သရက်ချောင်းမြို့ ပန်းတောရပ်ကွက်က ကျောင်းထိုင်ဘုန်းကြီးနှင့် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
Dawei Watch
April 9, 2024သရက်ချောင်းမြို့ ပန်းတောရပ်ကွက်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေး စစ်ကြောင်းတစ်ခုက ဧပြီလ ၇ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပန်းတောရပ်ကွက်က ပေါက်ကိုယ်တော် (ခေါ်) ကျောင်းထိုင်ဘုန်းကြီးနှင့် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ အသက် ၅၀ ကျော်အရွယ် စောအယ်ဒိုဆိုသည့် အမျိုးသားတို့ကို ဖမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သရက်ချောင်းမြို့ပေါ်ရပ်ကွက်တစ်ခု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကမူ သရက်ချောင်းမြို့ကို ဧပြီ ၈ ရက်နေ့တွင် ဝင်တိုက်မည်ဆိုသည့် သတင်းထွက်ပြီးနောက် ယင်းမတိုင်မီတစ်ရက်အလိုတွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ပြောသည်။ “ဘာလို့ဖမ်းသွားတာလဲဆိုတာတော့ မသိဘူး။ အဲ့ဒီဘုန်းကြီးက မဘသအဖွဲ့ဝင်ဘုန်းကြီးလို့တော့ပြောတယ်။ ရေကန်တောင် နားမှာ ဖမ်းသွားတာလို့ကြားတယ်။ အမျိုးသားက အရင်စစ်အစိုးရလက်ထက်တုန်းက အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူပဲ၊ မနေ့ မနက်ကလည်း ဆင်ကူးရွာက လမ်းမမှာ PDF တွေ ကားတာယာကွင်းတွေချပြီး […]