ထားဝယ် ထုတ်လုပ်သူစျေးကွက်တွင် ဓနိဖက် တစ်ထောင် တစ်သိန်းလေးသောင်းကျပ်အထိဖြစ်လာ
Dawei Watch
February 13, 2024ထားဝယ်တွင် ယခုနှစ် အိမ်အမိုး ဓနိဖက် ထုတ် လုပ်သူ စျေးကွက်တွင် ဖက်တစ်ထောင် တစ်သိန်းလေးသောင်းကျပ်အထိဖြစ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် နှစ်က ဓနိဖက် တစ်ထောင်ကို တစ်သိန်းနှစ်သောင်း ကျပ်သာရှိခဲ့သည်။ လုပ်သားရှားပါးသောကြောင့် လုပ်အားခ စျေးတက်မှုအပြင် ကုန်ကြမ်းပစ္စည်းစျေးတက်ခြင်းတို့ကြောင့် ယခင်နှစ်ကထက် ဓနိဖက် တစ်ထောင် ကျပ်နှစ်သောင်းခန့်စျေးတက်လာခြင်းလည်း ဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် ဓနိဖက် တစ်ထောင် ထုတ်လုပ်မှု စရိတ်မှာ ဖက်ထိုးခ ၂၅၀၀၀ ကျပ်၊ ဖက်တံတစ်စည်း ၁၃၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဓနိဖက်ထုတ်လုပ်သူများထံမှ သိရသည်။ ယခင်နှစ်က ဖက်ထိုးခမှာ ၂၀၀၀၀ ကျပ်၊ ဖက်တံတစ်စည်း ၇၀၀၀ ကျပ်သာရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဓနိဖက် ထိုးတဲ့သူက အရင်ကလို မရှိတော့ဘူး” ဟု […]