BREAKING
March 1, 2025

ထားဝယ်

ထားဝယ်အကျဥ်းထောင်တွင် နှစ်ပတ်တစ်ကြိမ်သာ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပြုမည်ဟုဆို

Dawei Watch

January 20, 2024

ထားဝယ်အကျဥ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ထုပ်ပို့ခွင့်ကို နှစ်ပတ်လျှင်တစ်ကြိမ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထောင်ဝင်စာပို့နေသူများထံမှ သိရသည်။ “ ထောင်ဝင်စာပို့တဲ့အချိန် တစ်လ ၂ခါ (နှစ်ပတ်လျှင်တစ်ကြိမ်) ပြောင်းလိုက်တာက အခုအပတ်ရုံးဖွင့်ရက်က စတာထင်တယ်။ စာကပ်ထားတာကိုတော့ ဒီနေ့မှတွေ့ရတယ် “ ဟု ယနေ့ ဇန်နဝါရီလ ၁၉ ရက် တွင် ထောင်ဝင်စာ သွားပို့ခဲ့သူတစ်ဦးကပြောသည်။ ထောင်ဝင်စာလာပို့ချိန်တွင် လာပို့သူ၏ အိမ်ထောင်စုစာရင်းမူရင်းနှင့် မှတ်ပုံတင်မူရင်းယူလာရမည်ဖြစ်ကြောင်း ယင်းစာတွင်ဖော်ပြထားသည်ဟု ၎င်း က ဆက်ပြောသည်။ ယခင်က ထောင်ဝင်စာတွေ့သူများမှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မိတ္တူသာပြရန် လိုသော်လည်း ယခုအခါတွင် မူရင်းများပြမှသာ ထောင်ဝင်စာပို့ခွင့်ရကြောင်း ထောင်ဝင်စာပို့သူများကဆိုသည်။

စာသင်ခွင့်မရသည့်ကလေးများအတွက် ပညာရေးပဒေသာပင်စိုက်ထူရန် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှိုးဆော်

Dawei Watch

January 19, 2024

ထားဝယ်ခရိုင်အတွင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးအကောင်အထည်ဖော်နေသည့် အခြေခံပညာရေး အစီအစဥ်များအတွက် ပညာရေးပဒေသာပင် ရံပုံငွေရှာဖွေသည့် အစီအစဥ်တစ်ရပ်ပြုလုပ်နေကြောင်း အဆိုပါသမဂ္ဂထံက သိရသည်။ မြေပြင်အခြေပြုအခြေခံပညာအစီအစဥ်သည် စာသင်ကျောင်းမဖွင့်နိုင်သည့်အပြင် အင်တာနက် ဆက်သွယ်ရေးကွန်ရက် အခက်အခဲရှိသည့် ဒေသများမှ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှင့် ကျန်းမာရေးအစီအစဥ်များအတွက် ရည်ရွယ်ကြောင်း သမဂ္ဂထံမှ သိရသည်။ ယင်းအစီအစဉ်ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစ၍ အကောင်အထည်ဖော်နေကြောင်း သမဂ္ဂထံမှ သိရသည်။ ပညာရေး ပဒေသာပင်စိုက်ထူရာတွင် ကျောင်းသားတစ်ဦးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် သင်ထောက်ကူ အထွေထွေ ကုန်ကျစရိတ်အတွက် မြန်မာကျပ်ငွေ သုံးသောင်းကျပ်ဖြင့် ပါဝင်နိုင်ကြောင်း ကြေညာထားသည်။ ယင်းအပြင် သင်ထောက်ကူစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်နှင့် သင်ကြားရေးကိရိယာစရိတ် စသဖြင့် သီးသန့် အမျိုးအမည်တစ်ခုချင်းစီအတွက်လည်း သမဂ္ဂ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သမဂ္ဂ တာဝန်ရှိသူက ပြောသည်။ “သင်ရိုးစာအုပ်တွေ၊ ရေးစာအုပ်တွေအပါအဝင် သင်ထောက်ကူကိရိယာတွေက […]

ကလိန်အောင်တွင် ယာယီသွားလာခွင့် ပိတ်ထားသည့် ဥယျာဥ်ခြံများ ပြန်လည်လုပ်ကိုင်

Dawei Watch

January 19, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ ဇင်းဘာရွာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ယာယီ သွားလာလုပ်ကိုင်ခွင့် ကန့်သတ်ထားသည့် ဥယျာဥ်ခြံများ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဥယျာဥ်ခြံရှင်များထံမှသိရသည်။ ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ စစ်ကောင်စီတပ်ရင်း ဇန်နဝါရီလ ၂ ရက်နေ့က ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်နှင့် လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရန် အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ ၁၄ ရက်အထိ ဥယျာဥ်ခြံများသွားလာခွင့် ကို စစ်ကောင်စီက နှုတ်မိန့်ဖြင့်ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။ “ မသွားနဲ့ပြောတုန်းကလည်း စာထုတ်ပြီးတားတာတော့မဟုတ်ဘူး။ အခုလ ၁၅ ရက်နောက်ပိုင်းကတော့ ပစ်သံခတ်သံတွေလည်းမကြားရတော့ဘူး ။ ပြီးတော့သူတို့(စစ်တပ်) ကန့်သတ်ထားတာက ၁၄ ရက်နေ့အထိပဲ ဆိုတော့ ခြံသမားတွေအလုပ်ပြန်လုပ်နေကြပြီ” ဟု ဥယျာဥ်ခြံရှင်တစ်ဦးကပြောသည်။ ဇန်နဝါရီလဆန်းမှစ၍ ၁၅ ရက်နေ့ညအထိ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ ညစဥ်ကြားရကြောင်းမြို့ခံများက […]

မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

January 18, 2024

မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့(ဇန်နဝါရီ ၁၈) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်နေကြောင်းသိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။ တိုက်ပွဲကြောင့် ခရီးသွားပြည်သူများ တစ်နာရီကျော်ကြာ ပိတ်မိနေခဲ့ပြီး အရပ်သား တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ တိုင်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခု ၁၀ နာရီ ခွဲအချိန်ခန့်တွင်တော့ ခရီးသွားပြည်သူများ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်နှင့် PDF တပ် တို့မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

လောင်းလုံးတွင် မှတ်ပုံတင်စစ်ပြီး ငွေညှစ်လာ

Dawei Watch

January 17, 2024

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေကြောင်း ခရီးသည်များထံမှ သိရသည်။ ‌၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစပြီး လောင်းလုံးမြို့တောင်ဘက်ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသည့်အချိန်မှစပြီး မြို့ပေါ်တွင် မှတ်ပုံတင် စစ်ဆေး တင်းကြပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မှတ်ပုံတင် မပါသူများ၊ မှတ်တင်လဲလှယ်ရမည့် သတ်မှတ်ရက်ကျော်နေသူများထံတွင် တစ်ဦးငွေကျပ် ၃၀,၀၀၀ အထိ တောင်းယူနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ဆိုသည်။ “ပိုက်ဆံပေးလိုက်ရင် အားလုံးအဆင်ပြေတယ်။ မပေးမချင်းတော့ ပြန်မလွှတ်တော့ဘူး။ မှတ်ပုံတင်လည်း သိမ်းထားလိုက်တယ်” ဟု ကိုယ်တိုင်အစစ်ခံရသည့် ခရီးသည်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မှတ်ပုံတင် စစ်ဆေးတင်းကြပ်လာသဖြင့် ဒေသခံများမှာ လဝကရုံးသို့သွားပြီး မှတ်ပုံတင် အလုအယက် လုပ်လာကြကြောင်း ဒေသခံတို့က ဆိုသည်။ မှတ်ပုံတင်လဲလှယ်သူ၊ အသစ်ရိုက်သူများ လွန်စွာများပြားနေသဖြင့် […]

