KNU တပ်မဟာ ၄ တပ်ရင်း ၁၀ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦးသေဆုံး
Dawei Watch
May 18, 2024KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) က ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦး မေလ ၁၇ ရက် နံနက်ပိုင်းက ထားဝယ်အရှေ့တောဒေသတွင် သေဆုံးကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ကျောက်မဲတောင်စခန်းအနီး လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်စစ်ကြောင်း တက်လာမည့် လမ်းကြောင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့် ဒုတပ်ရင်းမှူး သေဆုံးခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “တက်လာမယ့် ရန်သူစစ်ကြောင်းကို ဖြတ်တောက်ရန်အတွက် လက်နက်ကြီးကျည်ကိုထောင်တဲ့အချိန် မတော်တဆ ပေါက်ကွဲတယ်။ ပေါက်ပြီးတော့သူလည်းထိတယ်။ သူလည်းဆုံးတယ်၊ သူ့တပည့်နှစ်ယောက်လည်း ဆုံးတယ်” ဟု ၎င်းက ပြောသည်။ ဗိုလ်မှူးလားထော်နှင့်အတူ သေဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ ရာထူးနှင့် အမည်အသေးစိတ်ကို မသိရသေးကြောင်း […]