BREAKING
February 23, 2025

ထားဝယ်

ပကာရီရဲစခန်း စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာဖြင့် ပစ်သတ်ခံရ

Dawei Watch

January 24, 2025

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပကာရီရဲစခန်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး ယနေ့ ဇန်နဝါရီလ ၂၄ရက် နေ့လယ်ပိုင်းက စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့များ ပူးပေါင်း ပါဝင်သည့် ဒူရကစစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံနှင့်တကွ ယင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ရုပ်သံမှတ်တမ်းတွင် မော်တော်ကားတစ်စီးဘေးတွင် အရပ်ဝတ်ဖြင့် စစ်ဆေးနေသည့် အမျိုးသားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်၍ လဲကျသွားသည်ကို တွေ့ရသည်။ “အရပ်ဝတ်နဲ့ အောက်ဂိတ်မှာ လေးယောက်စစ်နေတာ စနိုက်ဘာနဲ့ ပစ်တာ တစ်ယောက်မှန်သွားတယ်။ အပေါ်စခန်းမှာ လည်း စစ်သားတွေရှိတယ်။ ဖြစ်ပြီးမှ ဆင်းလာကြတယ်” ဟု ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများက လမ်းကို ခေတ္တပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ပေးခဲ့ကြောင်း ရွာသားများထံမှ […]

ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို လောင်းလုံးပကဖ ဖမ်းဆီး

Dawei Watch

January 24, 2025

လောင်းလုံးမြို့နယ်၊ ကျေးရွာကျေးရွာတွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ‌လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် ဦးအောင်မိုးဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ မိခင်ဖြစ်သူ အလုပ်ထွက်လုပ်ချိန် တစ်ယောက်တည်းရှိနေသည့် ကလေးငယ်ကို သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် မျက်မြင်တွေ့ရှိသည့် ကလေးများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ပြောဆိုသည်။ “သူ့အမေက ပလုံကောက် အဝတ်လျှော်သွားနေတုန်း ကလေးက ဟိုသွားဒီသွားသွားနေတာပေါ့။ အဲဒါကို (အဓမ္မပြုကျင့် တာကို) ကစားဖော်ကလေးတွေကတွေလို့ ပြန်ပြောရာကနေ သိရတယ်။ ကလေးကို ချော့ပြီးမေးတော့ ဖိုးအောင်မိုး လုပ်လို့ နာတယ်ဆိုပြီး ဖြေတယ်။ […]

ထားဝယ်အရှေ့တော ဝကုန်းရွာတွင် ဒေသခံတစ်ဦး မိုင်းနင်းမိ

Dawei Watch

January 23, 2025

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက ဥယျာဥ်ခြံသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဝကုန်းရွာ ၊ ဘိုးတိုးပွားမိုင်း(သတ္တုတွင်း)အပိုင်းနှင့် တစ်ဆက်တည်းတည်ရှိသည့် ဥယျာဥ်ခြံများတည်ရှိရာ ချောင်ဖျားပိုင်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “နှစ်ယောက်သွားတာ တစ်ယောက်ထိတာပါ ။ ချောင်းဖျားပိုင်းမှာ အခု တစ်ပတ်ကျော်လောက်တုန်းက ဒီဘက် အဖွဲ့တွေ(KNLA) မိုင်းထောင်ထားတာရှိပါတယ်။ အဲတာကြောင့် သူတို့လည်း ဝါးလုံးနဲ့ လမ်းရှင်းပီးသွားရာက အရှေ့ကသွားတဲ့လူမှာထိတာပါ “ ဟု ဖြစ်စဥ်အားသိရှိသည့် ဝကုန်းဒေသခံ တစ်ဦး ကပြောသည်။ မိုင်းနင်းမိသည့် အသက်လေးဆယ်ဝန်းကျင် အမျိုးသားသည် မိုင်းဒဏ်ရာကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပြီး ဘယ်ဘက်ခြေတောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ကာယကံရှင် နှင့် နီးစပ်သူများထံကသိရသည်။ ယခုကဲ့သို့ မိုင်းနင်းမိသည့် ဖြစ်စဥ်မဖြစ်ပွားမီ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းကစ၍ […]

