKING
March 3, 2025

ထားဝယ်

မောင်းမကန်လမ်းတွင် သုံးဘီးအချင်းချင်းတိုက်မိပြီး လေးဦးဒဏ်ရာရ

Dawei Watch

December 31, 2023

လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်း တောရှည်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က သုံးဘီးယာဥ်နှစ်စီးတိုက်မိပြီး လေးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန်ကမ်းခြေဘက်မှ အုန်းသီးများ တင်ဆောင်လာသော သုံးဘီးယာဉ် ဘရိတ်ပေါက်၍ ထားဝယ်မြို့ဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ဆောင်လာသော သုံးဘီးကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ဆောင်လာသော သုံးဘီးယာဥ်မောင်း အပါအဝင် လေးဦး ဒဏ်ရာရခဲ့ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောဆိုသည်။ “တောင်အဆင်းဆိုတော့ ဘရိတ်ပေါက်ပြီး ဝင်တိုက်မိကြတာ။ အုန်းသီးတင်ထားတဲ့ သုံးဘီးမောင်းသမား လင်မယားကတော့ ဘာမှမဖြစ်ဘူး ။ နောက်တစ်စီးမှာပဲ လေးယောက်လောက် ဒဏ်ရာရတယ်။ သုံးဘီးမောင်းသမားနဲ့ ဘေးမှာ ထိုင်လိုက်လာတဲ့ ကောင်လေးတစ်ယောက်မှာတော့ လက်နဲ့ခြေထောက်မှာ နာတာများတယ်” ဟု ၎င်းက ပြောသည်။ ဒဏ်ရာရသူများကို […]

စစ်ကောင်စီက ဖမ်းသွားသည့် လောင်းလုံးဒေသခံ ခေါင်းဖြတ်သတ်ခံရ

Dawei Watch

December 30, 2023

စစ်ကောင်စီက ဖမ်းသွားသည့် လောင်းလုံးဒေသခံတစ်ဦးမှာ ခေါင်းဖြတ်အသတ်ခံထားရပြီး စစ်ပြဲရွာ အရှေ့ဘက် လယ်ကွင်းစပ် ရေကန်ထဲတွင် လာရောက်ပစ်ထားသည်ကို ယနေ့မနက် (ဒီဇင်ဘာ ၃၀)ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံများကပြောသည်။ ခေါင်းမရှိသည့် ခန္ဓာကိုယ်ပိုင်းကို ကွန်ကရစ်တိုင်တွင် ကြိုးနှင့်ချည်ပြီး ရေကန်ထဲသို့ ပစ်ချထားသည်ကို ဒေသခံများကတွေ့ခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူမှာ စစ်ပြဲကျေးရွာအုပ်စု၊ပိန်းရှောင်ရွာ စာသင်ကျောင်းအနီး နေထိုင်သူ အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိ မောင်တိုးနိုး ဆိုသူဖြစ်ကြောင်း ‌သိရသည်။ မောင်တိုးနိုးသည် နာတာရှည် တီဗီရောဂါခံစားနေရသူ တစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်စဉ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ “သူက အိမ်မှပဲနေတယ်။ ကျန်းမာရေး မကောင်းဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီက မောင်တိုးနိုးနှင့်အတူ ဖမ်းဆီးသွားသည့် စပါးသယ်နေသော အမျိုးသားသုံးဦးကိုလည်း ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။ […]