ထားဝယ်တွင် ဝက်သားဈေး ထက်ဝက်ခန့်ထပ်ကျ

Dawei Watch

January 17, 2024

ဝက်သားစျေးဆက်တိုက် ကျဆင်းနေသည့် ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်သုံးလခန့်ကထက် ဝက်သားဈေးထက်ဝက်ခန့် ထပ်မံကျသွားကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောင်တိုဘာလခန့်က ဝက်သားတစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ယခု ဇန်နဝါရီလတွင် တစ်ပိဿာ တစ်သောင်းကျပ်သာ ရှိတော့ကြောင်း ဝက်သားရောင်းချသူတစ်ဦးက ပြောသည်။ သို့သော် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးများတွင် လိုင်စင်ရလုပ်ငန်းရှင်များက ရောင်းချသည့် ဝက်သားတစ်ပိဿာဈေးမှာ ၁၅၀၀၀ ကျပ် ခန့်ရှိနေသေးသဖြင့် အများစုက စျေးသက်သာသော နယ်စျေးကွက်မှတစ်ဆင့် ဝယ်ယူလာကြသည်။ “ဝက်က ဈေးတက်မှရောင်းမယ်ဆိုပြီး ထားလို့မရဘူး ဆက်မွေးလေအစာဖိုးကုန်လေပဲ။ ဒိုင်မှာရောင်းရင်လည်း မျက်နှာငယ်ပြီးရောင်းရတယ်။ ဈေးမပေးဘူးလေ။ ကိုယ့်ဘာသာကိုယ်သတ်ရောင်းရင် နည်းနည်းပိုရတယ် ” ဟု ၎င်းကပြောသည်။ ‌ထားဝယ်ဝက်ဈေးကွက်တွင် ရောင်းလိုသူများပြီး ဝယ်လိုသူနည်းနေသဖြင့် ဝက်ဈေးကျနေခြင်းဖြစ်ကြောင်း ဝယ်အဝယ်ဒိုင် တစ်ဦးကပြောသည်။ “အခုက အဝယ်ဈေးကွက်ပျက်နေပြီပြောလို့ရတယ်။ လာရောင်းတဲ့သူများတယ်။ ကျွန်တော်တို့လည်း ဝယ်မပေးနိုင်ဘူး။ […]

DGRF တပ်ဖွဲ့ဝင် ၇၀နီးပါးက နုတ်ထွက်ပြီး ဗထူးတပ်မတော်သို့ ဝင်ရောက်ဟုဆို

Dawei Watch

January 16, 2024

အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ပကဖအဖွဲ့ဝင်တစ်ခုဖြစ်သည့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က တပ်ဖွဲ့ဝင် ၆၇ ဦး နုတ်ထွက်သွားကြောင်း ယင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၅ရက်က သတင်းထုတ်ပြန်သည်။ DGRF တပ်ဖွဲ့က ရဲဘော်နွန်ဖား ဦးဆောင်သော တပ်ခွဲ (၂) က ရဲဘော် ၂၅ ဦး၊ ရဲဘော်အာနိုးဦးဆောင်သော တပ်ခွဲ (၃) က ရဲဘော် ၅ ဦး၊ ရဲဘော်ဘိုးတော်ဦးဆောင်သော တပ်ခွဲ (၄) မှ ရဲဘော် ၃၇ဦး၊ စုစုပေါင်း ရဲဘော် ၆၇ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် နုတ်ထွက်သွားကြောင်း ဖော်ပြသည်။ နုတ်ထွက်သွားသည့် ရဲဘော်များမှာ ဗထူးတပ်မတော်သို့ ဝင်ရောက်သွားခြင်းဖြစ်ပြီး ယခင်ကတည်းက ဗထူးစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းကာ […]

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းမိ

Dawei Watch

January 16, 2024

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့(ဇန်နဝါရီ ၁၆) ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို မနေ့ နေ့လယ်ပိုင်းက ထားဝယ်မြို့ ကားဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဘက်မှ မြိတ်သို့သွားမည့် ခရီးသည်တင်ကားကိုစစ်ဆေးရာ ကားပေါ်လိုက်ပါလာသည့် ခရီးသည် ကိုရဲမင်းသူ၏ ကျောပိုးအိတ်ထဲတွင် ကာလပေါက်ဈေး ၄၄၄ သိန်းကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄၈၀၀ ခန့်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယင်းကြောင့် အသက် ၃၀ အရွယ်ရှိ ကိုရဲမင်းကို ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံထံမှ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့သေးသည်။ တနင်္သာရီတိုင်းထဲသို့ တိုင်းပြင်ပမှ သယ်ဆောင်လာသည့် […]