BREAKING
March 1, 2025

ထားဝယ်

လောင်းလုံးက Non-CDM ဝန်ထမ်းနှစ်ဦး ခံဝန်ဖြင့်ပြန်လွတ်

Dawei Watch

February 19, 2024

လောင်းလုံးမြို့ပေါ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးသွားသည့် စာရင်းစစ်ရုံးက Non-CDM ဝန်ထမ်းနှစ်ဦး ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ လောင်းလုံးမြို့မရဲစခန်း၊ စရဖရုံးနှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက နေရာပေါင်းစုံမှ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း မြို့နယ်စာရင်းစစ်ရုံးက ဦးစီးအရာရှိ ဒေါ်ဌေးဌေးညွန့်နှင့် ဒုစာရင်းစစ်မှူး ဒေါ်မေနွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အဆိုပါ Non-CDM ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောသည်။ အဆိုပါ ဝန်ထမ်းနှစ်ဦးကို မြို့နယ် ပအဖ၏ မှုခင်းစစ်ဆေးရေးအဖွဲ့ခုံရုံးဖြင့် စစ်ဆေးပြီးနောက် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

ထားဝယ်အရှေ့တောဒေသတွင် သုံးရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

February 19, 2024

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သုံးရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၄ နာရီခန့်က လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့် ကား ၁၇ စီးပါ စစ်ကာင်စီတပ် ယာဉ်တန်းနှင့် အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သင်္ကန်းတုန်းရွာတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက် နံနက်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်သလို စနိုက်ဘာ၊ ဒရုန်းတို့အသုံးပြုကာလည်း တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ […]

ကံပေါက်တွင် CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

February 18, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။ လှည်းကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ချိုချို နှင့် ဒေါ်ညိုညိုတို့ ညီအစ်မနှစ်ဦးကို ဖေဖော်ဝါရီလ ၁၇ ရက်ညတွင်မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ည ၁၁ နာရီခွဲလောက်ပဲ အိမ်တံခါးခေါက်ပြီး လာခေါ်သွားတယ်။ အိမ်မှာတော့ ဘာမှလုပ်မသွားဘူး” ဟု လှည်းကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဒေါ်ချိုချို နှင့် ဒေါ်ညိုညို အဖမ်းခံရသည့် အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း မင်းသားရွာက CDM ဆရာမ ဒေါ်ကေဂျာဦးကို ကံပေါက်-မင်းသား လမ်းပိုင်းရှိ ‌ဆင်ကူးရွာတောင်ကုန်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံက […]

ရေဖြူ ဇာဒီရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

February 18, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာ တံတားအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းတည့်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ရွာသားများက ပြောသည်။ ဦးခေါင်းတွင်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ပစ်သတ်ခံရသူ၏ ရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သည့် ကံပေါက်ရွာက ဘေးတွဲတက္ကစီသမားတစ်ဦးက ဆိုသည်။ “လမ်းမအလယ်တည့်တည့်ကြီး၊ သွေးအိုင်ထဲမှာ လဲနေတာ။ ဘယ်သူမှာမထိရဲဘူး ၊ ဒဏ်ရာက မြင်ခဲ့ရသလောက် ခေါင်းကနေ သွေးထွက်နေတယ်” ဟု ၎င်းက ပြောသည်။ ‌ပစ်သတ်ခံရသူသည် ဇာဒီရွာသားမဟုတ်ဘဲ နဘုလယ်ဒေသခံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ဇာဒီရွာတွင် လာရောက်နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဂန် ဆိုသူဖြစ်ကြောင်း ဇာဒီရွာသားများထံမှ သိရသည်။ “သူ့မိန်းမက ခရီးလွန်နေတယ်။ ခရီးကပြန်ရောက်မှ အလောင်းကောက်ရတယ်။ ညနေ ၅ နာရီလောက် ဖြစ်သွားပြီ။ လူနာတင်ယာဉ်နဲ့ […]

ကံပေါက်ဒေသခံအမျိုးသားလေးဦး ပြန်လွတ်လာ၊ အမျိုးသမီးငယ်တစ်ဦး အဖမ်းခံရ

Dawei Watch

February 16, 2024

မောရဝတီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ အမျိုးသား လေးဦး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြန်လွတ်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံကသိရသည်။ ပြန်လွတ်လာသူများမှာ ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်က ကိုကျော်ဆက်လင်း၊ လှည်းကုန်းရပ်ကွက်က ကိုပိုင်ပိုင်၊ မိကျောင်းအိုင် ရပ်ကွက်က ကိုတိုးတိုးအောင်နှင့် ဖောင်းတောရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သန်းတို့ဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။ “ကိုတိုး ပြန်လွတ်လာတာကတော့ ၃ ရက်လောက်ရှိပြီ။ ကျော်ဆက်လင်းနဲ့ တစ်ရက်တည်းပဲ။ ကိုပိုင်ပိုင်ကတော့ ၂ ရက်လောက်ရှိပြီ လွတ်လာတာ” ဟု ကံပေါက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဦးခင်မောင်သန်း (ခေါ်) ဦးရှုပ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အိမ်သို့ ပြန်ရောက်လာပြီး ကိုထွန်းပိုင်းတို့ ဇနီးမောာင်နှံမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဖောင်းတောရွာသားတစ်ဦးက ဆိုသည်။ ယခု ပြန်လွတ်လာသူများသည် ပြီးခဲ့သည့်နှစ် […]

လူငယ်များ ပြည်ပထွက်မှုများလာသဖြင့် ထားဝယ်တွင် သွေးရှာရခက်ခဲလာ

Dawei Watch

February 16, 2024

ထားဝယ်တွင် သွေးရှာရခက်ခဲလာကြောင်း သွေးလှူရှင်ပရဟိတအသင်းအချို့ထံမှ သိရသည်။ ယခုရက်ပိုင်းတွင် လူငယ်၊ လူရွယ်၊ လူလတ်များ ပြည်ပထွက်ခွာမှုများလာတာကြောင့် အသင်းဝင် အင်အားနည်းလာသည့် အတွက် သွေးရရှိရန်ခက်ခဲလာကြောင်း သွေးလှူရှင်အသင်း ဦးဆောင်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့အသင်းမှာ သွေးလှူရှင် အဖွဲ့ဆိုတဲ့စာသားတောင် ဖြုတ်ရမလိုဖြစ်နေပြီ။ ခါတိုင်း သွေးငါးလုံးလောက်ရှာပေးနေရတဲ့နေရာမှ အခုက နှစ်လုံးတောင် မနည်းရှာပေးနေရတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့တွင် သွေးလှူရှင်အသင်း ခြောက်ခုထက်မနည်းရှိသည်။ အများစုမှာ လူငယ်လူရွယ်များဖြင့် စုပေါင်းဖွဲ့စည်းခြင်းဖြစ်သည်။ “ဒီလကုန်ရင်တော့ ကျွန်တော်တို့ အဖွဲ့ဝင်အသစ်တွေ ရလာအောင် ပြန်ပြီး စည်းရုံးလုပ်ဆောင်မယ့် အစီအစဉ်တော့ ရှိတယ်” ဟု သွေးလှူရှင်အသင်း နောက်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် တိုင်းအတွင်းရှိ နယ်စပ် ထွက်ပေါက်များတွင် ယခုရက်ပိုင်းအတွင်း ပြည်ပသို့ […]

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက ကလေးငယ်တစ်ဦး မိုင်းနင်းမိ

Dawei Watch

February 16, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိသည်ဟု ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် အိမ်နှင့်ကပ်နေသည့် ရော်ဘာခြံတွင်း ကစားနေစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည်ဟု ဒေသခံအချို့က ပြောသည်။ “ပုံထဲမှာတွေ့တာတော့ ညာဖက်ခြေထောက်ထင်တယ်၊ ဒူးအောက်ကနေပြတ်ထွက်သွားတယ်၊ ကိုယ်မှာလည်း ကျည်စ စင်ထားတာတွေအများကြီးပဲ၊ ထားဝယ်ဆေးရုံကြီးကိုတင်ထားတယ်လို့ ကြားတယ်၊ အဲ့ဒီလမ်းကနေ စစ်တပ်သွားခဲ့တယ်ဆိုတော့ စစ်တပ်ကထောင်ခဲ့တဲ့မိုင်းလို့တော့ ပြောနေကြတယ်” ဟုကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ရော်ဘာခြစ်သွားရင်း ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေဖဝါးတစ်ပိုင်းပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “အဲ့လိုဖြစ်နေတော့ ဒေသခံတွေ ဥယာဉ်ခြံထဲမသွားရဲကြတော့ဘူး။ […]

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် PDF ထဲဝင်ရန် ဆက်သွယ်သူများလာ

Dawei Watch

February 14, 2024

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံတွင် တာဝန်ထမ်းဆောင်ရန် ဆက်သွယ်စာရင်းပေးလာသူ များပြားလာကြောင်း တနင်္သာရီတိုင်းတွင်းက တော်လှန်ရေး အင်အားစုများထံက သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်တပ်ထဲတွင် ၂ နှစ်မှ ၅ အထိ တာဝန်ထမ်းဆောင်ရမည်ဆိုသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့သည်။ ယင်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသဖြင့် တော်လှန်ရေးအဖွဲ့များထံ စစ်မှုထမ်းရန် ဆက်သွယ်လာသူများလာခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။ ထားဝယ်မြို့မှ လူငယ်အမျိုးသားတစ်ဦးက မဖြစ်မနေ စစ်မှုထမ်းရလျှင် တော်လှန်ရေးတပ်ဖွဲ့များထံတွင်သာ ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောဆိုသည်။ “စစ်ကောင်စီတပ်ထဲသွားလည်း သေမယ့်အတူတူ PDF ထဲပဲ […]