သရက်ချောင်းတွင် ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

January 23, 2025

သရက်ချောင်းမြို့နယ် ပန်းတော ကျေးရွာရထားလမ်းအနီး ဇန်နဝါရီလ ၂၃ ရက်နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြတ်ပရမီပရဟိတအသင်း (သရက်ချောင်း)ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ပန်းတောရွာနှင့် ဆင်ဖြူပြင်ရွာကြား ရထားလမ်းအနီးတွင် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်‌ကြောင်း သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ “ကျွန်တော်တို့ ရောက်သွားတော့ လူနာကဆုံးသွားပြီ သူမှာ ၂၀၀တန် တစ်ရွက်နဲ့ မီးခြစ်တလုံးပဲတွေ့ရတယ်။ ဘယ်ကမှန်းမသိသေးဘူး”ဟု မြတ်ပါရမီပရဟိတအသင်း တာဝန်ရှိသူကပြောသည်။ သေဆုံးသူ စီးလာသည့် မော်တော်ဆိုင်ကယ်နံပါတ်မှာ TNI -9W 31002အမျိုးအစား ဖြစ်ပြီး အစိမ်းပုတ်‌ရောင်ဖြစ်ကြောင်း ၎င်းကပြောသည်။ ယခုလက်ရှိသေဆုံးသူ၏ ရုပ်အလောင်းကို သရက်ချောင်း ဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရှိကြောင်းသိရသည်။ သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ မြတ်ပရမီပရဟိတအသင်း-သရက်မြိုနယ်၏ ဖုန်းနံပါတ်ဖြစ်သော ၀၉၂၅၀၇၆၉၄၀၈ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်နိုင်ကြောင်း ယင်းအဖွဲကထုတ်ပြန်ထားရှိသည်။

ထားဝယ်တွင် တော်လှန်ရေးအဖွဲ့အချို့ တပ်သားသစ်ဖိတ်ခေါ်

Dawei Watch

January 22, 2025

စစ်ကောင်စီတပ်က ထားဝယ်မြို့တွင် အဓမ္မစစ်မှုထမ်းဆောင်စေရန် ဖမ်းဆီးမှုများရှိနေချိန် ဒေသတွင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က တော်လှန်ရေး တပ်သားသစ်များ ဖိတ်ခေါ်နေသည်။ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် အမျိူသားညီညွတ်ရေးအစိုးရ တပ်ရင်းတပ်ဖွဲ့အချို့အပါအဝင် ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း တပ်သားအသစ်များ ခေါ်ယူလျက်ရှိသည်။ အမျိူသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ခွဲ (၇) ဖြစ်သည့် လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့( LPF) တို့က တပ်သားအသစ်ခေါ်ယူ နေခြင်းဖြစ်သည်။ ‌“လက်ရှိမှာတော့ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီက ပေါ်တာဆွဲဖို့ သတင်းထွက်နေတယ်ပေါ့နော်။ တကယ်လို့များ အဲဒါတွေဖြစ်လာခဲ့ရင် ( မြို့ပေါ်မှာ) ဆက်နေလို့မရတော့တဲ့သူတွေ ထိုင်းနိုင်ငံကိုသွားမယ့်အစား တော်လှန်ရေးထဲဝင်လာပြီး တော်လှန်ရေးလုပ်ကြဖို့ တောင်းဆိုချင်တယ်” ဟု ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ […]

ထားဝယ်ရေနက်ဆိပ်ကမ်းကို အင်အားဖြည့်လာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

