BREAKING
March 2, 2025

ထားဝယ်

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းမိ

Dawei Watch

January 16, 2024

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့(ဇန်နဝါရီ ၁၆) ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို မနေ့ နေ့လယ်ပိုင်းက ထားဝယ်မြို့ ကားဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဘက်မှ မြိတ်သို့သွားမည့် ခရီးသည်တင်ကားကိုစစ်ဆေးရာ ကားပေါ်လိုက်ပါလာသည့် ခရီးသည် ကိုရဲမင်းသူ၏ ကျောပိုးအိတ်ထဲတွင် ကာလပေါက်ဈေး ၄၄၄ သိန်းကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄၈၀၀ ခန့်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယင်းကြောင့် အသက် ၃၀ အရွယ်ရှိ ကိုရဲမင်းကို ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံထံမှ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့သေးသည်။ တနင်္သာရီတိုင်းထဲသို့ တိုင်းပြင်ပမှ သယ်ဆောင်လာသည့် […]

ရေဖြူ ဇာဒီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အလှူပွဲတွင်ပစ်ခတ်ခံရ

Dawei Watch

January 16, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ၌ ယနေ့ ကျင်းပနေသည့် အလှူပွဲတစ်ခုတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလားလားဆိုသူ ပစ်ခတ်ခံရကြောင်း ရွာသားများကပြောသည်။ အာဏာသိမ်းပြီးနောက် ဇာဒီကျေးရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာသူ ဦးလားလား ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “အလှူပွဲက အုပ်ချုပ်ရေးရုံးအရှေ့မှာပဲ။ အလှူပွဲက ထမင်းစားပြီးလို့ သိမ်းနေကြပြီ။ ထမင်းစားပြီး ပြန်အထွက်မှာ ပစ်ခံရတာ။ အုပ်ချုပ်ရေးမှူးက သူပစ်ခံရတဲ့အချိန် နာရေးအိမ်တစ်ခုရောက်နေတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ သေနတ်သမားများက ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီး ပြန်ထွက်ခွာရာ လမ်းတစ်လျှောက်တွင်လည်းသေနတ်များ ပစ်ဖောက်သွားကြောင်း ၎င်းက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးလားလား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး […]

သရက်ချောင်း မင်းဒပ်ရွာက နေအိမ်လေးလုံး လက်နက်ကြီးကျည်ထိမှန်

Dawei Watch

January 16, 2024

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်လေလုံးတွင် ကျည်စထိမှန် ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၅ နာရီခွဲ ၆ နာရီခန့်တွင် ဝင်းဝနယ်မြေရဲစခန်းဘက်က ထွက်လာသည့် အင်အား ၃၀ ကျော် ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းဒပ်၊ သိမ်ကုန်းကျေးရွာဘက်ကို လှည့်လည်စစ်ကြောင်းထိုးနေကြောင်း ဒေသခံ အချို့က ဆိုသည်။ အဆိုပါစစ်ကြောင်းသည် အော်ဟစ်ဆဲဆိုကာ မင်းဒပ်ရွာဘက်ကို ဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “သူတို့ဘာသာ အော်ဟစ်ဆဲဆိုနေတာတော့ကြားတယ်။ လက်နက်ကြီးက ဘယ်နှစ်လုံးမှန်းတော့ ကျွန်မလည်းမသိဘူး။ ပစ်တာတော့ အများကြီးပဲ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ လက်နက်ကြီးကျည်စ […]

ကလိန်အောင်တွင် ရွှေလုပ်သားသုံးဦးအသတ်ခံရမှုကို ဖြေရှင်းချက်ပေးရန် မိသားစုဝင်များတောင်းဆို

Dawei Watch

January 16, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ နတ်အိမ်တောင်ဒေသ ၊ ကျောက်လုံးကြီးရွာတွင် လက်လုပ်လက်စား ရွှေလုပ်သား အမျိုးသားသုံးဦး သတ်ဖြတ်ခံရမှုအတွက် သက်ဆိုင်သည့်အဖွဲ့က ဖြေရှင်းချက်ပေးရန် ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပန်းမချောင်း (ပင်းမချောင်း) ဘက်သို့ ရွှေကျင်ရန်သွားရောက်ပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားကြောင်း ကျန်ရစ်သူမိသားစုများဝင်များက ပြောသည်။ ပျောက်ဆုံးသွားသူ သုံးဦးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ် ဇာတိဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်လုံးကြီးရွာတွင် လွန်ခဲ့သည့် ၃ နှစ်ကတည်းက ပြောင်းရွှေ့လာကာ ရွှေကျင်သည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ ၎င်းတို့မှာ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်၊ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး (ခေါ်) ဦးသိကြားမင်းနှင့် ၎င်း၏ […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာသားတစ်ဦးကို စစ်ကောင်စီပစ်သတ်