ရေဖြူတွင် ရော်ဘာခြံအလုပ်သမားတစ်ဦး ကြိတ်စက်အတွင်း ဆံပင်ညပ်ပါပြီးဒဏ်ရာရ

Dawei Watch

December 30, 2023

ရေဖြူမြို့နယ်၊ မိုင် ၄၀ ရွာရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ရော်ဘာအပြားကြိတ်စက်အတွင်းသို့ ဆံပင်ညပ်ပါပြီး ဦးခေါင်းတွင်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှသိရသည်။ “ အရင်တစ်ယောက်နဲ့ ဖြစ်တဲ့ပုံစံချင်းကအတူတူပဲ။ အရင်တစ်ယောက်ကတော့ မျက်နှာအရေပြားပါသွားတယ်။ အခုတစ်ယောက်ကတော့ မျက်နှာမထိဘူးပေါ့။ နှစ်ယောက်စလုံး ကတော့ ဦးခေါင်အရေခွံကွာသွားတယ်။ ဂုတ်အနားအထိလှန်သွားတယ်“ ဟု အရေးပေါ် ကူညီဆောင်ရွက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။ ဖြစ်စဥ်ဖြစ်ပြီးနောက် အဆိုပါ အမျိုးသမီးကို မောရဝတီရေတပ်ဆေးရုံသို့ တင်ဆောင်လာခဲ့ပြီး ထားဝယ်ဆေးရုံသို့ တစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းကဆက်ပြောပြသည်။ ဒီဇင်ဘာလ ၁၈ ရက်ကလည်း ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ရေငံရွာတွင် အလားတူဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တစ်ဦး ရော်ဘာကြိတ်စက်အတွင်း ဆံပင်ညပ်ပါ၍ ဦးခေါင်ခွံအရေပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး […]

လောင်းလုံးက ရွာနှစ်ရွာတွင် မီးရှို့ခံရသည့်နေအိမ် ၁၀ ကျော်အထိရှိလာ

Dawei Watch

December 29, 2023

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးက ကျေးရွာနှစ်ရွာတွင် နှစ်ရက်အတွင်းမီးရှို့ခံရသည့်နေအိမ် ၁၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၂၈ ရက်ညနေပိုင်းတွင် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော စစ်‌ပြဲရွာနှင့် လေးသွန်းခံရွာက နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Dawei Watch က ရရှိထားသည့်စာရင်းအရ စစ်ပြဲရွာတွေ နေအိမ် ငါးဆောင်ခန့်၊ လေးသွန်းခံရွာ ကျောက်လုံးကြီးကွင်းတွင် နေအိမ် ၁၁ ဆောင်ခန့် မီးရှိုခံထားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို အခုရွာထဲခဏလာကြည့်တယ်။ (မီးရှို့ခံရတဲ့အထဲ) ကျွန်မတို့ အိမ်ပါပါတယ်။ ရွာထဲလည်း တစ်ယောက်မှ မလာရဲသေးဘူး” ဟု သူမကပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ […]

၂၀၂၄ ပညာသင်နှစ်အတွက် ထားဝယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းအပ်လက်ခံ

Dawei Watch

December 28, 2023

ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ်ကို နတ်တော်လဆန်း ၁ ရက်နေ့ (ဒီဇင်ဘာလ ၁၃ ရက်)မှ စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း မော်ကွန်းထိန်းဆရာတော် ဦးစိန္တိတ ထံမှသိရသည်။ ယခုပညာသင်နှစ်တွင် အခြေခံဒီပလိုမာ P.A.B.E အတန်းကို စတင်တက်ရောက်သင်ကြားမည့် ကျောင်းသားအသစ် ၁၀ ဦးအထိ လက်ခံထားပြီးဖြစ်ကြောင်း ဆက်လက်လာရောက် အပ်နှံနိုင်ကြောင်း ဆရာတော်ကဆိုသည်။ ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓစာပေအပြင် အင်္ဂလိပ်၊ပါဠိ၊သက္ကတ၊ဘာသာ ဗေဒစာပေများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မော်ကွန်းထိန်းဆရာတော်မိန့်ကြားသည်။ “ကျောင်းကတော့ လက်ခံနေပါပြီ ကျောင်းဖွင့်ရက်ကတော့ ထုတ်ပြန်ပေးပါ့မယ်”ဟု ဆရာတော်က မိန့်သည်။ ထားဝယ်ဗုဒ္ဓ‌တက္ကသိုလ်ကို ၂၀၁၃ ခုနှစ် တွင် စတင်တည်‌ထောင်ဖွင့်လှစ်ကာ ကောလိပ်အဖြစ်မှ တက္ကသိုလ်အဖြစ်သို့ ၂၀၂၃ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ဦးစိန္တိတကရှင်းပြသည်။ ပညာသင်နှစ် ၁၀ နှစ်အတွင်း BA ဝိဇ္ဇာဘွဲ့ရ […]

လောင်းလုံးတွင် စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်ခဲ့သည့် လူငယ်တစ်ဦးသေဆုံး

