BREAKING
February 28, 2025

ထားဝယ်

ရေဖြူ၊ ညင်းထွေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

Dawei Watch

April 6, 2024

ရေဖြူမြို့နယ် ၊ ကျောက်ကညာရွာနှင့် ညင်းထွေးရွာအကြားရှိ ညင်းထွေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂ဝ ဦးကို ဧပြီလ ၄ ရက် ညနေက ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ “ အလစ်အငိုက် ဝင်ဝိုင်းပစ်ကြတာပါ။ အုပ်ချုပ်ရေးမှူး အိမ်မှာ စစ်တပ်က ကျွန်တော်တို့(PDF)တွေရဲ့ အသွားအလာကို စောင့်ကြည့်ဖို့ လာတပ်စွဲထားတာ” ဟု သွားရောက်တိုက်ခိုက်ရာတွင်ပါဝင်သည့် DGRF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် လက်နက်ငယ်များအပြင် ၆၀ မမ လက်နက်ကြီးများလည်း အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုကို DGRF ၊ DDPDF ၊ ဥဩတပ်ခွဲ (၁) နှင့် […]

သင်္ဃန်းညီနောင်စစ်ဗျူဟာကို သိမ်းယူလိုက်ကြောင်း KNLA ထုတ်ပြန်၊ မြဝတီ ခလရ ၂၇၅ တပ်က လက်နက်ချရန် ညှိနှိုင်းနေဟု သတင်းထွက်

Dawei Watch

April 6, 2024

စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ရက် ညတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဗဟိုက သတင်းထုတ်ပြန်သည်။ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ ရက်နံနက် ၈ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး မွန်းလွဲ ၁နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စခန်းသိမ်းပိုက်ရာတွင် ၁၂၂ လက်နက်ကြီး နှစ်လက် ၊ ၁၂၀လက်နက်ကြီး နှစ်လက်အပါအဝင် အခြားလက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိကြောင်း ဆိုသည်။ သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇နှင့် ရဲစခန်းတို့ကို KNLAနှင့် ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခမရ […]

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးမတော်တဆမှုကြောင့် ဆေးကုနေရသည့်ရဲဘော်သေဆုံး

Dawei Watch

April 6, 2024

ဗုံးမတော်တဆမှုကြောင့် ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁) က အသက် ၂ဝ ဝန်းကျင်အရွယ် ရဲဘော်ပိုးစိုင်သည် ဧပြီလ ၅ ရက်တွင် သေဆုံးကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။ ရဲဘော်ပိုးစိုင်သည် မတ်လ ၂၄ ရက်က ရေဖြူမြို့နယ်တစ်နေရာတွင် ဒရုန်း ဗုံးသီးတပ်ဆင်စဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့သည့် ရဲဘော်ပျိုစင်နှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကွန်ပျူတာက ပြောသည်။ ပြီးခဲ့သည့် မတ်လအတွင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတွင် ရဲဘော်လွတ်လပ်၊ ရဲဘော်ပျိုစင်၊ ရဲဘော်ဂူဂျွန်ဘိတ်နှင့် ရဲဘော်မင်းသွေးတို့ လေးဦး သေဆုံးခဲ့ကြောင်း ယင်းတပ်ရင်း၏ မှတ်တမ်းအရသိရသည်။

အရေးပေါ်ကိစ္စများအတွက် ရေး – သရက်ချောင်းလမ်းပိုင်းကို ညပိုင်းသွားလာခွင့်ပြုမည်

Dawei Watch

April 4, 2024

ရေးတောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အထိ ညဘက်သွားလာခွင့်ပိတ်ထားသော်လည်း အရေးပေါ်ကိစ္စများ အတွက် ခွင့်ပြုကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုများက ယနေ့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်သည်။ ယင်းလမ်းကို ည ၆နာရီ မှ နံနက် ၆နာရီအတွင်း ညဘက် သွားလာခွင့် ပိတ်ပင်ကြောင်း မတ်လ ၃၁ရက်တွင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ နောက်ဆက်တွဲအဖြစ် ယနေ့ထပ်မံထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။ “ပြည်သူတွေရဲ့ကျန်းမာရေး၊ နာရေးကိစ္စတွေက ဒါတွေက အရေးကြီးတယ်။ ပိတ်ပင်တားဆီးခွင့် မရှိပါဘူး။ အဲဒါကြောင့် နောက်ဆက်တွဲ အရေးပေါ်ကိစ္စအတွက် ပြန်ကြေညာတာပါ” မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့ဝင် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ အရေးပေါ်ကိစ္စများအတွက် လမ်းပိုင်းဖြတ်သန်းရန် အရေးပေါ်ဆက်သွယ်နိုင်မည့် Hotline ဖုန်းနံပါတ်များ ထုတ်ပြန်ပေးရန် လည်း […]