Dawei Watch

January 13, 2024

လောင်းလုံးမြို့နယ်၊အောက်ကျောက်ဝပ်ရွာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၁၀ နာရီခန့်က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးပစ်သတ်ခံရသည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ကိုကျော်နိုင် ဆိုသူဖြစ်ပြီး အောက်ကျောက်ဝပ်ရွာသို့ စစ်ကြောင်းဝင်လာစဉ် ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ထွက်ပြေးတာနဲ့ သူကိုပစ်တာ အဲမှာသူဒဏ်ရာ ပြင်းပြင်းထန်ထန်ရ(ပြီးသေဆုံး)သွားတယ် “ဟု ၎င်းကပြောသည်။ ကိုကျော်နိုင်ဆိုသူမှာ ရိုးသားအေးဆေးသူတစ်ယောက်ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီး၊အသက် ၆ နှစ်အရွယ် သမီးနှင့် တစ်နှစ်ကျော်အရွယ် သမီး တို့ ကျန်ခဲ့သည်။ သေဆုံးသူ၏ရုပ်အလောင်းကို ယင်းနေ့ညနေပိုင်းတွင်ပင် ဒေသခံများက သင်္ဂြိုဟ်ပေးလိုက်ကြခြင်းလည်းဖြစ်သည်။ ယခင်လ (ဒီဇင်ဘာ) ၂၇ ရက်နေ့မှ စတင်ကာ လောင်းလုံးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး လောင်းလုံးအောက်ပိုင်းညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာမှ နေအိမ် တစ်ရာကျော်မီးရှို့ခံထားရသည်။

ထားဝယ်မြို့ပေါ် မျောက်သောင်းကျန်းမှု ဆက်တိုက်ဖြစ်

Dawei Watch

January 12, 2024

ထားဝယ်မြို့‌ ပေါ်ရပ်ကွက်များတွင် ယခုလအတွင်း မျောက်သောင်းကျန်းမှု ဆက်တိုက်ဖြစ်ပွားသည်။ ဇန်နဝါရီလ ၄ ရက်နေ့တွင် တစ်ကြိမ်၊ ယနေ့ ဇန်နဝါရီလ ၁၂ရက်တွင် တစ်ကြိမ် နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့ နေ့လယ် ၁၂ နာရီတွင် ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ တိုင်းငါးဦးစီးဌာနရုံးတွင် မျောက်တစ်ကောင် လာ ရောက်သောင်းကျန်းနေသဖြင့်သွားရောက်ထိန်းသိမ်းခဲ့ရကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ “ရုံးပေါ်မှာ ဟိုခုန်ဒီခုန်နဲ့ လျှောက်သွားနေတာပေါ့။ သူက အရင် ထိန်းသိမ်းခဲ့တဲ့ကောင်ထက် စိတ်ကြမ်းတယ်” ဟု ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုထိန်းသိမ်းခဲ့ရသည့် မျောက်သည် အမဖြစ်ပြီး လက်တစ်ဖက်ပြတ်နေကြောင်း ၎င်းက ဆိုသည်။ အလားတူ လွတ်လပ်ရေးနေ့ကလည်း ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် တစ်အိမ်ဝင် တစ်အိမ်ထွက် သောင်းကျန်း နေသည့် မျောက်တစ်ကောင်ကိုလည်း ထားဝယ်မီးသတ်က သွားရောက်ထိန်းသိမ်းခဲ့ရသေးသည်။ ယင်းမျောက်မှာ […]

ရွာထက်ဝက်ခန့် မီးရှို့ခံရသည့် ညောပြင်ရွာ အကူအညီလိုအပ်

Dawei Watch

January 11, 2024

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာထက်ဝက်နီးပါး မီးလောင်ပျက်စီးသွားသည့် ညောပြင်ရွာရှိ လူဦးရေတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူတို့က ပြောသည်။ ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်ပျက်စီးကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူတို့က ဆိုသည်။ လွန်ခဲ့သည့် ဆယ်လခန့် ၂၀၂၃ ခုနှစ် မတ်လကလည်း အိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ ညောပြင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးလက်ရှိတွင် ရွာထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ညောပြင်ကျေးရွာအနီးရှိ အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က နေအိမ် ၄ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတို့ကဆိုသည်။ မတ်လ ကလည်း အောက်ကျောက်ဝပ်ရွာတွင် နေအိမ် ၇၀ ကျော်မီးရှို့ခံရဖူးသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ညောပြင်၊ အောက်ကျောက်ဝပ်ရွာအောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း […]

ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

January 11, 2024

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်လေးစီးဖြင့် ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ပစ်ခတ်ခဲ့သဖြင့် နေအိမ်တွင်သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ကြားရတာတော့ ဆိုင်ကယ်နဲ့ လူတွေရောက်လာပြီး လာခေါ်တော့ သူ့မယားကိုယ်တိုင်ပဲ အိမ်တံခါး ဖွင့်ပေးခဲ့တယ်လို့ ပြောတယ်။ နင့်ကိုဘာမှမလုပ်ဘူး။ နင့်ယောကျ်ားကိုပဲ လုပ်မှာဆိုပြောပြီး သေနတ်နဲ့ ပစ်ချသွားတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းတို့ရွာတွင် နတ်ပွဲ၊ လောင်းကစားပွဲများဖြင့် လုပ်လေ့ရှိသဖြင့် အိမ်ကို ဆိုင်ကယ်ဖြင့် ရောက်လာသူများကို ရွာခံဟု ထင်မှတ်ပြီး တံခါးထဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ဦးဇော်ဝမ်း၏ […]