BREAKING
October 18, 2024

ထားဝယ်

ထားဝယ်မြို့ဝန်းကျင်တွင် အရှိန်ပြင်းယာဉ်များ ကြပ်မတ်ပေးပါ

diz_admin

January 6, 2020

ထားဝယ်မြို့အတွင်းနှင့် မြို့ပတ် ဝန်းကျင်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေကြသည့် ကားနှင့် ဆိုင်ကယ်များကို ကြပ်မတ်အရေးယူပေးရန် ဒေသခံများက အလိုရှိနေကြသည်။ ထားဝယ်မြို့အတွင်း ညဘက် အချိန်များတွင် အသက်မပြည့်သေးသည့် လူငယ်များက ဆိုင်ကယ်ကို အရှိန် အလွန်ပြင်းသည့် အမြန်နှုန်းဖြင့် အုပ်စုဖွဲ့ သွားလာနေမှုများ အတွေ့များလာ ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ အဆိုပါ ဆိုင်ကယ်များက ရွှေဝယ်သီရိရင်ပြင်ပတ်လမ်းတစ်လျှောက် မောင်းနှင်လေ့ရှိကြောင်း ၎င်းက ပြောသည်။ “ဖြစ်သွားရင် သူ့အတွက်လည်း လုံး၀မလွယ်ဘူး။ ကျန်တဲ့သူတွေအတွက်လည်း ရစရာမရှိအောင် ဖြစ်သွားနိုင်တယ်”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။ အသက်မပြည့်သေးသည့် လူငယ် များ အရှိန်ပြင်းစီးနင်းနေမှုကို မြို့နေရာ အနှံ့တွင် တွေ့နေရပြီး အန္တရာယ်များ လွန်းသည့်အတွက် ဖမ်းဆီးကြပ်မတ်သင့် ကြောင်း သုံးဘီးယာဉ်မောင်းတစ်ဦး ဖြစ်သူ ဦးသန်းဇော်လေးက […]

ပင်စင်စားများလည်း လူမှုရေးပင်စင် ခံစားခွင့်ရှိ

diz_admin

January 6, 2020

အသက် ၈၅ နှစ်နှင့် အထက်ရှိပြီး အကြောင်းတစ်ခုခုဖြင့် ပင်စင်ရရှိထား သည့် အစိုးရဝန်ထမ်းများအားလုံးသည် လူမှုဝန်ထမ်း ဦးစီးဌာနက ထောက်ပံ့ပေးနေသည့် လူမှုရေးပင်စင်ကိုပါ ထပ်မံခံစားခွင့်ရှိကြောင်း တနင်္သာရီတိုင်း လူမှု ဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။ ပင်စင်တွင် အသက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်၊ လျှော့ပေါ့ပင်စင်ဟု ပင်စင် ခုနစ်မျိုးအနက် ပင်စင်တစ်ခုခုကို ခံစားနေရင်း အသက် ၈၅ နှစ်ပြည့်ပါက လူမှုရေး ပင်စင်ပါ ထပ်မံရရှိခြင်း ဖြစ်သည်။ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အရ လူမှုရေးပင်စင်ကိုပေးအပ်ခြင်းဖြစ် ပြီး တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ပေးအပ်ခြင်း ဖြစ်သည်။ ထားဝယ်မြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူနေ သည့် ပင်စင်စားအချို့ကို မေးမြန်းကြည့်ရာ လူမှုရေးပင်စင်သည် […]