BREAKING
October 18, 2024

ထားဝယ်

သွေးလွန်တုပ်ကွေးဖြစ်သူ ထားဝယ်တွင် ထိုးကျ၊ ပုလောတွင် မြင့်တက်

diz_admin

February 6, 2020

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းက ထားဝယ်မြို့နယ်တွင် ထိုးကျသွားပြီး ပုလောမြို့နယ်တွင် မြင့်တက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။ အဆိုပါမြို့နယ်နှစ်ခုတွင် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ အရေအတွက်အရ သိရခြင်းဖြစ်သည်။ ထားဝယ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၂ ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၄၅ ဦးအထိ ကျဆင်းသွားခဲ့ သည်။ ပုလောမြို့နယ်တွင်မူ ၂၀၁၈ ခုနှစ် တွင် ၁၄၉ ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ၂၂၂ ဦးအထိ ဖြစ်ပွားခဲ့ကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ ထားဝယ်တွင်၂၀၁၉ခုနှစ်နှစ်ဆန်းပိုင်းကဖြစ်ပွားခဲ့သည့်ဆင်တုပ်ကွေးနှိမ်နင်းရေးအတွက် […]

ထားဝယ်အထူးစီးပွားရေးဇုန် အတွက် လိမ်ညာအလုပ်ခေါ်က အရေးယူ မည်ဟုဆို

diz_admin

February 5, 2020

ထားဝယ်အထူးစီးပွားရေးဇုန် အတွက် အလုပ်သမားလိမ်လည်ခေါ်ယူ နေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ အရေးယူမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူများက ပြောသည်။ အထူးစီးပွားရေးဇုန်နှင့် ပတ်သက် ၍ လူထုကြားနာပွဲများ ပြုလုပ်ပြီးချိန်များ တွင် ယင်းကဲ့သို့ အလုပ်အကိုင် ခေါ်ယူ သည်ဟုဆိုကာ လိမ်လည်ခေါ်ယူမှုအချို့ ရှိခဲ့ဖူးသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန်အလုပ်ခေါ်နေသည်ဆိုသူများကို စုံစမ်း နေပြီး ထိထိရောက်ရောက် အရေးယူ နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်နှင့် အထူးစီးပွားရေးဇုန် OSS အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်း က ဆိုသည်။ “မည်သည့် တစ်ဦးတစ်ယောက်ကို မှ အေးဂျင့်ခေါ်ထားခြင်း လုံး၀မရှိပါဘူး။ ITD အနေနဲ့လည်းမရှိကြောင်း အသိပေး ပြောကြား လိုပါတယ်ခင်ဗျား”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။ […]

လုလင်လှကျွန်း ရေငန်တားမည်

diz_admin

February 5, 2020

လောင်းလုံးမြို့နယ်၊ လုလင်လှ ကျွန်းတွင် ရေငန်တား မြေသားနံရံများ တည်ဆောက်သွားမည်ဟုတိုင်းဒေသ ကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဦးမြင့်စန်းက ပြောသည်။ ယင်းကျွန်းမှာ လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ် ညောင်ဇင်ရွာကြား ထားဝယ်မြစ်အတွင်းရှိစပါးစိုက်ပျိုးရေး လုပ်ကိုင်သည့် ကျွန်းဖြစ်သည်။ ယင်းကျွန်းပေါ်တွင်လယ်ဧက ၈၀၀ နီးပါးရှိလက်ရှိတွင်ကျွန်းပေါ်ရှိလယ် မြေအားလုံးနီးပါး ရေငန်ဝင်သဖြင့်ပျက် စီးနေကြောင်းဦးမြင့်စန်းက ပြောသည်။ “လယ်သမားတွေနဲ့အတူ ကွင်းဆင်းတယ်။ ဘတ်ဂျက်တောင်းခံပြီးရလို့ ခုတင်ဒါခေါ်ထားတယ်”ဟု ဦးမြင့်စန်းက ပြောသည်။ Dawei Watch