January 22, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရေနက်ဆိပ်ကမ်းကို အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ရက် မွန်းလွဲ ၂နာရီဝန်းကျင်က ရေနက်ဆိပ်ကမ်းအနောက်ဘက်ပင်လယ်ပြင်တွင် ရပ်ထားသည့် ရေတပ် သင်္ဘောက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှေငယ်များဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ အင်အားဖြည့်တင်းလာစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ကမ်းခြေတွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်-BHA ၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုထက်မြက်က ဆိုသည်။ “သူတို့ ခဲယမ်းတွေစုပုံပြီး နားနေချိန် ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်းဗုံးက ခဲယမ်းပုံထဲပေါက်ကွဲပြီး အကုန်မီးလောင်သွားတာ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ဒရုန်းနှစ်စီးအပါအဝင် လက်နက်ကြီးစိန်ပြောင်း၊ RPG ကျည်ဆန်၊ လက်နက်ခဲယမ်းများနှင့်ရိက္ခာများ မီးလောင်ပေါက်ကွဲသွားသည်ကို […]

လူကြီးလမ်းကြောင်းရှိသည်ဆိုကာ ကံပေါက်တိုက်နယ် လမ်းပိုင်းအချို့ကို မောရဝတီရေတပ်ပိတ်

Dawei Watch

January 21, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ အုန်းပင်ကွင်းနှင့် သဲချောင်းကျေးရွာတို့ကြားရှိလမ်းများကို ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မောရဝတီရေတပ်စခန်းဌာနချုပ်က ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၀ ရက်တွင် တစ်ရက်လုံးနီးပါး လမ်းပိတ်ထားကာ ညနက်မှ ပြန်ဖွင့်ပေးပြီး ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင်မူ နေ့လယ်ပိုင်းက တစ်ချိန်ပြန်ဖွင့်ပေးပြီးနောက် ပြန်ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။ မောရဝတီရေတပ်သို့ဝင်သည့် လမ်းဘေးရှိ အုန်းပင်ကွင်းရွာ စာသင်ကျောင်းအနီး စစ်ကောင်စီတပ်သားများနေရာယူ၍ လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လူကြီးခရီးစဥ်ရှိသဖြင့် လမ်းပိတ်ထားခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်သားများက ဒေသခံများကို ပြောဆိုပြီး မကြာမီ ပြန်ဖွင့်ပေးမည်ဟု ပြောဆိုကြောင်း ဒေသခံများက ပြောဆိုသည်။ “လူကြီးခရီးစဥ်ရှိတယ်ဆိုပြီး ရွာနီးချုပ်စပ်မှာ ပန်းအိုးရှိတဲ့အိမ်တွေမှာ ရေတပ်က ပန်းအိုးလိုက်ငှားနေတယ်။ လမ်းတွေလည်း ပိတ်တယ်။ မနေ့က […]

ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီတပ် ရေကြောင်းဖြင့် အင်အားဖြည့်

Dawei Watch

January 21, 2025

ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီတပ်သည် ယနေ့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းကစပြီး ရေလမ်းအသုံးပြုကာ အင်းအားအများအပြား ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။ ရေနက်ဆိပ်ကမ်းနှင့် ငပိတက်ငယ်ရွာကြားရှိ ဒေသခံများ၏ ငါးဖမ်းလှေများကို ချောဆွဲအသုံးပြု၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “(ရေတပ်) သင်္ဘောက ညကတည်းက တွေ့ရတယ်။ အခုမနက် ဗျစ်နီချောင်းနားကနေ တက်လာကြတာ နေ့လယ်လောက် ကလည်း သေနတ်ပစ်သံကြားရတယ်။ အင်အားက တော်တော်များတယ်လို့ ပြောတယ်” ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာကို အင်အားဖြည့်တင်းနေချိန် ယနေ့ နံနက်ပိုင်းကစပြီး ညနေပိုင်းအထိ ထားဝယ် အထူးစီးပွားရေးဇုန်ဒေသထဲရှိ ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ခြင်း၊ ရဟတ်ယာဥ်ဖြင့် ကင်းထောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ […]