BREAKING
October 18, 2024

ထားဝယ်

ဘိုးဘွားပိုင်မြေဖြစ်က ဟိုတယ်များ စက်မှုမြေငှားဂရန် လျှောက်ရန်မလိုတော့ ဟုဆို

diz_admin

February 10, 2020

တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် လိုင်စင် အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးရာတွင် ဘိုးဘွားပိုင် မြေဖြစ်က စက်မှုစီးပွားဂရန် လျှောက်ရန် မလိုတော့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး)ထံမှ သိရသည်။ ယခင်က ဟိုတယ်/ခရီးဌာန လိုင်စင် ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ သက်တမ်းတိုးရာတွင် စက်မှု^စီးပွား မြေငှားဂရန် ပြောင်းလဲကြရန် အထက်ပါ ဌာနက ညွှန်ကြားခဲ့ဖူးသည်။ လက်ရှိတွင် တိုင်းဒေသကြီးခရီးသွား ကော်မတီ၏ ၁/၂၀၂၀ အစည်းအဝေးဆုံး ဖြတ်ချက်အရ ဘိုးဘွားပိုင်မြေများကို စက်မှု^စီးပွားမြေငှားဂရန် ပြောင်းလဲရန် မလိုတော့ကြောင်း အထက်ပါဌာနရှိ ဟိုတယ်^ခရီးသွားလိုင်စင်ဌာနခွဲ တာဝန်ခံ ဦးလေးကြိုင်က ဆိုသည်။ “ဘိုးဘွားပိုင်မြေဟာ လက်ရှိလုပ် ကိုင်နေသူရဲ့ အမည်ပေါက်ဖို့တော့လိုတယ်။ စက်မှုစီးပွားဂရန်လုပ်ဆောင်စရာ မလိုပါဘူး”ဟု ဦးလေးကြိုင်က ပြောသည်။ ဘိုးဘွားပိုင်မြေတွင် အခြားတစ်ဦး ၏ […]

သင်တန်းအတွက် စားပွဲခင်း ၁၄ သိန်းဖိုး ဝယ်သည့်ဌာန

diz_admin

February 10, 2020

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၁၈ ခုနှစ်က သင်တန်းလုပ်ရန် စာပွဲခင်း ၁၄ သိန်းဖိုး ဝယ်ယူခဲ့ကြောင်း တိုင်းဒေသကြီးစာရင်း စစ်ချုပ်က လွှတ်တော်တွင် အစီရင်ခံသည်။ စားပွဲခင်းများမှာ ပြန်အသုံးပြု၍ ရသော်လည်း သင်တန်းဖွင့်လှစ်မှု ၉ ကြိမ်တွင် တစ်ကြိမ်လျှင် ပျမ်းမျှ ၈၉ ကိုက်နှုန်းဖြင့် စာပွဲခင်းကိုက် ၈၀၀ ဝယ်ခဲ့ကြောင်း ၁၅ ကြိမ်မြောက် တိုင်း လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံခြင်း ဖြစ်သည်။ ယင်းသို့ ဝယ်ယူခြင်းမှာ အသုံး စရိတ်တစ်ရပ်ကို အမှန်တကယ် လိုအပ် သည်ထက် ပိုမိုသုံးစွဲထားသဖြင့် ဘဏ္ဍာ ရေးကျင့်စဉ်ကြီးများနှင့် မညီညွတ်သည်ကို တွေ့ရကြောင်း စာရင်းစစ်ချုပ်က ပြောဆိုခဲ့သည်။ Dawei Watch

ဝန်ထမ်းကောင်းတံဆိပ် လျှောက်သူ များပြား၊ ကားပါမစ်အစား ကျန်းမာရေး နှင့် နေရေးကိစ္စ စီစဉ်ပေးသင့်ဟုဆို

diz_admin

February 10, 2020

ဝန်ထမ်းကောင်းတံဆိပ်ရသူများကို ကားတင်သွင်းခွင့်ပါမစ် ပေးမည်ဆိုသည့် သတင်းကြောင့် တနင်္သာရီတိုင်းတွင် ယင်းတံဆိပ်ကို လျှောက်ထားသူ အလွန်များပြားနေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယမန်နှစ်များက ဝန်ထမ်းကောင်း တံဆိပ်လျှောက်သူ တစ်နှစ်လျှင် ပျမ်းမျှ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း ကားတင်သွင်းခွင့်ပါမစ် ရရှိမည်ဆိုသည့် သတင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယင်းတံဆိပ်ကို ပညာရေးဝန်ထမ်းများ အကြား စိတ်ဝင်စားမှု မြင့်တက်လာ ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ဝန်ထမ်းကောင်း တံဆိပ်လျှောက်လွှာကို ဇန်နဝါရီလ တတိယအပတ်တွင် မြို့နယ်များသို့ စတင်ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက် နောက်ဆုံးထားကာ တိုင်းပညာရေးမှူးရုံးထံပေးပို့ရမည် ဖြစ်သည်။ “အခု မြို့နယ်က ပို့လာတဲ့ လျှောက် လွှာတွေ အရမ်းများနေလို့ အဲဒါ စိစစ်နေတယ်။ မြိတ်မြို့နယ်တစ်ခုတည်းကို (လျှောက်လွှာ) […]

