ကံပေါက်တွင် CDM ဆရာမများ ဆက်တိုက်ဖမ်းဆီးခံရ
Dawei Watch
February 22, 2024ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထား၍ တာဝန်မှ ရပ်နားခံထားရသည့် ဆရာမ ၃ ဦး ဖေဖော်ဝါရီလ ၂၀ ရက်က အဖမ်းခံရကြောင်း ဒေသခံတို့က ပြောသည်။ အဖမ်းခံရသည့်ဆရာမများသည် အထက-ကံပေါက်မှ အလယ်တန်းပြဆရာမ ဒေါ်ယဥ်ယဥ်အေး ၊ မူလွန်-လှည်းကုန်း မှ အလယ်တန်းပြဆရာမ ဒေါ်နီလာစန်း နှင့် ဒေါ်သက်သက်မွန် တို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆရာမ ဒေါ်ယဥ်အေးက အပြင်တောင်သိပ်မထွက်ဘူး။ မနီလာစန်းလည်း အတူတူပဲ။ အမေကျန်းမာရေးကြောင့် ရွာပြန်ရောက်နေတာ အပြင်သိပ်မထွက်ဘူး။ သူတို့(စစ်တပ်) ဘယ်လိုသိလဲ မသိဘူး ။ သုံးယောက်စလုံး အိမ်တွေမှာပဲ လာဖမ်းသွားတယ်” ဟု ကံပေါက်ရွာက ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် […]