ထားဝယ်ထောင်ပြင်ပ ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရ

Dawei Watch

April 3, 2024

ထားဝယ်အကျဉ်းထောင် ပြင်ပသို့ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ ဧပြီလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ မတ်လ ဒုတိယအပတ်က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် ဖုန်းအချို့ဖမ်းမိပြီး အကျဉ်းသား ၂၀ ကျော် အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရကာ တိုက်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ ယင်းအနက် နိုင်ငံရေးအကျဉ်းသား ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်းနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို ခေါင်းစွပ်အနက်ရောင် စွပ်ပြီး စရဖတပ်ဖွဲ့ဝင်များက ထောင်အပြင်ကိုခေါ်ထုတ်သွားကြောင်း DPPN က ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးသည် ထောင်တွင်းမှ ဖုန်းဖြင့် PDF များကို အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်ကာ စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ စစ်ဆေးနေချိန်တွင် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ရတာဖြစ်ကြောင်း စရဖတပ်ဖွဲ့ဝင်များက […]

ပကာရီကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်၊ လက်နက်ကြီးကျသဖြင့် အိမ်တစ်လုံးမီးလောင်

Dawei Watch

April 3, 2024

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတိုက်ပွဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့နှင့် တပ်ခွဲမှူးတစ်ဦးက ပြောသည်။ ထားဝယ်မှ ရေဝိုင်း-ပကာရီကျေးရွာဘက်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ ၂ ရက် နံနက် ၈ နာရီခွဲတွင် ရေဝိုင်းလမ်းဆုံအနီး၌ တိုက်ပွဲဖြစ်ပွားကြောင်း ပူးပေါင်း တပ်ဖွဲ့က တပ်ခွဲမှူးတစ်ဦးက ဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်က စစ်ကူလာပြီး စစ်ကြောင်းနှင့် ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ တော်လှန်ရေးတပ်များဘက်လည်း ကရင်တပ်များဖြစ်သည့် KNLA၊ KTLAတို့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်နှင့် ပကာရီကျေးရွာ ရေလယ်အင်းအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း တပ်ခွဲမှူးက ပြောသည်။ နံနက် ၈နာရီခွဲမှ နေ့လယ် ၁၂နာရီခွဲခန့်အထိ […]

တနင်္သာရီက စစ်ကောင်စီတပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

Dawei Watch

April 3, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် ညောင်ပင်ကွင်းရွာတံတားရှိ စစ်ကောင်စီ တပ်သား များကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၁) ထံမှ သိရသည်။ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ၅၆၁ ခြေမြန်တပ်ရင်းနှင့် တံတားရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီး၊ ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်း၏ တာဝန်ရှိသူက ပြောသည်။ နှစ်နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲအတွင်း သူတို့ဘက်က စစ်ကူလာတာမျိုးတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ ဘက်က ၄၀ မမ (လက်နက်ကြီး) ရော ဒရုန်းကိုရော အသုံးပြုပြီးတိုက်ခိုက်ခဲ့တာဆိုတော့ သူတို့ဘက်က အထိအခိုက်ရှိနိုင်တယ်ပေါ့။ အသေးစိတ်ကို စုံစမ်းနေတုန်း ပါ” […]

ဇဟာရွာသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

Dawei Watch

April 3, 2024

ထားဝယ်မြို့နယ်၊ ဇဟာရွာတွင် ယနေ့ ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မိုင်းနင်းမိသူမှာ အသက် ၃၀ကျော် အရွယ်ရှိ ကိုဟန်မျိုးနောင် ဆိုသူဖြစ်ပြီး နေအိမ်မှ ဥယျာဉ်ခြံသို့ တောရပ်လမ်းအတိုင်း ဆိုင်ကယ်ဖြင့်သွားစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အရင်က အဲဒီနေရာ အနားတစ်ဝိုက်မှာပဲ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရဖူးတယ်” ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသည့်အတွက် ကိုဟန်မျိုးနောင်၏ လက်နှင့် ခြေထောက်များတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇဟာရွာတွင် ဖေဖော်ဝါရီလမှ ယနေ့အထိ မိုင်းနင်းမိသူ လေးဦးအထိ ရှိလာသည်။ လေးဦးအနက် တစ်ဦးမှာ သေဆုံးခဲ့ပြီး […]