သရက်ချောင်း၊ ရငဲရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်လုံးမီးလောင်ပျက်စီး
Dawei Watch
January 11, 2024သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင် ပျက်စီးသွားကြောင်း ယင်းကျေးရွာက စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ပြောသည်။ ရငဲရွာ အနီးဝန်းကျင်ရှိ ကမြိုင်ရွာ အရိုးအိုးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ခြောက်လုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းအနက် လက်နက်ကြီးကျည် တစ်လုံးမှာ ရငဲရွာအစွန်ဘက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အိမ်မှာတော့ လူမနေတာကြာပြီ။ ဥယျာဉ်ခြံထဲကိုလည်း နှစ်လုံးကျတယ်လို့ပြောတယ်။ (စစ်ကောင်စီတပ်က) သူတို့ကတော့ လျှေက်ပစ်နေတာဆိုတော့ ရွာထဲပြန်ဝင်နေတဲ့လူတွေလည်း ကြောက်နေကြတာပေါ့” ဟု ရငဲရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ ရငဲရွာမြွေတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မစွဲတော့သည်မှာ […]