BREAKING
October 18, 2024

ထားဝယ်

မသန်စွမ်းသူများအသင်းခွဲလာဖွင့်မည်

diz_admin

January 6, 2020

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း တနင်္သာရီတိုင်းရုံးခွဲကို လာမည့် ဖေဖော်ဝါရီလတွင် လာရောက်ဖွင့်လှစ် ရန်အတွက် တိုင်းအစိုးရကို ကမ်းလှမ်း ထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။ တနင်္သာရီတိုင်းတွင် မသန်းစွမ်းသူ များအသင်း ရုံးခွဲဖွင့်လှစ်နိုင်ရန်အတွက် တိုင်းအစိုးရက နေရာနှင့် အလုပ်အမှု ဆောင်အဖွဲ့ ဖွဲ့စည်းမည့်ကိစ္စများကို တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းရုံးခွဲများကို ပြည်နယ်နှင့်တိုင်းအား လုံးနီးပါးတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်သာ ဖွင့်လှစ်ရန် ကျန်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “တနင်္သာရီတိုင်းကို ကျန်နေတဲ့ အထဲမှာ မပါစေချင်ဘူး။ အဲဒါကြောင့် လာခဲ့ပါ။ တည်းခိုဖို့နေရာတွေ၊ သူတို့က အလုပ်အမှုဆောင်ဖွဲ့ဖို့ နေရာတွေကို စီစဉ်ပေးမယ်လို့ အကြောင်းပြန်ထားတယ်”ဟု ၎င်းက ဆိုသည်။ […]

မိုးရာသီ ပျက်စီးသွားသည့် လမ်းတံတားများ အပြီးသတ် ပြန်ပြင်ရန် ဘတ်ဂျက်မရသေး

diz_admin

January 6, 2020

ပြီးခဲ့သည့်မိုးရာသီက ပျက်စီးသွား ခဲ့သည့် လမ်းတံတားများ အပြီးသတ်ပြု ပြင်တည်ဆောက်ရန် ဘတ်ဂျက်မကျ သေးကြောင်း လမ်းဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်း က ပြောသည်။ ယမန်နှစ် မိုးရာသီက မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် ပြည်ထောင်စုလမ်းမပေါ် ပျက်စီးဆုံးရှုံး မှုများအတွက် လမ်းဦးစီးဌာနရုံးချုပ် (ဆောက်လုပ်ရေးဝန်ကြီးဌာန)ထံ ဘတ်ဂျက် တောင်းခံထားပြီး တိုင်းအတွင်းလမ်း များအတွက်မူ တိုင်းဒေသကြီးအစိုးရထံ ဘတ်ဂျက်တောင်းခံ ထားကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။ မိုးရာသီက ပျက်စီးခဲ့သည့် လမ်းဦးစီးဌာနပိုင် လမ်းတံတားများ ရေရှည် တည်တံ့ကောင်းမွန်အောင် ပြုပြင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ် ၁၂ ဘီလီယံကျော် သုံးစွဲရမည်ဖြစ်ကြောင်း လမ်းဦးစီး ဌာနက ထုတ်ပြန်ခဲ့ဖူးသည်။ (တစ်ဘီလီယံ သည် သန်းပေါင်းတစ်ထောင်နှင့် ညီမျှ သည်။) ယင်းအချိန်က […]

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု စွဲချက်တင်သင့်/မသင့် နှစ်ဖက် ကြားနာမည်

diz_admin

January 6, 2020

အဂတိလိုက်စားမှုဥပဒေဖြင့် တရား စွဲဆိုခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်၏ အမှုကို စွဲချက်တင်သင့်/မသင့် နှစ်ဖက်ကြားနာတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။ အမှု၏ ၄၃ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည့် ဇန်နဝါရီလ ၈ ရက်တွင် နှစ်ဖက်လျှောက်လဲချက်များ ကို ကြားနာမည် ဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခု အနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန် ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။ အမှု၏ ၄၂ ကြိမ်မြောက် ရုံးချိန်း […]

