မလွှဲတောင်ဂိတ် ပြန်ဖွင့်လိုက်သော်လည်း ယာဉ်အသွားအလာနည်းပါး
Dawei Watch
March 20, 2024စစ်ကောင်စီက မနေ့(မတ် ၁၉)ကစတင်ပိတ်ထားသည့် မွန်-တနင်္သာရီနယ်စပ် ၊ ရေဖြူမြို့နယ်ရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်နည်းပါးနေသေးကြောင်း ဒေသခံများနှင့် ခရီးသွားများကပြောသည်။ ရေးမြို့ နှင့် ကလိန်အောင်မြို့အကြား မလွှဲတောင်လမ်းပိုင်းတွင် မတ်လ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီဘက်က မလွှဲတောင်ဂိတ်က ဖြတ်သန်းခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။ “ ကားတွေတော့ တဖြည်းဖြည်းချင်းသွားနေကြတယ်။ အများစုကတော့ အခြေအနေစောင့်ကြည့်ပြီးမှ သွားကြမယ် “ ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။ နယ်မြေစိုးမိုးရေးအတွက် တော်လှန်ရေးအဖွဲ့များ၏ လမ်းပိုင်း စစ်ဆေးမှုမှာ မနက် ၇ နာရီမှ ညနေ ၃ နာရီအထိကြာခဲ့ပြီး စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က လေယာဥ်ဖြင့် လာရောက်ကင်းထောက် ပျံသန်းမှုရှိခဲ့သည်ဟု နယ်မြေစိုးမိုးရေး […]