ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံခြောက်ဦး ပြန်လွတ်
Dawei Watch
January 28, 2024ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်က ဖမ်းဆီးစစ်ဆေးနေသည့် ဒေသခံ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ငါးဦး ဇန်နဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြန်လွတ်လာကြောင်း ၎င်းတို့၏ မိသားစုများဝင်များက ပြောသည်။ ပြန်လွတ်လာသူများမှာ လှည်းကုန်းရပ်ကွက်က မသဲစုမိုး၊ ဒေါ်သန်းသန်းစိုး ၊ မမော်မော်ရှိန်နှင့် မနီနီရှိန်တို့ ညီအမ နှစ်ဦး၊ မိကျောင်းအိုင်ရပ်ကွက်က ဦးကိုကိုဦးနှင့် ဇနီးဖြစ်သူတို့ဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ လှည်းကုန်းရပ်ကွက်က ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသမီးလေးဦးတို့သည် မောရဝတီ ရေတပ် ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် ဒီဇင်ဘာလ တတိယအပတ်က အဖမ်းခံရပြီး တစ်လကျော်ကြာ စစ်ဆေးခံရသည်။ ဇန်နဝါရီလ ၂၄ ရက်က အဖမ်းခံရသည့် ဦးကိုကိုဦးတို့ဇနီးမောင်နှံသည်လည်း ဇန်နဝါရီလ ၂၆ ရက်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ […]