BREAKING
February 28, 2025

ထားဝယ်

တပေါင်းလပြည့်က ထားဝယ်တွင်မွေးဖွားခဲ့သည့် ကလေးသုံးမွှာပူးတွင် တစ်ဦးကွယ်လွန်

Dawei Watch

March 30, 2024

တပေါင်းလပြည့် (မတ် ၂၄)နေ့က ထားဝယ်မြို့၊ မြင့်မိုရ်ဦး ဆေးရုံတွင် မွေးဖွားခဲ့သည့် ယောက်ျားကလေးသုံးမွှာပူးအနက် မတ် ၂၈ ရက်က တစ်ဦးကွယ်လွန်သွားကြောင်း ၎င်းတို့၏မိသားစုထံကသိရသည်။ မတ်လ ၂၆ ရက်က ရုတ်တရက်နေမကောင်းဖြစ်လာသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ပြီး ဆေးကုသရင်း ၂ ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ “ ကလေး နေမကောင်းဖြစ်ပြီး ဆုံးသွားတာပါ။ ဆရာမတွေလည်း အစွမ်းကုန်ကုသပေးခဲ့ကြပါတယ်“ ဟု မိသားစုဝင်တစ်ဦးကပြောသည်။ ကလေးငယ်၏ စျာပနကို ထားဝယ်မြို့ ဇဟာသုဿာန်တွင် မတ်လ ၂၉ ရက်နေ့ ကပြုလုပ်ခဲ့သည်။ ကလေးသုံးမွှာပူးတို့၏ မိဘများသည် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မိကျောင်းအိုင်ရပ်ကွက်မှ ဖြစ်သည်။

ထားဝယ်မြို့တွင် အပူချိန် စံချိန်သစ်ထပ်တင်

Dawei Watch

March 30, 2024

ထားဝယ်မြို့တွင် မတ်လ ၂၉ ရက်နေ့က နေ့အပူချိန်စံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)​ ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်က စံချိန်ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၆ ရက်ကလည်း ကော့သောင်းမြို့တွင် အပူချိန် ၄၀ဒသမ၂ ဒီဂရီ ဆဲလ်စီယပ် (၁၀၄ဒသမ၄)​ ဒီဂရီဖာရင်ဟိုက်ဖြင့် ၂၀၁၅ ခုနှစ်က အပူချိန် ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့သည်ဟု မိုးဇလ၏ မှတ်တမ်းတွင်ဖော်ပြထားသည်။ မတ်လ ၃၀ ရက် ညနေအထိ မိုးဇလ၏ မိုးလေဝသထုတ်ပြန်ချက်အရ ထားဝယ်မြို့တွင် အပူချိန် ၃၂ မှ၄၀ ဒီဂရီစင်တီဂရိတ်အကြားတွင်ရှိပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနေ ကြောင်း သိရသည်။ […]

စစ်ကောင်စီက ကလိန်အောင်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး နှစ်ဦးဖမ်းဆီး

Dawei Watch

March 30, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ကို မတ်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကား ၂ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်သုံးလုံးကိုဝင်ရှာကာ လင်မယားနှစ်ဦး ကိုဖမ်းဆီးခဲ့ကြောင်း ကလိန်အောင်မြို့ခံများကပြောသည်။ အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်၂လုံးနှင့် အမှတ် ၂ ရပ်ကွက်ရှိနေအိမ်တစ်လုံး တို့ရှာဖွေခံရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ အမှတ် ၃ ရပ်ကွက်မှာ လူမနေတဲ့အိမ်တစ်အိမ်နဲ့ အိမ်မှားပြီးရှာခံရတာတာတစ်အိမ် ရှာခံရတယ်။ အမှတ် ၂ က တစ်အိမ်ထပ်အရှာခံရတယ်” ဟု အမှတ် ၃ ရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။ ရှာဖွေခံရပြီးနောက် အမှတ် ၂ ရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် လင်မယားနှစ်ဦးကို ဖမ်းခေါ်သွားပြီး ယနေ့(မတ်၃၀) ညနေအထိ ပြန်မလွှတ်သေးကြောင်း သိရသည်။ […]

ကလိန်အောင်အနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် PDF တပ်ခွဲမှူးတစ်ဦးကျဆုံး

Dawei Watch

March 30, 2024

ရေး – ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်နှင့်ကလိန်အောင်အကြားရှိ ကျေးရွာများကို စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့ နေလယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် PDF တပ်ခွဲမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ထံကသိရသည်။ ကျဆုံးသည့် တပ်ခွဲမှူးသည် ဒေါနစစ်ကြောင်း တပ်ခွဲ ၇ တပ်ခွဲမှူး ရဲဘော်မိုးသီး ဖြစ်ကြောင်း ယနေ့ (မတ် ၃၀) ထုတ်ပြန်သည့် ဒေါနစစ်ကြောင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီခွဲဝန်းကျင်အထိ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ဘက်မှ တက်လာသည့် ဂျက်ဖိုက်တာလေယာဥ်နှင့် ဟက်စကီးလေယာဥ် တို့ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူက ပြောပြသည်။ […]

