BREAKING
February 27, 2025

ထားဝယ်

သရက်ချောင်းဒေသခံ ငါးထောင်ကျော် တိမ်းရှောင်နေရဆဲ

Dawei Watch

May 13, 2024

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားက ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။ ပဲဒက်စခန်း သိမ်းယူခံရပြီးနောက် စစ်‌ကောင်စီတပ်က မေလ ၈ ရက်၊ ၁၀ ရက်တို့တွင် ကနက်သီရိအပါအဝင် အနီးအနားကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် လူငယ်နှစ်ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားသုံးဦး သေ‌ဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ၉ ဦး ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းအပြင် ကနက်သီရိရွာ အထက်ကျောင်း‌တစ်ကျောင်း၊ ရငဲရွာရှိ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။ […]

ထားဝယ်တွင် လျှပ်စစ်မီး တစ်ရက် အနည်းဆုံး ကိုးနာရီကြာ အလှည့်ကျပေးတော့မည်ဟု လျှပ်စစ်ကုမ္ပဏီဆိုပြန်

Dawei Watch

May 13, 2024

ထားဝယ်ခရိုင်တွင် မီးစက်နှစ်လုံး ပြုပြင်ပြီးဖြစ်သောကြောင့် တစ်ရက်လျှင် အနည်းဆုံး ၉နာရီမှ အများဆုံး ၁၅ နာရီအထိ အလှည့်ကျ မီးပေးတော့မည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် Petro & Trans ပုဂ္ဂလိက ကုမ္ပဏီက ထုတ်ပြန်သည်။ ထားဝယ်ခရိုင်အတွင်း အလှည့်ကျဓာတ်အားပေးမည့် အချိန်ဇယားကို အဆိုပါကုမ္ပဏီက ယနေ့ မေလ ၁၃ ရက်တွင် ပြင်ဆင်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။ ယခုအကြိမ်မှာ တတိယအကြိမ်ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက် ဒုတိယအကြိမ် ပြန်ပြင်ဆင်ခဲ့ပြီး A၊ B၊ C ဟု အုပ်စု သုံးစုခွဲပြီး တစ်အုပ်စုလျှင် ၄ […]

ထားဝယ်အိမ်ရှေ့ ပြင်ဂိတ်အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြို့ဝင်ထွက်ဂိတ်များပိတ်ထား

Dawei Watch

May 13, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၁၃ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ဂိတ်များကို ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ ရန်ကုန်-ထားဝယ် ကာလမ်းပေါ်ရှိ အိမ်ရှေ့ပြင်ဂိတ်ကို ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ရမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “နှစ်ဖက် ပစ်တယ်။ အရပ်သားတွေလည်း ထိထားတယ်၊ ဆိုးဆိုးရွားရွားပဲ” ဟု ၎င်းက ပြောသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဂိတ်အနီးရှိ အရပ်သားနှစ်ဦးထက်မနည်း ထိမှန်ဒဏ်ရာရထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လောလောဆယ်ဒီမှာ အသုဘပို့ယာဉ်တန်းတွေပါ ပိတ်မိနေတယ်” ဟု အခြားမြို့ခံတစ်ဦးကလည်း ပြောဆိုသည်။ ယင်းအပြင် အိမ်ရှေ့ပြင်ဂိတ်မှာ ခုနစ်မိုင်ခန့်ဝေးသည့် မောင်မယ်ရှောင်ရွာတွင်လည်း လက်နက်ကြီး […]

ထားဝယ်မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

May 13, 2024

ထားဝယ်မြို့ ပေါ် ၌ မေလ ၁၂ ရက်ည သန်းခေါင်ယံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ သဲကွင်းအနီး၊ ကမ်းနားလမ်း၌ ည‌ ၁၁ နာရီကျော်‌တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲသံတစ်ချက် ကြားရပြီးနောက် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း မြို့ခံတို့က ဆိုသည်။ “ပေါက်ကွဲသံကြားပြီးတာနဲ့ သေနတ်ပစ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာပဲ” ဟု မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်ကောင်စီ ကင်းလှည့်နေသည့် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှစုံစမ်းသိရှိရသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ “မိုင်းဆွဲခံရတဲ့ ကားက သုံးယောက်သေတယ်လို့ ကြားရတယ်။ ထုတ်ပြန်လိမ့်မယ်ထင်တယ်” ဟု ၎င်းက […]

မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ကံပေါက်အဝင်လမ်းပိတ်ထား

Dawei Watch

May 11, 2024

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်က မေလ ၉ ရက်နှင့် ၁ဝ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ယနေ့ (မေ ၁၁)တွင် ကံပေါက်တိုက်နယ် အဝင်လမ်းကို ပိတ်ထားသည်ဟု ဒေသခံများထံကသိရသည်။ “မနက်ပိုင်း ကားစထွက်ချိန်ကစပြီး ဂန့်ဂေါ်တောင်သစ်တောရုံးဂိတ်က ပေးမဖြတ်တော့လို့ ပြန်လှည့်လာရတယ်။ ထားဝယ်ကားတွေလည်း မဆင်းလာကြဖို့ အကြောင်းကြားလိုက်ရတယ်” ဟု ကံပေါက်ရွာက ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။ လမ်းပြန်ဖွင့်မည်အချိန်နှင့်နေရက်ကို ပြန်လည်ပြောကြားခြင်းမရှိသေးသဖြင့် မနက်ဖြန်တွင်လည်း လမ်းဖွင့်ရန်မသေချာသေးကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်ပင် စစ်ကောင်စီက ယင်းဂိတ်တွင် ၄ ကြိမ်ထက်မနည်းလမ်းပိတ်ခဲ့ပြီး အများဆုံး ၂ ရက်ကြာအထိပိတ်ခဲ့ဖူးသည်ဟု ၎င်းကဆက်ပြောသည်။ ရေး – ထားဝယ် ကားလမ်းပိုင်းတွင်မူ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ယာဉ်မောင်းများထံကသိရသည်။ ကံပေါက်လမ်းပိုင်း မပိတ်မီ မေလ ၉ ရက်နှင့် […]