တနင်္သာရီတိုင်းတွင် အလတ်စားသတ္တုတူးဖော်ခွင့် ကုမ္ပဏီသုံးခု ခွင့်ပြုချက်ရ

diz_admin

January 6, 2020

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တနင်္သာရီ တိုင်းတွင် အလတ်စား ဓာတ်သတ္တုထုတ် လုပ် တူးဖော်ခွင့်အတွက် ခွင့်ပြုမိန့်ကို ကုမ္ပဏီသုံးခုအား ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း တနင်္သာရီတိုင်း သတ္တုတွင်းဦးစီး ဌာနထံမှ သိရသည်။ ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာ အုပ်စု ကြက်ပေါင်ချောင်းရွာရှိ တောင်ပိုင်း ကမ္ဘာကုမ္ပဏီအတွက် လုပ်ကွက်တစ် ကွက်၊ ဘ၀ပင်ကျေးရွာရှိ အရှေ့တိုင်း ကုမ္ပဏီအတွက် လုပ်ကွက် နှစ်ကွက်နှင့် တနင်္သာရီမြို့နယ် ကြိမ်ချောင်းရွာရှိ အောင်ပြည့်စံ ကုမ္ပဏီအတွက် လုပ်ကွက် တစ်ကွက် ချထားပေးလိုက်ခြင်းဖြစ် ကြောင်း အထက်ပါဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ၄၉ ဧကစီရှိသည့် လုပ်ကွက်များကို ၂၀၁၉ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ၁၁ နှစ်အတွက် ပြည်ထောင်စုမှ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းအရာရှိက ပြောသည်။ […]

အော်ဂဲနစ်စိုက်ပျိုးနည်း ကမြိုင်ရွာတွင် သင်တန်းပေးမည်

diz_admin

January 6, 2020

သဘာ၀မြေဩဇာသုံး အော်ဂဲနစ် စိုက်ပျိုးနည်းသင်တန်းတစ်ခုကို သရက် ချောင်းမြို့နယ် ကမြိုင်ရွာတွင် ပြုလုပ် သွားမည်ဟု ဦးဆောင်မျှဝေမည့် ဦးသန်းဆွေက ပြောသည်။ သင်တန်းပြုလုပ်မည့်ရက်မှာ ဇန်နဝါရီ ၇၊ ၈၊ ၉ ရက်များတွင်ဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်း ရွာအသီးသီးမှ သင်တန်းသား ၂၅ ဦးကို မျှဝေနိုင်ရန် စီစဉ်နေသည်။ ဓာတုဆေးသုံး စိုက်ပျိုးရေးလုပ်ငန်း ထွက် အသီးအနှံများကြောင့် ဒေသအတွင်း ကျန်းမာရေးဆိုးကျိုးများ ခံစားနေရသဖြင့် သဘာ၀မြေဩဇာသုံး အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ်ပေါ များလာစေရန် ရည်ရွယ်ချက်ဖြင့် ယခု ကဲ့သို့ ပို့ချရခြင်း ဖြစ်ကြောင်း ဦးသန်းဆွေ က ပြောသည်။ “အခုက ဓာတုဆေးဝါးတွေနဲ့ပဲ စိုက်ပျိုးနေကြတယ်လေ။ ဒါကြောင့် ဒီသင်တန်း လုပ်ဖြစ်တာ။ စားသုံးသူတွေ အသက်ရှည်ရှည် နေရအောင်ပါ”ဟု ၎င်းက ပြောသည်။ […]

တိုင်းအတွင်းရှိ မြစ်ကြီးနှစ်သွယ် တူးရန်ပြင်

diz_admin

January 6, 2020

တနင်္သာရီတိုင်းအတွင်းရှိ အဓိက မြစ်ကြီးနှစ်သွယ်ကို တူးဖော်ရန် တိုင်း အစိုးရအဖွဲ့က ပြင်ဆင်နေသည်။ တိုင်းအတွင်းရှိ ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်ကို တူးဖော်ရန် ဖြစ်မြောက် နိုင်စွမ်းရှိ^မရှိ အကြိုစူးစမ်းလေ့လာမှု လုပ်ငန်းများဆောင်ရွက်ရန် ဇန်နဝါရီလ ၂ ရက်က ကုမ္ပဏီနှစ်ခုနှင့် သီးခြားစီ နားလည်မှုမှတ်တမ်းလက်မှတ်ရေးထိုးခဲ့သည်။ ထားဝယ်မြစ်ကြောင်းတစ်လျှောက် သင်္ဘောများ အန္တရာယ်ကင်းစွာ သွားလာ နိုင်ရန် ပိတ်ဆို့နေသည့် သဲသောင်များ ဖယ်ရှားရှင်းလင်းရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာမည်ဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ အထက်ပါ လုပ်ငန်းအတွက် Trust & Loyalty Business Group Limited Myanmar ကုမ္ပဏီနှင့် လက်မှတ်ထိုးခဲ့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။ နှစ်စဉ်နီးပါး ရေကြီးရေလျှံလေ့ရှိ သည့် တနင်္သာရီမြစ်ရိုးတစ်လျှောက် သဲသောင်တူးခြင်းလုပ်ငန်းအတွက် ဖြစ် […]