BREAKING
March 1, 2025

ထားဝယ်

အရှေ့တောဒေသခံ ၅၀ ခန့် စစ်ကောင်စီတပ် ဖမ်းဆီး၊ သုံးဦးပြန်မလွတ်သေး

Dawei Watch

February 8, 2024

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့်လမ်းတစ်လျှောက် ထားဝယ်၊ အရှေ့တောဒေသခံ ငါးဆယ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဒေသခံသုံးဦးကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အတွင်း အရှေ့တောဒေသခံ ငါးဆယ်ခန့်ကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ “ဖမ်းခေါ်သွားတဲ့ထဲ ကျွန်တော့်တူတစ်ယောက်လည်းပါတယ်၊ ရိုက်နှက်ထုထောင်းတာတော့မရှိဘူးတဲ့ ရိက္ခာတွေသယ်ခိုင်းတယ်လို့ပြောတယ်” ဟု ဘဝပင်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဘဝပင်ရွာနှင့် ကင်ပွန်းချုံအပိုင်းက ခဲယင်း(ခဲကျင်)နေသူများနှင့် ဥယျာဉ်ခြံအတွင်း ကွမ်းသီးလုပ်နေသူ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။ အဆိုပါ စစ်ကြောင်းသည် ပခပ်ရွာမှ အမျိုးသား ၅ ဦး ကိုလည်းဖမ်းဆီးခဲ့သည်ဟု […]

သရက်ချောင်း၊ ကင်းရှေ့ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

February 7, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ကင်းရှေ့ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ နံနက် ၉ နာရီခန့်တွင် မိနစ် ၃၀ ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “အဲဒီနောက်ပိုင်းမှာတော့ သူတို့ဟာ သူတို့ တစ်ဖက်တည်းပစ်နေတာ။ ကျွန်တော်တို့တပ်ဖွဲ့တွေက ပြန်ဆုတ်လာပြီ” ဟု တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ဆိုသည်။ “လူနဲ့ နေအိမ်ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ ရွာထဲမှာ လူတွေမရှိကြဘူး” ဟု အခြားရွာတွင် စစ်ဘေးရှောင်နေသည့် ကင်းရှေ့ရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မိုးရွှေကုန်းနှင့် စော်ဖျားက […]

လောင်းလုံးတရားရုံးမှ စာရွက်စာတမ်းများ သိမ်းဆည်းရမိဟု PDF ထုတ်ပြန်

Dawei Watch

February 6, 2024

လောင်းလုံးတရားရုံး၏ တရားရေးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို နွေဦးပြောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က လောင်းလုံးမြို့နယ်၏ လမ်းပိုင်းတစ်နေရာတွင် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယနေ့(ဖေဖော်ဝါရီ ၆) နံနက် ၁၀ နာရီ ၅၀မိနစ်တွင် လောင်းလုံးထွေအုပ်ရုံးမှ ထွက်လာသည့် ကားတစ်စီးကိုဖမ်းဆီး စစ်ဆေးခဲ့ရာမှ ယင်းသို့သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ကားပေါ်တွင် လောင်းလုံးမြို့နယ်တရာရုံးမှ အကြီးတန်းစာရေးဖြစ်သူ ဒေါ်စန္ဒာစိုးအပါအဝင် တရားရုံးဆိုင်ရာ စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ “ဖမ်းခံရတယ်လို့တော့ကြားတယ်။ နှစ်ယောက်လုံးက မြို့ခံတွေပါပဲ၊ ကားသမားကတော့ အငှားယာဉ်မောင်းပါ” ဟု မြို့ခံတစ်ဦးကပြောသည်။ နှစ်နာရီခန့် စစ်ဆေးပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်စန္ဒာစိုးနှင့် အငှားယာဉ်မောင်းဖြစ်သူ ကိုခင်‌ဇော်ဝင်းတို့ နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး တရားရေးဆိုင်ရာ စာရွက်စာတမ်းနှင့် အသုံးဆောင်ပစ္စည်းများကိုမူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ […]

ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

February 5, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ စစ်ကောင်စီ ခြေမြန်တပ်ရင်း ကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ ၄) က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Dawei Defense Team DDT တပ်ခွဲ ၃ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြေင်း ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုအတွင်း ခမရ ၄၁၀ က အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးက ခုနစ်ဦးခန့်ဒဏ်ရာရသည်ဟု မြေပြင်သတင်းရင်းမြစ်များ၏ စုံစမ်းချက်အရသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ခမရ ၄၁၀ […]