Dawei Watch

December 28, 2023

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးရိုက်နှက်ခဲ့သည့် လူငယ်တစ်ဦး ဒီဇင်ဘာလ ၂၇ ရက်ည ၁၂ နာရီဝန်းကျင်တွင် ရန်ကုန်ဆေးရုံ၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် အခြားနီးစပ်သူအချို့ထံမှ သိရသည်။ ထားဝယ်မြို့ပေါ်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် ကိုကံရှိန်နှင့် မွေးစားအမေ အပါအဝင် လူ လေးဦးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့က လောင်းလုံးမြို့နယ် ဂေါ့အင်းရွာသို့ အလည်သွားချိန် ရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တွေ့ကြောင်း ၎င်း၏ မိခင်အရင်းဖြစ်သူက ပြောသည်။ ယင်းသို့ တွေ့ချိန်တွင် ထွက်ပြေးကြရာ အခြားသူများက လွတ်မြောက်သွားသော်လည်း ကိုကံရှိန်ကိုမူ စစ်ကောင်စီတပ်က ဖမ်းမိသွားကြောင်း ၎င်းက ဆိုသည်။ “သူတစ်ယောက်တည်းဖမ်းမိမှပဲ သေနတ် (ဒင်) နဲ့ ထု သတ်တယ်ရှင်။ အိမ်နားကလူတွေက ဖုန်းခေါ်ပြီး သားတော့ […]

ဆင်ဖြူပြင်ရွာက လှေလုပ်သားတစ်ဦး ပစ်ခတ်ခံရပြီးဒဏ်ရာရ

Dawei Watch

December 27, 2023

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာက လှေလုပ်သားတစ်ဦး ဒီဇင်ဘာလ၂၅ ရက် ညသန်းခေါင်ကျော်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၅ နှစ်ခန့်ရှိ ကိုဝေယံစိုးသည် ဆင်ဖြူပြင်ဆိပ်ကမ်းက လှေထဲတွင် အိပ်ပျော်နေရာမှ နိုးလာသည့်အချိန် ရွာထဲဝင်ရန် ထွက်လာစဉ် ဆိပ်ကမ်းတွင် ကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “လှေရှင်ပြောတာက သူကအရက်မူးပြီးလှေပေါ်မှာ အိပ်ကျန်ခဲ့တာလို့ပြောတယ်။ နိုးလာတော့ အိမ်ပြန်မယ်ဆိုပြီး ထွက်လာတဲ့ အချိန်မှာ ပစ်ခတ်ခံရတာလို့ သိရတယ်။ ည ၁ နာရီလောက်ရှိပြီပေါ့နော်” ဟု ဆင်ဖြူပြင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေနတ်ဒဏ်ရာတစ်ချက်မှာ ချိုင်းအောက်က ဖောက်ဝင်သွားပြီး သရက်ချောင်းဆေးရုံကတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ထားသည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ပြောသည်။

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

December 27, 2023

စစ်ကောင်စီတပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံတို့က ပြောသည်။ “အခုက ဘာဖြစ်လာမယ် မှန်းလို့လည်း မတတ်ဘူး။ ဘယ်နေရာမှာ ဘယ်အချိန် တိုက်ပွဲထဖြစ်မလည်းပဲ စိုးရိမ်နေရတယ်။ လယ်ထဲမှာလည်း စပါးတွေသိမ်းလို့ မပြီးကြသေးဘူး” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က လောင်းလုံးအောက်ဘက်လည်းဖြစ် ထားဝယ်မြစ်ကမ်းဘေးလည်းဖြစ်သည့် ဝေဒီကျေးရွာ၊ ကညုံကျွန်း ကျေးရွာတို့ကို ရေလမ်းဖြင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကညုံကျွန်းရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်လည်း တပ်စွဲထားလိုက်သည့်အပြင် ရွာအနီး ထားဝယ်မြစ်ထဲတွင်လည်း လှေများဖြင့် စစ်ကောင်စီတပ်က နေရာယူထားကြောင်း ၎င်းတို့က ဆိုသည်။ ထို့အပြင် လွန်ခဲ့သည့် သုံးရက်ခန့်ကစပြီး စစ်ပြဲ၊ ညင်းမော်ကျေးရွာတို့သို့ ခြေလျင် စစ်ကြောင်းတစ်ကြောင်း ရောက်ရှိနေကြာင်း […]