BREAKING
March 1, 2025

ထားဝယ်

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်

Dawei Watch

March 4, 2024

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၁၀ နာရီခွဲနှင့် ၁၁ နာရီခန့်တွင် လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၂၀ ခန့် ကြဲချခဲ့ကြောင်း အနီးဝန်းကျင်ကျေးရွာက ဒေသခံအချို့က ဆိုသည်။ “လေယာဉ်အသံပဲကြားတယ်။ ဘာလေယာဉ်အမျိုးစား၊ ဘယ်နေရာတွေကို ကြဲချခဲ့တယ်ဆိုတာတော့ အတိအကျ မသိသေးဘူး” ဟု ဗုံးကြဲချသည့်နေရာနှင့် အနီးဝန်းကျင်တွင် ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောဆိုသည်။ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း နံနက် ၁၁ နာရီခန့်တွင် မေတ္တာဘက်က လေယာဉ်လာသည့် အသံနှင့် ဗုံးကြဲချသဖြင် ပေါက်ကွဲသံသည့် အသံလောက်သာကြားရပြီး လေယာဉ်အမျိုးအစားနှင့် ဗုံးကြဲချခဲ့သည့်နေရာ စသော အသေးစိတ် အခြေအနေကို […]

စစ်ကောင်စီတပ် ပစ်ခတ်၍ ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရ၊ နေအိမ်များလည်း ဖျက်ဆီးခံရ

Dawei Watch

March 3, 2024

ရေဖြူမြို့အနောက်ဖက်ကမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ပစ်ခတ်သဖြင့် ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ကပြောသည်။ ယနေ့ မတ်လ ၃ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရလိုင်းကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ “ဘုန်းကြီးကျောင်းမှာ(အာရုဏ်) ဆွမ်းကပ်ပြီးပြန်ထွက်လာတဲ့သူ တစ်ယောက်ပစ်ခံထိတယ်။ သူထွက်လာတာနဲ့ ( စစ်ကောင်စီတပ်နဲ့) တည့်တည့်တိုးတော့ ပစ်လိုက်တာ ခြေထောက် ထိသွားတယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဦးပိုသန်းဆိုသူဖြစ်ပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်ကောင်စီတပ်သည် ရွာထဲဝင်လာချိန် လူမရှိသည့်နေ‌အိမ် အမြောက်အများကို ရိုက်ဖျက်ဝင်ရောက်ပြီး မွှေနှောက်ရှာဖွေသွားကြသည်ဟုလည်း ဒေသခံတို့က ပြောဆိုကြသည်။ “အိမ်တွေရိုက်ဖျက်ထားတာကတော့ မနည်းဘူး။ အိမ်တိုင်းနီးပါးပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ကနဦးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးဒဏ်ရာရထားကြောင်း […]

ဖမ်းဆီးခံထားရသည့် ရလိုင်ရွာသားနှစ်ဦး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ်မရသေး

Dawei Watch

March 3, 2024

ရေဖြူမြို့နယ် ရလိုင်ရွာသားနှစ်ဦးသည် ဖေဖော်‌ဝါရီ ၂၇ ရက်နေ့က ထားဝယ်မြို့ဘက်သို့ သွားစဉ် ဖမ်းဆီးခံရပြီး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများထံမှ သိရသည်။ ရလိုင်ရွာသားများဖြစ်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ နွန်မောက် (ခေါ်) ကိုရဲနိုင်နှင့် ညီငယ် (ခေါ်) မောင်ကျော်သူရဟိန်း တို့နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရလိုင်မှ ထားဝယ်မြို့ဘက်သို့သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့က သောကြာပြင်ကို ဆိုင်ကယ်အင်ဂျင်ဝိုင်ထည့်ရင်းသွားကြတယ်။ လမ်းပိုင်းမှာ ဖမ်းခံလိုက်ရတယ်လို့ကြားလို့ လိုက်စုံစမ်းတယ်။ (စစ်ကောင်စီ စစ်ဆေးရေးဂိတွေမှာ လိုက်စုံစမ်းတာ) ဘယ်မှာမှ ရှာမတွေ့ဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူတို့မှာ ရော်ဘာခြစ်သည့်အလုပ် လုပ်ကိုင်ကြပြီး ရိုးသားအေးဆေးသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ […]

