BREAKING
October 18, 2024

ထားဝယ်

သောကြာပြင်ရွာ ဟိုတယ်စီမံကိန်း ရပ်နားထား

diz_admin

January 29, 2020

လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာလမ်းဆုံအနီး လယ်ယာမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်မည်ဟု ရည်မှန်းလုပ်ဆောင်နေသော စီမံကိန်းမှာ အခြားနည်းအသုံးပြုခွင့် မကျသေးသဖြင့် ရပ်နားထားကြောင်း ဟိုတယ်ဆောက်ရန် စီစဉ်နေသည့် ဦးအောင်ကျော်သက်က ပြောကြားသည်။ ရှင်ကိုးရှင်ဘုရားဖူးဧည့်သည်များနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို လာရောက်မည့်သူများကို ရည်ရွယ်ကာ ဟိုတယ်ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း လတ်တလော ရပ်နားထားကြောင်း ၎င်းက ဆိုသည်။ ယင်းလယ်မြေကို လွန်ခဲ့သော လပိုင်းကတည်းက မြေဖို့ခဲ့သည်။ “ကျွန်တော်အမြင်အရကတော့ သေချာစိစစ်ပြီးရင် ခွင့်ပြုချက်ပေးသင့်တယ်။ အခုက ဒီလိုမဟုတ်ဘူး။ လယ်မြေတွေဆိုရင် ဘယ်လိုဟာမျိုးပဲ လုပ်လို့ရတယ်ဆိုတဲ့ ထိန်းချုပ်မှုတွေရှိနေတာက အလုပ်လုပ်ရတာ တော်တော်ခက်ခဲစေတယ်”ဟု ဦးအောင်ကျော်သက်က ဆိုသည်။ ယင်းလယ်မြေတွင် အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည်မှာ ဗဟိုအဆင့်သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း အခြားနည်းအသုံးပြုခွင့်မကျသေးကြောင်း ထားဝယ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့၊ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။ ဟိုတယ်ဆောက်ရန် ခွင့်ပြုချက် […]

စုံစင်ဖျား-ထီးခီးလမ်းစီမံကိန်း အကန့်အသတ်မရှိ ရွှေ့ဆိုင်း

diz_admin

January 29, 2020

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား ကျေးရွာနှင့် ထီးခီးနယ်စပ်ကို ဆက်သွယ်မည့် လမ်းကို လတ်တလောအခြေအနေတွင် ဖောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်း ဦးစီးဌာနထံမှ သိရသည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လက်ထက်က အဆိုပါလမ်း ဖောက်ရန်အတွက် ကွင်းဆင်းတိုင်းတာခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါလမ်းက ကုန်ကျစရိတ်များနိုင်သည့်အပြင် ထားဝယ်အထူးစီးပွားရေးဇုန် – ထီးခီးလမ်းကို မကြာမီအဆင့်မြှင့်တော့မည်ဖြစ်သည့်အတွက် ယင်းစီမံကိန်းကို ရပ်နားထားကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။ “လတ်တလောမှာတော့ ဖောက်ဖို့ အစီအစဉ် မရှိသေးပါဘူးခင်ဗျား”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က လာရောက်ခဲ့သည့် ဒုသမ္မတခရီးစဉ်တွင် ထီးခီး- ထားဝယ်ရေနက်ဆိပ်ကမ်းလမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချိန်၌ ဒုသမ္မတက မေးမြန်းသည့်အတွက် ဒေါက်တာလဲ့လဲ့မော်က မေတ္တာတံတား ထိပ်တွင် ရှင်းလင်းစဉ် စုံစင်ဖျားလမ်းကို […]

အလိုအလျောက် မိုးလေ၀သ တိုင်းတာစက် ၁၁ လုံး တပ်မည်

diz_admin

January 29, 2020

တနင်္သာရီတိုင်းတွင် အလိုအလျောက် မိုးလေ၀သတိုင်းတာ စက် ၆ လုံးတပ်ဆင်ရန် ကနဦးလျာထားသော်လည်း နောက်ထပ် ၅ လုံး ထပ်တိုးပြီး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကနဦးက လောင်းလုံး (မောင်းမကန်)၊ ထားဝယ်(ကလိန်အောင်)၊ ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်များတွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနပိုင် အလိုအလျောက် မိုးလေ၀သတိုင်းတာစက် ၆ လုံးကို တပ်ဆင်ရန် လျာထားသည်။ လက်ရှိတွင် ရေတပ်တပ်ရင်းဘတ် ဂျက်ဖြင့် ၄ လုံး စိုက်ပျိုးရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် စက် ၁ လုံး ထပ်တိုးလာ ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ ထပ်တိုး စက်များကို လောင်းလုံး၊ ပုလော၊ ကျွန်းစု၊ […]