သရက်ချောင်း၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

February 5, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အသက် ၆၀ ခန့်ရှိ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်က ကင်းရှေ့ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က ကင်းရှေ့ရွာစာသင်ကျောင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ စစ်ဆေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်ပြီးတော့လည်း လက်နက်ကြီးနဲ့ ပစ်နေသေးတယ်။ မနေ့ညကလည်း ပစ်တယ်။ အခုမနက်လည်း ပစ်တာရှိတယ်။ ရွာထဲပြန်မဝင်ရသေးဘူးဆိုတော့ သတင်းက အားလုံးသေချာ မသိရဘူး။ ကျွန်မတို့လည်းအခုထိ တောထဲမှာပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။ […]

ထားဝယ်အမျိုးသမီးသမဂ္ဂက မနှင်းအိထွေးကို စစ်ကောင်စီက ထောင် ၁၀နှစ်ချ

Dawei Watch

February 2, 2024

ထားဝယ်အမျိုးသမီးသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မနှင်းအိထွေး (ခေါ်) မဌေးဌေးဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ကြောင်း နီးစပ်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃ ရက်က ဆိုင်ကယ်တိုက်မိသဖြင့် ထားဝယ်ဆေးရုံတွင် တက်ရောက် ကုသနေသည့် တူနှစ်ဦးကို လူနာပြုစုစောင့်ရှောက်နေစဉ် မနှင်းအိထွေးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများက မေးမြန်းလိုသဖြင့် ခဏလိုက်ခဲ့ပါဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟုဆိုကာ မနှင်းအိထွေးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့ကြောင်း မနှင်းအိထွေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းနောက် မနှင်းအိထွေးကို ဇန်နဝါရီလ ၃၁ ရက်တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “တရားရုံးထုတ်တုန်းကတော့ လူချင်းတွေ့ရတယ်။ ကျန်းမာရေးကောင်းပါတယ်။ အမိန့်ချတာနဲ့ပက်သက်ပြီး […]

အသံတိတ်သပိတ်နေ့ ဆိုင်ပိတ်သည့် ထားဝယ်က ရွှေဆိုင်နှင့် ကုန်စုံဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ခံဝန်ထိုးခိုင်း

Dawei Watch

February 2, 2024

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အသံတိတ်သပိတ်ပြုလုပ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆိုင်ပိတ်ထားသော ထားဝယ်မြို့က ရွှေဆိုင်ပိုင်ရှင်အချို့နှင့် ကုန်စုံဆိုင်ရှင်အချို့ကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်စည်ပင်သာယာဈေးကြီးရှိ ဆိုင်ပိတ်ထားသည့် ရွှေဆိုင်တစ်ဆယ်ကျော်နှင့် အနီးဝန်းကျင်ရှိ ကုန်စုံဆိုင်ရှင်အချို့ကို ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီက ခေါ်ယူပြီး ခံဝန်ထိုးခိုင်းသည်ဟု သိရကြောင်း ဈေးနှင့် နီးစပ်သူများက ဆိုသည်။ မြို့နယ်ထွေအုပ်ရုံးသို့ ဆင့်ခေါ်ကာ စစ်ကောင်စီအရာရှိ ၆ ဦးက ဆိုင်ရှင်တစ်ဦးချင်းကို အမှုစစ်သကဲ့သို့ စစ်ဆေးပြီးနောက် ခံဝန်ထိုးခိုင်းသည်ဟုသိရကြောင်း ဈေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ကိုယ့်ဆိုင်ကို ဖွင့်ချင်ဖွင့်မယ် ပိတ်ချင်ပိတ်မယ်လေ။ အဲဒါကို ပြစ်မှုကြီးလုပ်သလို အရာရှိခြောက်ယောက်က ထိုင်ပြီး စစ်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ ပိတ်ထားသည့် ဆိုင်ပိုင်ရှင်များကို ခံဝန်ထိုးခိုင်းသလို ဆိုင်ရှင်အချို့ကို […]

ထားဝယ်ခရိုင်တွင် မနက်ဖြန် လျှပ်စစ်ဓာတ်အား ၅ နာရီကြာ ပြတ်တောက်မည်

Dawei Watch

February 2, 2024

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မနက်ဖြန် လျှပ်စစ်ဓာတ်အား ၅ နာရီကြာ ပြတ်တောက်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်း က အသိပေးထားသည်။ ကံပေါက် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ် လျှက်ရှိသည့် ဓာတ်အားတိုင်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ပိုက်လိုင်း ဧရိယာနှင့် မလွတ်ကင်းသောကြောင့် ဓာတ်အားတိုင် ပြောင်းရွှေ့ တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းသို့ ပြောင်းရွှေ့တည်ဆောက်ချိန် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းက ထုတ်ပြန်အသိပေးထားသည်။ ထားဝယ်တွင် ယခုလပိုင်းအတွင်း နှစ်ရက်ခြား၊ သုံးရက်ခြား ညနေပိုင်းတွင် ကြိုတင်အသိမပေးဘဲ အချိန်ပိုင်း မီးပျက်လေ့ရှိနေကြောင်း မြို့ခံများက ပြောသည်။ […]