ဇဟာရွာတွင် လက်နက်ကြီးကျ ကလေးတစ်ဦးအပါဝင် နှစ်ဦးဒဏ်ရာရ

Dawei Watch

March 3, 2024

ထားဝယ်မြိုနယ် ဇဟာရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ဇဟာရွာ ကားလမ်းမအရှေ့ဘက်ရှိ အိမ်ဝိုင်းတစ်ခုအနီးသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲခြင်းဖြစ်သည်။ လက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ်ရှိ မောင်မိုးဇော်ဦး၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သလို အသက် ၆၅ နှစ်အရွယ်ရှိ ဦးဝင်းစိန်၏ ပခုံးနှင့် နောက်ကျောတွင်လည်း လက်နက်ကြီး စများထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” ထမင်းစားပြီးလို့ အိမ်မှာထိုင်နေတုန်း အိမ်ဘေးလာကျတာ တူဝရီး နှစ်ယောက် ထိသွားတာပေါ့”ဟု ၎င်းကပြောသည်။ တိုက်ပွဲဖြစ်နေခြင်းမျိုးမရှိဘဲ လက်နက်ကြီးလာကျခြင်းဖြစ်ပြီး မည်သည့်အရပ်က ပစ်ခတ်ခဲ့သည်ဆိုသည်ကိုလည်း မသိရသေးကြောင်း ၎င်းကဆိုသည်။ ထိခိုက်ဒဏ်ရာရသူများမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေပြီး မစိုးရိမ်ရတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ […]

ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးဟု KNLA ပြော

Dawei Watch

March 2, 2024

ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။ ရောင်းမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းတွင် KNLAနှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA ထံမှ သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ ရရှိကြောင်း KNU တပ်မဟာ ၆ ၏ KNLA တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ ၄ တပ်ရင်း (၁၂) ၏ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သေနတ် ၁၅ လက်ရတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာက […]

ထားဝယ်အရှေ့တောဒေသက စစ်ဘေးရှောင် ခုနစ်ထောင်ကျော် အကူအညီလိုအပ်

Dawei Watch

March 2, 2024

ထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နေရသည့် ကျေးရွာ ၁၂ ရွာခန့်ရှိပြီး လူဦးရေအားဖြင့် ၇၀၀၀ ကျော်ရှိကြောင်း KNU တပ်မဟာ(၄)က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အိပ်ယာထိုင်ခင်းများ လိုအပ်နေပြီး လူဦးရေတစ်ထောင်ခန့်အတွက်သာ အကူအညီရသေးကြောင်း ၎င်းက ဆိုသည်။ “နေရာချပေးဖို့က ခက်တယ်။ အခြေအနေအရလည်း IDP လိုနေရာမှာ နေရာချထားပေးဖို့ကလည်း လေကြောင်း တိုက်ခိုက်မှုအတွက် စိုးရိမ်တယ်။ သူတို့သွားချင်တဲ့နေရာကို သွားဖို့ကျွန်တော်တို့ခွင့်ပြုတယ်။ သူတို့ လုံခြုံဖို့ အတွက်က အရေးကြီးတယ်။ပြီးမှ လိုအပ်တဲ့အစားအစာတွေ တခြားအကူအညီတွေကို […]

လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသည့်ဒေသခံ ဆိုင်ကယ်မတော်ဆမှုကြောင့်သေဆုံး

Dawei Watch

March 2, 2024

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ် ရောင်းမော်အနီးဝန်းကျင်သို့ လေကြောင်းဖြင့် တိုက်ခတ်ချိန် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ရောင်းမော်ရွာအနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရောင်းမော်ရွာထိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအများအပြားကြဲချနေသဖြင့် အနီးနားကျေးရွာမှ ဒေသခံများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြေင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ထွက်ပြေးသူများထဲမှ ဆေးဖြတ်ကုန်းရွာသူ အသက် ၂၈ နှစ်အရွယ် မအေးသက်မော်ဆိုသူမှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ Dawei Watch က တွေ့ရှိထားသည့် ဓာတ်ပုံတစ်ခုထဲတွင်လည်း […]

လောင်းလုံး သဘော့ဆိပ်ရွာကို စစ်ကြောင်းဝင်ရောက်နေပြီး ရွာခံအချို့ဖမ်းခံထားရ

Dawei Watch

March 2, 2024

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာကို ယနေ့ (မတ် ၂) မနက်စောစောတွင် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်း ရောက်ရှိလာပြီး ရွာခံများလည်း အဖမ်းခံထားရကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီ စစ်ကြောင်းက ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သဘော့ဆိပ်ရွာအတွင်း‌ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ခရီးသွားဒေသခံအချို့ကို ဖမ်းဆီးထားကြောင်း၊ ယနေ့နေ့လယ်ပိုင်းအထိ ဖမ်းဆီးထားသူများမှ အချို့ကိုသာ ပြန်လွတ်ပေးသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်ပစ်ခတ်တာမျိုးတော့ မကြားရသေးဘူး။ စာသင်ကျောင်းရှေ့မှာ မနက်က ဖမ်းခံထားရသူရှိတယ်။ သုံးယောက်ကပြန်လွတ်လာပါပြီ နှစ်ယောက်ကိုတော့ ဖမ်းခေါ်သွားတယ် ဒဏ်ရာရထားတာလည်းတွေ့ရတယ်”ဟု ၎င်းကပြောသည်။ စစ်ကြောင်းရောက်ရှိနေမှုကြောင့် သဘော့ဆိပ်ရွာသားများ နေအိမ်စွန်ခွာထွက်ပြေးနေကြရပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မောင်းမကန်နယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယခုရက်ပိုင်းအတွင် […]