သရက်နှစ်ခွရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး
Dawei Watch
March 12, 2024သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် မတ်လ ၁၁ ရက်နေ နံနက်ပိုင်းက အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုင်းနင်းမိသူမှာ သရက်နှစ်ခွရွာသား ဦးမြင့်စိုးဖြစ်ကြောင်း သိရသည်။ သရက်နှစ်ခွကျေးရွာအနီး ကားလမ်းမ၏ အနောက်ဖက် ရထားသံလမ်းအနီးတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူက ရထားလမ်းဘေးက ချောင်းထဲမှာ ကွန်ပစ်သွားတယ်။ အဲဒီမှာ မိုင်းနင်းမိတာ” ဟု ၎င်းဒေသခံကပြောသည်။ မိုင်းနင်းမိခြင်းကြောင့် ဦးမြင့်စိုး၏ ညာဘက်ခြေထောက် ဖြတ်လိုက်ရပြီး ဘက်ဖက်ခြေထောက်တွင်လည်း ဒဏ်ရာအနည်းငယ် ရရှိကာ ထားဝယ်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။ ယခု မိုင်းနင်းမိသည့်နေရာနှင့် နှစ်ဖာလုံခန့်အကွာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်လည်းရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း သရက်ချောင်းမြို့နယ်တွင် မိုင်းနင်းမိပြီး ဒဏ်ရာသူ နှစ်ဦးရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ခြေထောက်ပြတ်သွားခဲ့သည်။ ယခုနှစ်အတွင်း ထားဝယ်မြို့နယ်နှင့် […]