BREAKING
October 18, 2024

ထားဝယ်

စပါးတောင် ထိုင်တော်မူရုပ်ပွားတော် ထားဝယ်မြို့မှ လှမ်းမြင်ရမည်

diz_admin

January 15, 2020

ထားဝယ်မြို့အရှေ့ဘက် စပါးတောင် ထိပ်ပေါ်တွင် တည်ထားကိုးကွယ်ရန်ရှိ သော ထိုင်တော်မူ ရုပ်ပွားတော် ပြီးစီး ပါက ထားဝယ်မြို့မှ လှမ်းမြင်ရမည်ဟု ရုပ်ပွားတော်တည်ဆောက်ရေးတွင် ဦး ဆောင်နေသည့် တောင်ပွားကျောင်းမှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။ တည်ထားကိုးကွယ် အဘယမုနိ ရုပ်ပွားတော်၏ ဥာဏ်တော်မှာ ၅၄ ပေ ရှိပြီး ကြာပလ္လင်အမြင့် ၉ ပေ၊ ဂန္ဓကုဋီ တိုက်အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကြောင်း အထက်ပါ သံဃာတော်က မိန့်သည်။ “မြို့ဘက်ကို မျက်နှာမူမယ်။ ထားဝယ် မြို့က မြင်ရမယ်။ လုပ်ငန်းပမာဏကြီး တော့ နှစ်နှစ်နဲ့ သုံးနှစ်ကြား အပြီးသတ်ဖို့ ရည်မှန်းတယ်” ဟု သံဃာတော်က မိန့်သည်။ ထိုင်တော်မူတည်ထားကိုးကွယ်မည့် နေရာတွင် ပန္နက်ရိုက်၊ အုတ်မြစ်ချ၊ ဌာပနာ သွင်း […]

သိမ်းဆည်းမြေကိစ္စ ထွေအုပ် ဖြေရှင်းချက်ကို မကျေနပ်သဖြင့် ဝန်ကြီးချုပ်နှင့် တွေ့ခွင့်တောင်း

diz_admin

January 15, 2020

ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးတွင် သိမ်းဆည်းခံလယ်သမား များကို ခေါ်ယူဖြေရှင်းသည့် သိမ်းဆည်း မြေကိစ္စ ဖြေရှင်းချက်ကို မကျေနပ်သဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့် ပေးရန် ဇန်နဝါရီလ ၈ ရက်စွဲဖြင့် ယင်း လယ်သမား ခြောက်ဦးက စာပို့ထား ကြောင်း သိရသည်။ ဇန်နဝါရီလ ၇ ရက်က ထားဝယ် ခရိုင် အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့ မြို့သစ်အတွက် သိမ်းဆည်းခံရသည့် လယ်သမား ၇ ဦးကို ခေါ်ယူပြီး အစား ထိုးမြေကွက်များ ပေးအပ်ခဲ့ကြောင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆို ရာတွင်ပါဝင်သည့် ဦးညီညီထွန်းက ပြောသည်။ အစားထိုးမြေကွက်ပေးအပ်ရာတွင် လယ်သုံးဧကလျှင် ပေခြောက်ဆယ်၊ လေးဆယ်ပတ်လည်ခန့် အကျယ်အဝန်း ရှိသည့် မြေကွက်တစ်ကွက်နှုန်းဖြင့် […]

တိုင်းလွှတ်တော် အစည်းအဝေး ဇန်နဝါရီလကုန် ကျင်းပမည်

diz_admin

January 14, 2020

တိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်တွင် စတင်ကျင်းပမည်ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။ အစည်းအဝေး ကျင်းပရက် ၃ ရက် လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။ ယခုကျင်းပမည့်အစည်းအဝေး သည် ဒုတိယအကြိမ်တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ ၁၅ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်သည်။ လာမည့် ဖေဖော်ဝါရီ ၈ တွင် ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်း ၄ နှစ်တိတိ ပြည့်ပြီ ဖြစ်သည်။ Dawei Watch

