ထားဝယ်မြို့အဝင်၌ မကွဲဘဲကျန်သည့် လက်နက်ကြီးကျည် စစ်ကောင်စီတပ် လာရှင်း
Dawei Watch
May 16, 2024ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင် မကွဲသေးဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်တစ်လုံးကို ယနေ့ မေလ ၁၆ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ အိမ်ရှေ့ပြင်ရပ်ကွက် ရေးလမ်းရှိ သဂရရွှေပြည်ဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ခြံတစ်ခြံတွင် မြေကြီးထဲ စိုက်ဝင်နေသည့် လက်နက်ကြီးကျည် တစ်လုံးကို ခြံပိုင်ရှင်စတင်တွေ့ရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ဒီနေ့ သူ့ခြံကို သစ်ပင်ရေလောင်းသွားရာက တွေ့တာ” ဟု ၎င်းက ဆိုသည်။ အဆိုပါလက်နက်ကြီးကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးအဖွဲ့ လာရောက်ရှင်းလင်း သိမ်းဆည်းသွားကြောင်း မြို့ခံတို့က ပြောဆိုသည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ယနေ့ နံနက်ပိုင်းတွင် အိမ်ရှေ့ပြင်ရပ်ကွက်က ရပ်ကွက်သူ၊ ရပ်ကွက်သားများကို ပြောင်းရွှေ့ခိုင်းထားသည်ဟု ထားဝယ်မြို့ပေါ်တွင် ကောလာဟလထွက်ပေါ်ခဲ့ ကြောင်း မြို့ခံများက ဆိုသည်။ […]