စာမေးပွဲကာလပြောင်းလဲသတ် မှတ်ခြင်းအပေါ် ထားဝယ်ပညာရေး ကောလိပ်ကျောင်းသားများ ဆန္ဒပြ

diz_admin

February 5, 2020

အခြေခံပညာအတန်းများ စာမေးပွဲ ကာလပြောင်းလဲသတ်မှတ်သည့်အပေါ် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်း သား၊ ကျောင်းသူ ၂၅၀ ဝန်းကျင်က ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ရာတွင် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းသူ ကျောင်းသားများအပြင် အခြေခံပညာ ဆရာများ သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဝင်အချို့လည်း ပူးပေါင်းပါဝင် ခဲ့ကြသည်။ အခြေခံပညာတန်းအချို့ကို စာမေးပွဲ ကာလနောက်ဆုတ်ကာ မတ်လကုန်အထိ ကျောင်းဖွင့်လှစ်မည်ဆိုသည့်အပေါ် ပညာရေး ကောလိပ်ကျောင်းသားများနှင့် ပညာရေးအဖွဲ့အစည်းများက အကြိမ် ကြိမ်ထောက်ပြနေသော်လည်း ပညာရေး ဝန်ကြီးဌာနမှ ကျောင်းတက်ရက်မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည့် စာမေးပွဲကာလပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ကျောင်းသား နှင့် မိဘများ အတွက် အဆင်မပြေ သည့်အတွက် […]

ပြည်သူ့ဝန်ဆောင်မှုလုပ်ထုံးလုပ်နည်း မလိုက်နာသည့်ဝန်ထမ်းများကိုအရေးယူမည်

diz_admin

February 5, 2020

ဌာနဆိုင်ရာလုပ်ငန်းများစနစ် တကျဆောင်ရွက်ရမည့်လုပ်ထုံးလုပ် နည်းများ (SOP) စာအုပ်ပါလုပ်ထုံးလုပ် နည်းများကိုမလိုက်နာသည့်ဝန်ထမ်းများ ကိုအရေးယူစေမည်ဟု တနင်္သာရီတိုင်း ဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။ ထားဝယ်မြို့၌ ဇန်နဝါရီလ ၃၁ရက် နေ့တွင် ကျင်းပသည့်တိုင်းလွှတ်တော် အစည်း အဝေးတွင်ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင်ဌာနဆိုင် ရာများကပြည်သူများ၏အခြေခံလိုအပ် ချက်များကိုတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီတိကျမှန် ကန်မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်ရန် ဖြစ်ကြောင်း SOP (Standard Operation Procedures) စာအုပ်ကိုတနင်္သာရီတိုင်းအစိုးရကထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။ ပြည်သူလူထုအတွက်ရိုးရှင်းလွယ် ကူသည့်စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေး နိုင်ရန်ရည်ရွယ်ထုတ်ဝေခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။ SOP စာအုပ်ပါလုပ်ထုံးလုပ်နည်း များကိုဌာနဆိုင်ရာတွေအနေဖြင့်ပြည်သူ များအားဝန်ဆောင်မှုပေးရာတွင်လုပ်ထုံး လုပ်နည်းပါအတိုင်းလိုက်နာကျင့်သုံး ခြင်းမရှိပါကသက်ဆိုင်ရာနိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များနှင့်အညီစိစစ်၍စုံစမ်းစစ်ဆေးစေမည်ဟု ဒေါ်ရီရီချိုက ဆိုသည်။ မလိုက်နာကြောင်းစိစစ်တွေ့ရှိပါကပြည်ထောင်စုအစိုးရအဖွဲ့ရုံးက တစ်ဆင့် […]

တိုင်းအတွင်း သဘာ၀ဘေး ဖြစ်ပွားမှု ဆတိုးမြင့်တက်

diz_admin

February 5, 2020

တိုင်းအတွင်း သဘာ၀ဘေးဖြစ်ပွားမှု ယခင်နှစ်ထက် ဆတိုးလာကြောင်း တိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း သဘာ၀ဘေးဖြစ်ပွားမှု ၄၉ ကြိမ်ရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ၁၇၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ ၂၀၁၉ မီနီဘတ်ဂျက်ကာလ (ဧပြီ လမှ စက်တင်ဘာလအထိ ၆ လာတာ အတွင်း)တွင် သဘာ၀ဘေးဖြစ်ပွားမှု ၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦး နှင့် ဒဏ်ရာရသူ ၃ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ အဆိုပါ ဖြစ်ပွားမှုပမာဏသည်လည်း ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုံးထက်ပင် ပိုများနေသည်။ “အခုက ရာသီဥတုပြောင်းလဲမှု […]