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

diz_admin

January 29, 2020

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ကမ်းနားဈေးကိစ္စကို ပြည်သူများအကြားတွင် မရှင်းမလင်းဖြစ်နေပြီး သံသယဝင်နေကြသည့်အတွက် ယင်းကဲ့သို့ ခေါ်ယူဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ဈေးရောင်းချချိန်ကို နံနက် ၂ နာရီ မှ ည ၇ နာရီအထိ ရောင်းချခွင့်ပြုရန် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယခင်က ဈေးရောင်းချချိန်ကို နံနက် ၆ နာရီမှ […]

ထန်းပင်ပေါ်မှ လူခိုးသမား ပထမအမှုအတွက် ထောင် သုံးနှစ်ကျ

diz_admin

January 29, 2020

မုဒိမ်းမှု/လူခိုးမှုကျူးလွန်သည်ဆိုသည့် အမျိုးသားတစ်ဦးက လောင်းလုံးမြို့နယ်အတွင်း လယ်ကွင်းအတွင်းရှိ ထန်းပင်ပေါ် ပုန်းအောင်းနေသည့်အတွက် ရဲတပ်ဖွဲ့နှင့် ပြည်သူအချို့က ထန်းပင် လှဲကာဖမ်းဆီးခဲ့ရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ အိမ်ထောင်သည်အမျိုးသားက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ အသက် ၁၇ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသူတစ်ဦးကို ခိုးယူပေါင်းသင်းခဲ့ကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။ ခိုးယူပေါင်းသင်းသည့် မိန်းကလေးက အသက်မပြည့်သေးသည့်အတွက် လူခိုးမှုဖြင့် လောင်းလုံးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ- ၃၆၃ (လူခိုးမှု) ဖြင့် တရားစွဲဆိုထားကြောင်း လောင်းလုံး မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းလွင်က ဆိုသည်။ အဆိုပါအမှုတွင် မြို့နယ်တရားရုံးက ကျူးလွန်သည်ဆိုသည့် အမျိုးသားကို ခံဝန်သူနှစ်ဦးဖြင့်အာမခံကြေးငွေကျပ် သိန်း ၃၀ ဖြင့် အာမခံပေးထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ အာမခံဖြင့် လွှတ်ထားသည့် […]

ဥပဒေနှင့်မညီသည့် လုပ်ရပ် ထိမ်ချန်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး အရေးယူခံရမည်

diz_admin

January 29, 2020

ရပ်ကွက်/ကျေးရွာအတွင်း မြေအကွက်ရိုက် ရောင်းချခြင်းကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များကို တားမြစ်ရန်၊ သတင်းပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိသော်လည်း ထိမ်ချန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြားလိုက်သည်။ ထင်ရှားသော ဥပဒေမဲ့ လုပ်ရပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်းများပြုလုပ်နေခြင်း စသည်တို့လည်း ပါဝင်သည်။ လက်ရှိတွင် ရော်ဘာခြံ၊ လယ်မြေများကို စီးပွားရေးသမားများက ဝယ်ယူအပြောင်ရှင်းကာ လူနေထိုင်မည့် မြေကွက်များ အကွက်ရိုက်ရောင်းချမှုများ တွင်ကျယ် လျက်ရှိသည်။ ရပ်ကွက်/ကျေးရွာများအတွင်း ပွဲတော်များတွင် လောင်းကစားဝိုင်းများ ကျင်းပနေမှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူရန်လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားသည်။ ထိုကဲ့သို့သော လောင်းကစားဝိုင်းများအပြင် မြေအကွက်ရိုက်ရောင်းချနေခြင်းကို တားမြစ်ရန်သက်ဆိုင်ရာရပ် ကျေးအုပ်ချုပ်ရေးမှူးတွင် တာဝန်ရှိပြီး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြရန် အကြိမ်ကြိမ်စာထုတ် ညွှန်ကြား ထားပြီးဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ ယင်းအပြင် ရပ်ကျေးအုပ်ချုပ် […]