လာမည့် ရုံးချိန်းတွင် ဝန်ကြီးဟောင်းများကို စစ်ဆေးမည်

diz_admin

February 10, 2020

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှု ရုံးချိန်း ထူးခြားချက်များ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့၏ အမှု ၄၅ ကြိမ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ဆေးခဲ့သည်။ ယင်းရုံးချိန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို အမှုသုံးခုအတွက် ပြန်ခေါ်သက်သေအဖြစ် စတင် စစ်ဆေးခဲ့သည်။ ၎င်းသည် ဒေါက်တာလဲ့လဲ့မော်အပေါ် တိုင်ကြားချက်များနှင့် ပတ်သက်၍ အဂတိကော်မရှင်၏ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်အဖြစ်ပါဝင်ပြီး လက်ရှိတရားစွဲဆိုရာတွင်လည်း တရားလိုအနေဖြင့် လည်းကောင်း၊ အမှုစစ်အရာရှိ အနေဖြင့်လည်းကောင်း တာဝန်ယူနေသူ ဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော်နဲ့အတူ GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဇန်နဝါရီ လ ၂၁ ရက်က စွဲချက်တင်ထားသည်။ စွဲချက်တင်ပြီးနောက်ပိုင်း ယခင် […]

ကရင်သင်္ကေတပါ ကရင်ရွာ ဆိုင်းဘုတ်များကိစ္စ ကရင်ဝန်ကြီး ကွင်းဆင်းမည်

diz_admin

February 10, 2020

ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းမ ပေါ်ရှိ ကရင်ကျေးရွာအချို့တွင် ရွာ ဆိုင်းဘုတ်များကို ကရင်အမျိုးသား သင်္ကေတများ ထည့်သွင်းပြုလုပ်ထားသည့်ကိစ္စ ကွင်းဆင်းစစ်ဆေးမည်ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောလုကာက ပြောသည်။ ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်၊ ရေပုံး စသည့်ကရင်ရွာများ၏ ဆိုင်းဘုတ် များကို ကရင်အလံများ ခြယ်သထားခြင်း၊ ကရင်အမျိုးသားရေး အမှတ်လက္ခဏာ များဖြင့် အလှဆင်ထားသည်။ “ကွင်းဆင်းလေ့လာမယ်။ ဘယ်လိုပုံစံ လုပ်ထားတယ်ဆိုတာ မှတ်တမ်းယူမယ်။ ပြီး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြန်တင်ပြမယ်ပေါ့”ဟု စောလုကာက ပြောသည်။ ရွာဆိုင်းဘုတ်များကို ယင်းသို့ ပြုလုပ်မည်ဟု တိုင်းအစိုးရအဖွဲ့သို့ ခွင့်ပြုချက် တောင်းခံလာခြင်းမျိုးလည်း မရှိကြောင်း၊ အစိုးရနှင့် ဆွေးနွေးပြီးမှ လုပ်ဆောင်သင့်ကြောင်း စောလုကာက ပြောသည်။ တနင်္သာရီတိုင်းနယ်နိမိတ်အတွင်း ယင်းသို့ ကရင်ရွာများ ကရင်အမှတ် သင်္ကေတဆိုင်းဘုတ် စိုက်ထူခြင်းကိစ္စကို ထားဝယ်မြို့ခံအချို့က […]

လောင်းလုံးမြို့ပေါ်ဖဲဝိုင်း ဆိုင်ကယ် အစီးနှစ်ဆယ်ကျော်နှင့် လူတစ်ဒါဇင် ဖမ်းမိ

diz_admin

February 10, 2020

လောင်းလုံးမြို့၊ “ဂ”ရပ်ကွက်ရှိ ဖဲဝိုင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်း ဆီးခဲ့ရာ ဆိုင်ကယ်အစီးရေ နှစ်ဆယ်ကျော်နှင့် လူ ၁၂ ဦးကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါရပ်ကွက်ရှိ ရော်ဘာခြံအနီး ငှက်ပျောချောင်းအတွင်း ဖဲရိုက်နေစဉ် ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားခြောက်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ဖဲဝိုင်းတွင်ဖမ်းမိသူ ၁၂ ဦးထံမှ စုစုပေါင်းငွေကျပ်သိန်း ၆၀ ကျော်၊ ဖုန်း ၇ လုံးနှင့် ဖဲထုပ်များ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့ဝင်ဖမ်းစဉ် ဖဲဝိုင်းဘေးတွင် ရပ်ကြည့်နေသည့် လူ ၁၀ ဦးခန့် ထွက်ပြေးသွားကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထို့အပြင် […]