ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား PDF ရဲဘော်တစ်ဦး ဗုံးမတော်တဆမှုကြောင့်သေဆုံး
Dawei Watch
March 28, 2024ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား အသက် ၂၆ နှစ်အရွယ် PDF ရဲဘော်ပျိုစင်သည် ဗုံးမတော်တဆမှုကြောင့် သေဆုံးကြောင်း အဆိုပါရဲဘော်နှင့်နီးစပ်သူများထံက သိရသည်။ ရေဖြူမြို့နယ်၊ အနောက်ဘက်ကမ်းတွင် မတ်လ ၂၄ ရက်က ဒရုန်း ဗုံးသီးတပ်ဆင်စဉ် မတော်တဆဖြစ်ခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။ ရဲဘော်ပျိုစင်သည် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ၏ ရဲဘော်ဖြစ်ပြီး ထားဝယ်တက္ကသိုလ် စိတ်ပညာအထူးပြု အဝေးသင်ဒုတိယနှစ်ကျောင်းသားလည်းဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ စျာပနကို စစ်အခမ်းအနားဖြင့် မတ်၂၆ ရက်က ၎င်း၏ မိခင်တပ်ရင်းတွင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ယင်းတပ်ရင်း၏ ရဲဘော်များက ဆိုသည်။ ရဲဘော်ပျိုစင်ကျဆုံးမှုအပေါ် တက္ကသိုလ်ကျောင်းသားအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးရဲဘော်အဖြစ်လည်းကောင်း စိတ်မကောင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ကိုသက်ယံက ပြောသည်။ ၎င်းအတွက် ဝမ်းနည်းပူဆွေးမှုကို […]