BREAKING
October 18, 2024

ထားဝယ်

တနင်္သာရီတိုင်းအတွင်း မီးလောင်မှုမြင့်တက်

diz_admin

January 21, 2020

တနင်္သာရီတိုင်းအတွင်း ၂၀၁၉ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုစုစုပေါင်း ၇၉ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ပိုများလာခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ ၂၀၁၈ ခုနှစ်တွင် ၄၈ ကြိမ်ရှိခဲ့သည်။ “ဘာကြောင့် အဖြစ်များလဲဆိုရင် လျှပ်စစ်ကြောင့် ဖြစ်တာများတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလုပ် ကိုင်လာတာ အဓိက စီးပွားရေးတိုးတက် လာတယ်ဆိုတဲ့ သဘောပေါ့။ လူနေ အိမ်ခြေထူထပ်လာတာလည်းပါတယ်”ဟု အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမျိုးဝင်းက ဆိုသည်။ လျှပ်စစ်မီးအသုံးပြုရာတွင် ဗဟုသုတ ရှိရန်လိုအပ်ပြီး ဟောင်းနွမ်းဆွေးမြေ့ နေသည့် လျှပ်စစ်ကြိုးများကို အသုံးပြုခြင်း၊ အောက်ခံပြားမပါဘဲ ခြင်ဆေးခွေထွန်းခြင်း၊ ဥယျာဉ်ခြံမြေနှင့် လယ်ယာ များကို မီးရှို့ရာတွင် မီးတားသည့်နေရာများမလုံလောက်ခြင်း၊ လူနေအိမ်ထူထပ် လာခြင်း၊ စက်ရုံအလုပ်ရုံများတိုးတက်လာခြင်း၊ မီးစလောင်ချိန်တွင် […]

ဒေါန တနင်္သာရီဒေသတွင် မျိုးတုန်းလုနီး ကြောင်ကြီးမျိုးစိတ် ခြောက်မျိုးတွေ့

diz_admin

January 21, 2020

ထိုင်း၊ မြန်မာနယ်စပ်မျဉ်းပေါ်ရှိ ဒေါန-တနင်္သာရီဒေသတွင် ကမ္ဘာပေါ် တွင် မျိုးတုန်းမည့် အန္တရာယ်ဖြင့်ရင်ဆိုင် နေရသော ကြောင်ကြီးမျိုးစိတ် ခြောက်မျိုးကို တွေ့ရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာ၀ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-Myanmar) က ထုတ်ပြန် လိုက်သည်။ ကမ္ဘာပေါ်တွင် မျိုးတုန်းမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည့် ကြောင် ကြီးမျိုးစိတ်ရှစ်မျိုးရှိသည့်အနက် ဒေါန-တနင်္သာရီဒေသတွင် ခြောက်မျိုးကို တွေ့ရှိ ရခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်သည့် The Land of Cats အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ကျား၊ အင်းကျား (Coulded leopard)၊ ကျားသစ်(Leopard)၊ ကြောင်ဖြူ(Marbeld Cat)၊ သစ်ကြောင် (Leopard)၊ အာရှရွှေရောင်ကြောင် (Asiatic golden cat)တို့ကို ဒေါန-တနင်္သာရီဒေသတွင် မှတ်တမ်းတင်နိုင် […]

မူးယစ်ဆေးအမှုများတွင် အမျိုးသမီးဖမ်းမိမှု ပိုများလာ

diz_admin

January 20, 2020

မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် အမျိုးသမီးတရားခံဖမ်းမိမှု ပိုများလာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၈ ခုနှစ်တွင် အမျိုးသမီး တရားခံ ၁၀၂ ဦးသာ ဖမ်းမိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၃၅ ဦးအထိ တိုးလာကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။ အမျိုးသမီးများက ငွေကြေးအခက် အခဲကြောင့် မူးယစ်ဆေးရောင်းချသူများ ရှိသကဲ့သို့ ခင်ပွန်းဖြစ်သူက မူးယစ်ဆေး ရောင်းချရာ ဇနီးဖြစ်သူက ပူးတွဲရောင်းချ နေခြင်းတို့ကြောင့်လည်း အမျိုးသမီး တရားခံဦးရေ များလာခြင်းဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး စိန်ဝင်းက ဆိုသည်။ “ပတ်ဝန်းကျင် အခြေအနေအရ ဒီလုပ်ငန်းက ငွေရလွယ်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု ဒုရဲမှူးကြီး စိန်ဝင်းက သုံးသပ်သည်။ ၂၀၁၉ […]

မောင်းမကန်ကမ်းခြေ သဲသောင်ပြင်ရှိ ကျူးကျော်ဆိုင်အရေး ကိုင်တွယ်ပေးပါ

diz_admin

January 20, 2020

မောင်းမကန်ကမ်းခြေရှိ သဲသောင် ပြင်ရေစပ်အထိ ကျူးကျော်ပြီး ဖွင့်လှစ် ရောင်းချနေသည့် ဆိုင်များအကြောင်းမှာ လတ်တလော လူပြောအများဆုံးဖြစ် နေပြီး ဝေဖန်မှုများ မြင့်တက်နေသည်။ ဒေသခံပြည်သူအများစုကမူ ကျူး ကျော်ဆိုင်များကြောင့် ကမ်းခြေမြင်ကွင်း ပိတ်နေသည့်အတွက် ဖယ်ရှားရှင်းလင်း ပေးရန် လိုလားနေသည်။ မောင်းမကန်ကမ်းခြေသဲသောင်ပြင် တွင် ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တကျော့ ပြန် ရောင်းချနေသည့် ကျူးကျော်ဆိုင် အရေအတွက်မှာ လက်ရှိတွင် ဆိုင်ပေါင်း ၅၀ ဝန်းကျင်အထိ ရှိလာကြောင်း ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော် မတီထံမှ သိရသည်။ သဲသောင်ပြင်အထိ ကျူးကျော်ဈေး ရောင်းချခြင်းကြောင့် ပင်လယ်ကမ်းခြေ အလှကို မမြင်တွေ့ရဘဲ မြင်ကွင်းပိတ် နေခြင်း၊ အများပြည်သူ အပန်းဖြေမည့် နေရာနှင့် ကားရပ်မည့်နေရာအခက်အခဲ ဖြစ်ခြင်း အစရှိသည့် အချက်များကြောင့် ၂၀၁၉ […]

ဟိုတယ်များ လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်းလုပ်က ထောင်ကျနိုင်

diz_admin

January 20, 2020

ဟိုတယ်များတွင် ခရီးလှည့်လည် ရေးလိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ ဆောင်ပါက ထောင်တစ်နှစ်အထိ ကျခံ ရနိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန(ဟိုတယ်/ခရီး) ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် အချို့တွင် ခရီးလှည့်လည်ရေးလိုင်စင် မရှိဘဲ ခရီးစဉ်ပို့ဆောင်မှုများရှိနေသည့် အတွက် ယင်းကဲ့သို့ စာထုတ်အသိပေး ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ဆိုသည်။ “(ဟိုတယ်က)လုပ်မယ်ဆိုရင် ခရီး လှည့်လည်ရေးလိုင်စင်ကို ထပ်လျှောက်ရမယ်”ဟု ဦးညိုအေးက ပြောသည်။ ဟိုတယ်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်လိုပါက ခရီးလှည့်လည်ရေး လိုင်စင်လုပ်ရန် လိုအပ်ပြီး လိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ဆောင်ပေးပါက ခရီး သွားလုပ်ငန်းဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ တွင် လိုင်စင်မရှိဘဲ […]

တနင်္သာရီတွင် အမှုကြီးဖြစ်ပွားမှု လျော့ကျ၊ လူသတ်မှု တိုး

diz_admin

January 20, 2020

တနင်္သာရီတိုင်းအတွင်း အမှုကြီး ဖြစ်ပွားမှု လျော့နည်းလာသော်လည်း လူသတ်မှုတိုးလာကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ ၂၀၁၈ ခုနှစ်တွင် အမှုကြီးဖြစ်ပွား သည့် အကြိမ်အရေအတွက် ၁၄၅ မှုရှိခဲ့ ပြီး ၂၀၁၉ ခုနှစ်တွင် ၁၃၃ မှုသာရှိခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ သို့ရာတွင် လူသတ်မှုအရေအတွက် မှာ ၂၀၁၈ ခုနှစ်က ၆၂ မှု သာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမှု ၇၀ အထိ ဖြစ်ပွား ခဲ့သည်။ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ တိရစ္ဆာန်ခိုးမှု၊ ဓားပြမှု၊ ဖောက်ထွင်းမှု အစရှိသည့် အမှုများကို အမှုကြီးဟု သတ်မှတ်သည်။ အမှုကြီးစာရင်းဝင်သည့် လူသတ်မှု တိုးလာသော်လည်း မုဒိမ်းမှု၊ လုယက်မှု များ […]