လောင်းလုံးတွင် ယနေ့မနက် ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်

Dawei Watch

March 29, 2024

လောင်းလုံးမြို့နယ်၊သာယာကုန်းကျေးရွာအနီးတွင် ယနေ့(မတ် ၂၉) မနက်က ပေါက်ကွဲပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးထားဝယ် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က မြေတင်ကားတစ်စီး မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအကျော်၌ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ” အရင်က အလောင်းတွေ့တဲ့နေရာ ပေါက်ကွဲသံတစ်ချက်ကြားပြီးတာနဲ့ မြေတင်ကားတစ်စီး ဖြတ်သွားတာတွေရတယ်။ ကားပေါ်ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်တာ ကြားလိုက်ရတယ်”ဟု ဒေသခံကပြောသည်။ ‌အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် ကားမှာ လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးလိုက်ပါလာသည့်ကားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါသည့် ကားဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “လောင်းလုံးစခန်းမှူးကားနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ကားပါ “ဟု ၎င်းတပ်ဖွဲ့ဝင်ကပြောသည်။ ပေါက်ကွဲပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါမြေတင်ကားမှာ ထားဝယ်မြို့ဘက် ဆက်လက်ထွက်ခွာသွားသည်ဟုဆိုသည်။ ပေါက်ကွဲပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ အသေးစိတ်မသိရသေးပေ။

သရက်ချောင်းမြို့နယ် NLD အမတ်ဟောင်း ဦးဝေဝေလွင်ကို ထောင်သုံးနှစ်ချ

Dawei Watch

March 29, 2024

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သည့် ဦးဝေဝေလွင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။ ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းတွင် ဦးဝေဝေလွင်ကို ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်ကိုမူ အတိအကျမသိရပေ။ ဦးဝေ‌ဝေလွင်မှာ သရက်ချောင်းမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနစ်ရွေးကောက်ပွဲအနိုင်ရ ဦးဝေဝေလွင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါဝင်အရွေးခံခြင်းမရှိတော့ဘဲ မိသားစုနှင့်အတူ ထားဝယ်မြို့တွင်နေထိုင်လျက်ရှိသည်။ ၂၀၂၄ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဦးဝေဝေလွင်သည် ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားခဲ့ကြောင်း နီးစပ်သူတို့ကဆိုသည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဦးဝေဝေလွင်ကို နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူ့ကို( ဦးဝေဝေလွင်ကို) က ၂၀၂၁၊ ၂၀၂၂ ခုနစ်ကတည်းက အမှုဖွင့်ထားတယ်ဆိုပြီးပြောတယ်။ ဖမ်းခံရပြီးမှ အဲဒါတွေပြောတာ” […]

ထားဝယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကွယ်လွန်

Dawei Watch

March 29, 2024

ထားဝယ်နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိန်သည် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှသိရသည်။ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဦးအောင်စိန်သည် ထားဝယ်နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌတာဝန်ကို ဆယ်နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထားဝယ် နာရေးကူညီမှုအသင်း၏အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။ “ဆီဆုံဆရာတော်လွန်ပြီးတဲ့နောက်မှာ အသင်းပြန်ဖွဲ့စည်းချိန်ကစပြီး ဦးအောင်စိန်က ဥက္ကဋ္ဌ တာဝန်နဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးအောင်စိန်၏ရုပ်အလောင်းကို ထားဝယ်မြို့ အိမ်ရှေ့ပြင်လမ်းဆုံ၊ အမှတ် ၆၅၃ နေအိမ်တွင် ထားရှိမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ တနင်္လာနေ့တွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံသုဿာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ထားဝယ်ထောင်တွင် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီးခြေကျိုး

Dawei Watch

March 28, 2024

ထားဝယ်အကျဉ်းထောင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ မတ်လ ၂၂ ရက်တွင် ထောင်အာဏာပိုင်များက သစ်ပင်အကိုင်းခုတ်ခိုင်းသဖြင့် တက်ခုတ်ရာမှ ပြုတ်ကျခြင်းဖြစ်ပြီး ၎င်းကို ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ သစ်ပင်ပေါ်က ပြုတ်ကျသည့်အကျဥ်းသားသည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူခိုးလက်ခံအမှုဖြင့် ထောင်ကျနေသူ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ “ခြေထောက်တစ်ဘက်က ဒူးအောက်ကနေ ခြေဖဝါးအထိ ကျိုးသွားတာ၊ ကျောက်ပတ်တီး စည်းထားရတယ်။ ရေသဖန်းပင် အကိုင်းခုတ်ခိုင်းရင်း ပြုတ်ကျတယ်” ဟု ကာယကံရှင်မိသားစု၏ ပြောပြချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။ မတ်လ၂၈ ရက်အထိ ထားဝယ်ဆေးရုံ တွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး မိသားစုနှင့် တွေ့ခွင့်ရကြောင်း ၎င်းက […]