ထားဝယ်မြို့ပေါ် ယာဉ်တိုက်မှုဖြစ်ပြီး ကျောင်းအုပ်ဆရာကြီးတစ်ဦး သေဆုံး
Dawei Watch
June 17, 2024ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇွန်လ ၁၇ရက် ညနေ ၃ နာရီဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပြီး အသက် ၅၇နှစ် အရွယ်ရှိ အထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအနီးရှိ တောင်ခွလမ်းဆုံတွင် ရေသယ်ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းသို့ တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်လာသည့် ရေဖြူမြို့နယ် ရားဖူးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးခင်နိုင်သည် အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ၎င်းက ဆိုသည်။ “လူနာက ဦးခေါင်းဒဏ်ရာရပြီး ဆုံးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ယာဉ်တိုက်မှုမှာ မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်ကိုမူ သေသေချာချာမသိရသေးပေ။ အလောင်းကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း မြိုခံတို့ထံမှ သိရသည်။ ကျောင်းအုပ်ဆရာကြီး ဦးခင်နိုင်သည် […]