မောင်းမကန် လျှပ်စစ်မြေနေရာ ပိုင်ရှင်ကို ပြန်ပေးပါ

diz_admin

January 14, 2020

လျှပ်စစ်ဌာနပိုင်ဟု သတ်မှတ်ပြီး မကြာမီတွင် ဓာတ်အားခွဲရုံတည်ဆောက် ရန် စိုင်းပြင်းနေသည့် မောင်းမကန်ရွာရှိ မြေနေရာတစ်ခုကို ပြန်လိုချင်ကြောင်း ဘိုးဘွားစဉ်ဆက် မြေပိုင်ခဲ့သည်ဆိုသူ တို့က တောင်းဆိုလိုက်ကြသည်။ လောင်းလုံးမြို့နယ် မောင်းမကန် ရွာလယ်ရှိ ၎င်းမြေနေရာမှာ ဦးရှီ၊ ဒေါ်နူးပို အပါအဝင် မောင်နှမ ၄ ဦးပိုင်ဆိုင် သည့်မြေဖြစ်ပြီး ၎င်းတို့၏ မိဘများထံမှ အမွေရထားသည့်မြေဖြစ်ကြောင်း၊ ဦးရှီ နှင့် မောင်နှမများ ၎င်းခြံဝင်းအတွင်း နေထိုင်နေကြကြောင်း ကာယကံရှင်တို့ နှင့် ပြောဆိုကြသည်။ မောင်းမကန်သို့ ပြောင်းရွှေ့တာဝန် ကျလာသည့် လျှပ်စစ်ဌာနဝန်ထမ်းတို့က ခေတ္တတည်းခိုနေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အစိုးရဝန်ထမ်းကို ကူညီသော အားဖြင့် နေထိုင်ခွင့်ပြုခဲ့ရာမှ ဝန်ထမ်းတို့ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြခြင်း သာဖြစ်ကြောင်း၊ ဌာနမြေမဟုတ်ဘဲ ၎င်း တို့ပိုင်မြေသာဖြစ်ကြောင်း ကာယကံရှင်တို့က ပြောကြသည်။ အထက်ပါပြောဆိုမှုများမှာ […]

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

diz_admin

January 14, 2020

တနင်္သာရီတိုင်းရှိ အသက်ကိုးနှစ်အရွယ်နှင့် ဆယ်နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ၂၀၂၀ ခုနှစ် ဇွန်လ ပထမအပတ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ သားအိမ်ခေါင်းကင်ဆာသည် အသက် ၄၀ ကျော် ၅၀ ကျော် အရွယ်ရှိ အသက်ကြီးသူများတွင်သာ အဖြစ်များသည်ဟု အထက်ပါဌာန တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။ “ကိုးနှစ်ဆယ်နှစ်တွေဆိုတော့ လိင်ဆက်ဆံမှု လုံး၀မရှိသေးဘူး။ လိင်ဆက်ဆံမှုမရှိသေးမှ ဗိုင်းရပ်စ် ဆိုတာက မကူးစက်အောင် ကာကွယ်နိုင်တာ။ အိမ်ထောင်ကျပြီးသူတွေ ထိုးမရဘူးလားဆို ထိုးလို့တော့ရ တယ်။ ဒါပေမယ့် ကာကွယ်ဖို့ မသေချာတော့ဘူး”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။ အိမ်ထောင်ကျပြီးသူ (လိင်ဆက်ဆံပြီးသူ)များမှာ သားအိမ်ခေါင်းကို စစ်ဆေးရမည်ဖြစ်ပြီး ရောဂါ လက္ခဏာမရှိမှသာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ […]

ထားဝယ်တွင် တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှု စစ်တမ်းကောက်

diz_admin

January 14, 2020

နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှု အစီ အစဉ်အရ ကောက်ယူလေ့ရှိသည့် တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှု ရှိ/မရှိ စစ်တမ်းကို ထားဝယ်မြို့နယ် တရားရုံးနှင့် ထားဝယ်ခရိုင်တရားရုံး တို့တွင် ဇန်နဝါရီလ ၁၀ ရက်(တစ်ရက် တာ) အတွင်း ယင်းတရားရုံးကို လာရောက်သူများထံတွင် ကောက်ခံခဲ့သည်။ တရားရုံးကို လာရောက်သူများတွင် ရဲ၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ သက်သေ၊ အမှုသည်များ၊ တရားရံးဝန်ထမ်း၊ အခြား ကိစ္စ တစ်ခုခုဖြင့် တရားကိုလာရောက်သူများ အားလုံးပါဝင်ကြောင်း ယင်း စစ်တမ်းမေးခွန်းလွှာတွင် ဖော်ပြထားသည်။ တရားရုံးစစ်တမ်းမေးခွန်းလွှာတွင် ပါဝင်သည့် ဖြေဆိုရမည့်အချက်များမှာ တရာရုံးကို လာရောက်ရန် လွယ်ကူသည်၊ တရားရုံးတွင် လုံခြုံသည်၊ တရားရုံးတွင် သတင်းအချက်အလက်တွေကို အလွယ် တကူရရှိသည်၊ အမှုစစ်တရားသူကြီးများသည် မျှတသိမ်မွေ့စွာ အမှုများကို ကြားနာပါသည် စသည့်အချက်များ ပါဝင်သည်။ […]