ကံပေါက်က CDM ဆရာမနှစ်ဦး ထောင်ဒဏ် လေးနှစ်စီချမှတ်ခံရ
Dawei Watch
May 8, 2024ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက CDM ဆရာမနှစ်ဦး ကို စစ်ကောင်စီက မေလ ၇ ရက် တွင် ထောင်ဒဏ် လေးနှစ်စီချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မောရဝတီရေတပ်က ဖမ်းဆီးသွားသည့် CDM ပညာရေးဝန်ထမ်း လေးဦးအနက် ကံပေါက်၊ မဂ္ဂင်ရပ်ကွက်က ဆရာမဒေါ်ယဥ်ယဥ်အေး နှင့် မိကျောင်းအိုင်ရပ်ကွက်က ဆရာမဒေါ်သက်သက်မော်တို့နှစ်ဦးကို ရေဖြူမြို့နယ် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ “အမိန့်ချပြီး ရေဖြူအချုပ်ကနေ ထားဝယ်ထောင်ကို ဒီနေ့ (မေ ၈) ပို့လိုက်တယ်။ အစ်မကတော့ လူငယ်ဆိုတော့ ကျန်းမာရေး သိပ်မထိခိုက်ပေမယ့် ဆရာမ (ဒေါ်ယဥ်ယဥ်အေး) ကတော့ အတော်လေးပိန်သွားတယ်” ဟု ဆရာမ ဒေါ်သက်သက်မော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ […]