BREAKING
October 18, 2024

ထားဝယ်

မြို့နယ်ငါးခုတွင် နေ့စားလပေး မူလတန်းပြ ဆရာ/မ သုံးရာခန့်မည်

diz_admin

January 6, 2020

မြို့နယ်ငါးခုရှိ အခြေခံပညာ ကျောင်းများတွင် ဆရာလိုအပ်ချက်အရ သင်ကြားရေးအထောက် အကူပြု မူလ တန်းပြ ဆရာ၊ ဆရာမ သုံးရာအား နေ့စားလပေးအဖြစ် ခန့်အပ်သွားမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် မြို့နယ်ငါးခုရှိ အခြေခံပညာကျောင်းများတွင် ခန့်အပ် သွားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “အခုတို့ခန့်တဲ့ကျောင်းတွေသည် ဝေးလံတဲ့ကျောင်းတွေ များတယ်”ဟု ဒေါ်မြင့်စိန်က ဆိုသည်။ ယခုခန့်သည့် နေ့စားလပေး ဆရာ၊ ဆရာမများသည် တာဝန်ကျသည့် ကျောင်းတွင် မူလတန်းပြဆရာအဖြစ် အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ပေး ရမည်ဖြစ်ပြီး နေ့စားလပေးအဖြစ်သာ တစ်သက်လုံးခန့်အပ်မည်ဖြစ်ပြီး အမြဲ တမ်းဝန်ထမ်းအဖြစ် ခန့်အပ်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။ […]

ဆရာမ ဝန်ထမ်းအိမ်ရာ အလုံးနှစ်ရာကျော် ဆောက်မည်

diz_admin

January 6, 2020

လက်ရှိဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ များနေထိုင်ရန် ဝန်ထမ်းအိမ်ရာအလုံးရေ နှစ်ရာကျော် ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနထံမှ သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ ၂၁၆ လုံးအတွက် တိုင်းအစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်မှ ကျပ်သန်း ၄၃၂၀ အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနက ထုတ်ပြန်သည့် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များအရ သိရသည်။ အဆိုပါ ဝန်ထမ်းအိမ်ရာများကို မြို့နှင့် အလှမ်းဝေးသည့် ကျေးလက် ဒေသများတွင် ဆောက်လုပ်မည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုက ဆိုသည်။ အဆိုပါဒေသများတွင် တာဝန်ကျ နေသည့် ဆရာမများက ရပ်ရွာအတွင်းရှိ အခြားမိသားစုနေအိမ်များတွင် နေထိုင် ကြရသည့်အတွက် ကျေးလက်ဒေသ များကို ဦးစားပေးခြင်းဖြစ်ကြောင်း ၎င်းက […]

အစုအဖွဲ့ပိုင်သစ်တော ဧကခြောက်ရာကျော် ခွင့်ပြု

diz_admin

January 6, 2020

သရက်ချောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တော(CF) လုပ်ကိုင်ရန် ဒေသခံပြည်သူအစုအဖွဲ့ နှစ်ဖွဲ့အား သစ်တောဧက ခြောက်ရာကျော် ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ခွင့်ပြုပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် ကျောက်ဆည်ကျေးရွာတွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၂၄၀ ဧကနှင့် ပိတောက်ငယ်ကျေးရွာတွင် ဧရိယာ ၂၄၈ ဧကကို ခွင့်ပြုပေးခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောသည်။ သစ်တောများကို ဌာနမှ ဝန်ထမ်း အင်အားဖြင့် ထိန်းသိမ်းခြင်းထက် ဒေသခံ ပြည်သူကိုယ်တိုင် အစုအဖွဲ့များဖြင့် သစ်တောထိန်းသိမ်းခြင်းက ပိုမိုထိ ရောက်သဖြင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ဦးမောင်မောင်အေးက ပြောသည်။ အစုအဖွဲ့ပိုင်သစ်တောဆိုသည်မှာ သစ်ပင်ပေါက်ရောက်မှုနည်းသည့်နေရာ နှင့် သစ်တောပြုန်းတီးနေသည့်နေရာ […]

မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် ကြက်ယက်တွင်းနှင့် မိန်းမချောရွာကိစ္စ ညှိနှိုင်းပေးမည်

diz_admin

January 6, 2020

လောင်းလုံးမြို့နယ် ကြက်ယက် တွင်းရွာနှင့် မိန်းမချော(ဒေသအခေါ် မီးဇေား) ကျေးရွာတို့အကြား မြေယာပိုင် ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စကို ညှိနှိုင်းပေးမည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ ကျေးရွာအုပ်စုတစ်ခုတည်း ဖြစ်သည့် ကြက်ယက်တွင်းနှင့် မိန်းမချောကျေး ရွာနှစ်ရွာအကြားရှိ မြေကွက်လပ်တစ်ခု ကို သူပိုင်သင့်၊ ငါပိုင်သင့်ဟု အငြင်းပွား နေသည်။ “ဒီအပတ်က ပိတ်ရက်များနေတော့ ရှေ့အပတ်ထဲမှာတော့ ခေါ်ညှိဖို့ စီစဉ် ထားပါတယ်”ဟု ဦးကံထူးက ဆိုသည်။ ယခင်က အင်းကြီးတစ်ခုအဖြစ်ရှိနေသော ယင်းမြေကွက်လပ်ကို ယမန်နှစ်က ကျေးရွာနှစ်ရွာမှ ရွာသားများထည့်ဝင် ငွေဖြင့် ဖြေဖို့ခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ထံမှ သိရသည်။ ဖြေဖို့ပြီးရရှိလာသည့် မြေကွက်လပ်ကို နှစ်ရွာစလုံးအတွက် အသုံးပြုရမည့် ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံ […]

အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်၊ ကိုယ်အနှံ့လျှောက်ကိုင်သူ အဖမ်းခံရ

diz_admin

January 6, 2020

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် နေအိမ် အတွင်းဝင်ရောက်ကာ အမျိုးသမီး တစ်ဦးကို လည်ပင်းညှစ်ပြီး ခန္ဓာကိုယ် အနှံ့လျှောက်ကိုင်နေသည့် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ ပရဒတ်ကျေးရွာနေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးက နေအိမ်တွင် ထမင်းချက်နေစဉ် အသက် ၄၄ နှစ်အရွယ် အမျိုးသားက နေအိမ်အတွင်း ဝင်ရောက် လာကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုနောက် ထမင်းချက်နေသည့် အမျိုးသမီး၏ လည်ပင်းကိုညှစ်ကာ ခန္ဓာကိုယ်အနှံ့ လက်ဖြင့်လျှောက်ကိုင် နေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။ ထိုသို့ ကိုင်နေစဉ် အမျိုးသမီးဖြစ်သူ က အမျိုးသား၏ နှုတ်ခမ်းကို ကိုက်ကာ လည်ပင်းပြန်ညှစ်၍ […]

ထားဝယ်မြို့ရှောင်လမ်းတွင် တံတားအစင်းရေ တစ်ဆယ်ကျော် တည်ဆောက်ရမည်

diz_admin

January 6, 2020

ဖောက်လုပ်ရန် ပြင်ဆင်နေသည့် ထားဝယ်မြို့ရှောင်လမ်းပိုင်းတွင် တံတား အစင်းရေ တစ်ဆယ်ကျော် တည်ဆောက် ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။ ထားဝယ်မြို့ရှောင်လမ်းကို ပုလုကုန်း ကျေးရွာအနီးမှ အရှေ့ဘက်သို့ ခွဲထွက် ကာ ကျောက်မော်ရပ်ကွက်နှင့် ကျောက်ရပ် ကျေးရွာအကြား (ပေါက်တိုင်းတံတား အနီး) တွင် မြိတ်-ထားဝယ်ကားလမ်းပေါ် ပြန်လည်ဝင်ရောက်မည် ဖြစ်သည်။ မြို့ရှောင်လမ်း၏ အရှည်မှာ ၆ ကီလိုမီတာခန့်ရှည်မည်ဖြစ်ပြီး ပေ ၁၈၀ အောက်တံတား ၁၀ စင်းနှင့် ပေ ၁၈၀ အထက် တံတား ၁ စင်း ထည့်သွင်းတည် ဆောက်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။ မြို့ရှောင်လမ်းဖောက်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် […]