လောင်းလုံးတွင် စစ်ကြောင်းကဖမ်းခေါ်ပြီးနောက် ပြန်လွှတ်လိုက်သည့်လူငယ်တစ်ဦးကို သေဆုံးလျက်ပြန်တွေ့
Dawei Watch
January 7, 2024လောင်းလုံးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် လူငယ်အမျိုးသားတစ်ဦးကို ယနေ့ ဇန်နဝါရီလ ၇ရက် ညနေပိုင်းတွင် သေဆုံးလျက်ပြန်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ညနေ ၄နာရီခန့်တွင် လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာအုပ်စု၊ ရပ်သိမ်ရွာ ဘုရားတောင်အနီး ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေသွားတာက ရက်တော်ကြာပြီထင်တယ်။ လိုက်ရှာနေကြတာပါပဲ။ ဒီနေ့မှပြန်တွေ့တာ” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူမှာ လေးသွန်းခံရွာသား အသက်၂၆ နှစ်အရွယ်ရှိ ကိုညီငယ် (ခေါ်) ကိုလှမျိုးထွန်းဆိုသူဖြစ်သည်။ လောင်းလုံးသို့ စစ်ကြောင်းထိုးစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့က လေးသွန်းခံရွာအနီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကိုလှမျိုးထွန်း အပါအဝင် ဖမ်းဆီးထားသူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဇန်နဝါရီလ ၂ […]