ထားဝယ်တွင် အလှည့်ကျ လျှပ်စစ်ဓာတ်အားပေးရန် ထုတ်ပြန်ထားသော်လည်း သတ်မှတ်ချိန်အတိုင်း ပေးနိုင်ခြင်းမရှိ
Dawei Watch
May 3, 2024စက်ချို့ယွင်းနေသဖြင့် လျှပ်စစ်ဓာတ်အားမလုံလောက်သည့်အတွက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဟု ကုမ္ပဏီက အချိန်ဇယားထုတ်ပြန်ထားသော်လည်း သတ်မှတ်အချိန်တိုင်း ဓာတ်အားမပေးနိုင်သဖြင့် လျှပ်စစ်ကုမ္ပဏီမှာ ဝေဖန်ခံနေရသည်။ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီ Petrol & Trans သည် ဓာတ်အားအလှည့်ကျပေးမည့်အချိန်ဇယားကို နှစ်ကြိမ်တိတိ ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ကြေညာထားသည့်အတိုင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပေ။ ယင်းနောက် ဒုတိယအကြိမ် အလှည့်ကျဓာတ်အားပေးမည့်ဇယားကို ထပ်မံထုတ်ပြန်လာပြန်သည်။ ဒုတိယအကြိမ်တွင်မူ A၊ B၊ C ဟု အုပ်စု သုံးစုခွဲလိုက်ပြီး တစ်အုပ်စုလျှင် ၄ နာရီအကြာ ဖြန့်ဖြူးပေးမည်ဟု ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုပြင်ဆင်သည့်အတိုင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပြန်ကြောင်း […]