ကနက်သီရီရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ အမျိုးသားသုံးဦးသေ

Dawei Watch

May 10, 2024

သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာကို စစ်ကောင်စီက ယနေ့ (မေ ၁ဝ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်နှစ်စီးနှင့် ဂျက်ဖိုက်တာတစ်စီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ဝ ဝန်းကျင်အရွယ်ရှိ ကနက်သီရီရွာသားများဖြစ်သည့် ဦးနောင်ဂေါ ၊ ဦးနိုင်ကြီးနှင့် ဦးညီဦးတို့ သုံးဦး ဗုံးသီးထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ ၎င်းတို့သုံးဦး ရုပ်အလောင်းများကို ချက်ချင်းသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။ “ပြည်တော်သာထိပ်(ရပ်ကွက်) ကို ဗုံးကြဲချလိုက်တာ။ တစ်ယောက်ဆို ခန္ဓာပါပြတ်သလိုဖြစ်သွားတယ် ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။ ရေတပ်သင်္ဘော၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနက်သီရီရွာ ၊ ဘဲစားတန်းရပ်ကွက်ရှိ နေအိမ်အချို့ ထိမှန်ပျက်စီးသွားကြောင်း ၎င်းကဆက်ပြောသည်။ ရွာသားအများစု ရှောင်တိမ်းနေကြဆဲဖြစ်သဖြင့် နေအိမ်ထိခိုက်မှုအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း Dawei Watch က […]

ကလိန်အောင်မြို့အနီး စစ်ရဟတ်ယာဉ် ပျံဝဲ၍ မြို့ခံများစိုးရိမ်၊ ဇင်းဘာရွာသားများလည်း ရွှေ့ပြောင်း

Dawei Watch

May 10, 2024

တနင်္သာရီတိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်တိုက်ရှိနေချိန် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် ယနေ့ မေလ ၁ဝ ရက် မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ် ပျံဝဲနေသဖြင့် မြို့ခံများ စိုးရိမ်နေကြောင်း မြို့ခံတို့က ပြောသည်။ တိုင်းအတွင်း သရက်ချောင်း၊ လောင်းလုံး၊ တနင်္သာရီမြို့နယ်တို့တွင် ယခုသီတင်းပတ်အတွင်း စစ်ကောင်စီက မြို့ရွာများအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဆောင်နေပြီး ဒေသခံများထိခိုက်သေဆုံးမှုရှိနေသဖြင့် စိုးရိမ်ကြောင်း မြို့ခံတို့က ဆိုသည်။ “မနက်ပိုင်းက အသွားအလာရှိသေးတယ်။ လေယာဉ်သံကြားပြီးနောက်ပိုင်း အိမ်တံခါးတွေ ပိတ်ထားကြပြီး အသွားအလာ မရှိတာ့ဘူး။ အရေးပေါ်ဖြစ်လာရင် ပြေးကြဖို့ အခုပြင်စရာရှိတာ ပြင်နေကြတယ်” ဟု ကလိန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မေလ ၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများ ဇင်းဘာလမ်း၌ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရသည်။ ဇင်းဘာလမ်းကို ရေး-ထားဝယ်ကားလမ်းမမှ ဝင်ရသည်။ […]

တနင်္သာရီက အမျိုးသမီးစစ်ရှောင်များ မိုးတွင်းအတွက် လစဉ်သုံးနှင့် အတွင်းခံများ အကူအညီလို

Dawei Watch

May 10, 2024

တနင်္သာရီမြို့နယ်ရှိ အမျိုးသမီးစစ်ဘေးရှောင်များ လာမည့် မိုးတွင်းအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အတွင်းခံများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အကူအညီလိုအပ်နေကြောင်း နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သောနှစ် မိုးရာသီအတွင်းက အမျိုးသမီးစစ်ဘေးရှောင်ဒုက္ခသည်များသည် လစဉ်သုံးပစ္စည်းများ၊ အတွင်းခံနှင့် အခြား အဝတ်အထည်ပစ္စည်းများ လုံလောက်မှု မရှိခဲ့သဖြင့် ကျန်းမာရေးပြဿနာများစွာ ကြုံတွေ့ခဲ့ရကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “မိုးတွင်းဆို အတွင်းခံတွေ မလုံလောက်ဘူး။ လျှော်ပြီး လှန်းထားတယ်။ ပြီးတော့ မခြောက်ဘူး။ ရေစိုနေသေးတယ်ဆိုတော့ အချိန်မရွေး မှိုတွေ တက်လာနိုင်တယ်လေ။ အဲဒီကနေမှ အမျိုးသမီးကိုယ်ထဲ ဝင်ပြီး ယားယံတာတွေ ဖြစ်လာတာများတယ်” ဟု နွေဦးမေတ္တာအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နောက်ဆက်တွဲအနေဖြင့် မိန်းမကိုယ် ယားယံခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ ပိုမိုဖြစ်လာကြကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိတွင် မြို့နယ်အတွင်း […]