တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
Dawei Watch
February 28, 2024ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးနှင့် ရွှေချောင်းရွာတို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း KNLA ထံက သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNLA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်ကမူ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း စောမှူးဂေက ပြောဆိုသည်။ “၂၆ ရက်နေ့ကတော့ နည်းနည်းတော့ ပြင်းထန်တာပေါ့။ […]