ယခုနှစ်မိုးရာသီ လောင်းလုံးတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ သစ်ပင် ၂၅၀ဝ စိုက်မည်
Dawei Watch
May 27, 2024လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ၏ နံဘေးတွင် ယခုနှစ် မိုးရာသီ၌ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က သစ်ပင် ၂၅ဝဝ စိုက်ပျိုးရန်စီစဉ်ထား ကြောင်း ယင်းကော်မတီထံမှ သိရသည်။ မေလ ၂၃ ရက်ကစ၍ လောင်းလုံးမြို့နယ်အတွင်း မန်ဂျန်ရှားအပင် ၃ဝဝ ကို စတင်စိုက်ပျိုးခဲ့ကြပြီး နောက်ထပ် ပျိုးပင် နှစ်ထောင်ကျော်ကိုလည်း ထပ်မံစိုက်ပျိုးရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ကော်မတီ၏ လူထုစည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ စိုက်ပျိုးရန် မြေနေရာမှာ ဖို့မြေအမျိုးအစားဖြစ်နေ၍ ယင်းမြေအမျိုးအစားတွင် ရှင်သန်နိုင်သည့် မန်ဂျန်ရှား အပင်ကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယမန်နှစ်ကလည်း ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် သစ်ပင် တစ်ထောင်ဝန်းကျင် စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ခြင်းနှင့် လယ်ယာမီးရှို့မှုများတွင် မီးလောင်သေဆုံးခြင်းတို့ကြောင့် အပင်ရေ ထက်ဝက်ခန့်သာ ရှင်သန်ခဲ့ကြောင်း ယင်းကော်မတီထံမှ […]