မလွှဲတောင် စစ်ဆေးရေးဂိတ် တစ်ရက် ၈ နာရီသာ ဖြတ်သန်းခွင့်ပြု
Dawei Watch
March 8, 2024တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်စပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစပြီး တစ်ရက် ၈ နာရီခန့်သာ ဖြတ်သန်းခွင့်ပြုရန် ထပ်မံကန့်သတ်လိုက်ကြောင်း ကားသမားအသိုင်းအဝိုင်းနှင့် ခရီးသည်များထံကသိရသည်။ ယခင်ဖြတ်သန်းခွင့်ပြုချိန် မနက် ၇ နာရီခွဲမှ ညနေ ၆ နာရီ အစား ယခု မနက် ၉ နာရီမှညနေ ၅ နာရီ သို့ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ကားသမားများက ပြောပြသည်။ “ မနက် ၉နာရီမှဂိတ်ဖွင့်တော့ ရန်ကုန်အဝင်နောက်ကျတယ် ။ ပုံမှန်မောင်းနှုန်းအတိုင်းဆိုရင် ၉ နာရီဆိုရင် သံဖြူဇရပ် ၊မုဒုံလောက်ရောက်တယ်။ အခုက ဖွင့်ချိန်ကန့်သတ်လိုက်တော့ အချိန်နောက်ကျတယ်။ ရန်ကုန်အထွက်က မနက်စောစောထွက်လို့ရသေးလို့ ထားဝယ်အဝင်ကပုံမှန်ပါပဲ” ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်တစ်ဦးကပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်က မလွှဲတောင်ဂိတ် […]