BREAKING
October 18, 2024

ထားဝယ်

မောတောင်နယ်စပ်တွင် တောမီးလောင်

diz_admin

February 17, 2020

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်(မောတောင်မြို့)အမှတ် ၁ ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် နှစ်ရှည်ပင် အပါအဝင် သီးနှံအပင် တစ်ထောင်နီးပါး ဆုံးရှုံးခဲ့ရကြောင်း မောတောင်နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးစည်သူထံမှ သိရသည်။ တောမီးမှာ ဥယျာဉ်ခြံများအား ကူးစက်ခဲ့သဖြင့် နှစ်နှစ်သားအရွယ်ကွမ်းသီးပင် ၄၀၀၊ လေးနှစ်သားအရွယ် ရော်ဘာပင် ၁၀၀၊ သီဟိုသုံးနှစ်သား ၁၅၀ နှင့် (ရခိုင်ငှက်ပျော)ငှက်ပျောပင် ၃၀၀ ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း မောတောင်နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးစည်သူက ပြောသည်။ “မီးက လျှိုကြီးထဲမှာ။ ကားလည်း ဝင်လို့ မရဘူး။ လူသွားလမ်းလည်း မရှိဘူး”ဟု နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးစည်သူက ပြောသည်။ အဆိုပါ တောမီးမှာ မွန်းတည့်ဆယ့်နှစ်နာရီကျော်မှ စတင်လောင် ကျွမ်းခဲ့ရာ […]

တိုင်းအစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ထားမည်

diz_admin

February 17, 2020

သတင်းမီဒီယာသမားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရန် တိုင်းအစိုးရ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦး ခန့်အပ်မည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ယင်းသည် တနင်္သာရီတိုင်း၏ ပထမဆုံးသော တိုင်းအစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဖြစ်လာမည် ဖြစ်သည်။ “ထားဖို့တော့ ဆုံးဖြတ်ပြီးပြီ။ စာထွက်မယ်။ ဖြစ်နိုင်ချေရှိသူကတော့ အစိုးရအဖွဲ့ ဝန်ကြီးထဲကပါပဲ”ဟု ဦးမြင့်မောင်က ပြောသည်။ ယခင်က ပြန်ကြားရေးတာဝန်ခံ သီးခြားခန့်ထားခြင်းမရှိဘဲ တိုင်းအစိုးရ အဖွဲ့မှ သတင်းများထုတ်ပြန်ရာတွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများက အလျဉ်းသင့်သလို ထုတ်ပြန်လေ့ရှိသည်။ တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်မှုနှင့် ကြေညာချက်အချို့ကို Tanintharyi Region ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လေ့ရှိပြီး တိုင်းအစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာရှိသော်လည်း အသက် မဝင်လှပေ။ Dawei Watch

မိုးရာသီအတွင်း ပျက်စီးလမ်းများအတွက် သန်းတစ်ထောင်ကျော် ရရှိထား

diz_admin

February 17, 2020

မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် တိုင်းအတွင်းရှိ လမ်းများပြုပြင်ရန် ဘဏ္ဍာ ငွေကျပ်သန်းတစ်ထောင်ကျော် ရရှိထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ် မိုးရာသီက မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် ပြည် ထောင်စုလမ်းမပေါ် ပျက်စီးဆုံးရှုံးမှုများကို အပြီးသတ် ပြုပြင်နိုင်ရန် လမ်းဦးစီး ဌာနရုံးချုပ် (ဆောက်လုပ်ရေးဝန်ကြီး ဌာန)ထံ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံ တောင်းခံထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။ တောင်းခံထားသည့် ငွေကြေး အနက်မှ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် လုပ်ငန်း ၅ ခုအတွက် ငွေကျပ် ၁၀၃၂.၅ သန်းကို ချထားပေးခဲ့ကြောင်း ယင်းဌာန စာရင်းအရ သိရသည်။ အဆိုပါ ငွေများအနက် မလွှဲတောင် လမ်းပိုင်းအတွက် […]

ရွှေ၊ သတ္တု ခိုးတူးသူတွေကို ဝင်ဖမ်း၊ လူမမိ

diz_admin

February 17, 2020

ကလိန်အောင်မြိုနယ်ခွဲ ဇင်းဘာရွာအနီး ဇင်းဘာချောင်း၏ ချောင်းလက် တက်များတွင် တရားမဝင်ရွှေတူးသူများနှင့် ပုလောမြို့နယ် ပုဒေါရွာအနီး တရားမဝင် သတ္တုခိုးတူးသူများကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ဇန်နဝါရီ ၁၇ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သတ္တုတူးသည့် ဆက်စပ်ပစ္စည်းများသာ သိမ်းဆည်းနိုင်ခဲ့ပြီး လူတစ်ဦးမျှ ဖမ်းမမိဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ “ရွှေကျင်ဖောင်တွေ တွေ့တယ်။ ဘက်ဟိုးတွေ တွေ့တယ်။ လူတွေကတော့ ပြေးကုန်တာပေါ့”ဟု ၎င်းက ဆိုသည်။ ၎င်းဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး လူနေတဲများကို ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ဇင်းဘာတွင် ဝင်ဖမ်းသည်မှာ ရွာသား တို့က ဓာတ်ပုံအထောက်အထားနှင့်တကွ ဝန်ကြီးချုပ်ထံ လိပ်မူတိုင်ကြားမှုအရဖြစ်ပြီး ပုဒေါတွင် ဝင်ဖမ်းသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သတင်းပို့မှုကြောင့်ဖြစ်ကြောင်း ဗိုလ်မှူး […]

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် ကျပ်သန်းပေါင်း ခုနစ်သောင်းနီးပါး လျော်ကြေးပေးရန်ကျန်

diz_admin

February 17, 2020

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအတွက် ကျပ်သန်းပေါင်း ခုနစ်သောင်းနီးပါး လျော်ကြေးပေးရန် ကျန်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအောင်ထူးက ပြောသည်။ ကနဦးစီမံကိန်းတွင် စုစုပေါင်း ဧရိယာ ၆၉၂၈ ဧကရှိသည့်အနက် ၆၆၂၄ ဧကအတွက် လျော်ကြေးပေးရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။ ထိုဧရိယာအတွက် ပေးရန်ကျန်သည့် လျော်ကြေးငွေမှာ ငွေကျပ်သန်းပေါင်း ၆၈၂၆၃ ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ လျော်ကြေးငွေပေးသည့်အချိန်နှင့် ပြန်လည်နေရာချထားရေးကိစ္စများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်နိုင်ရန် လျော်ကြေးပေးချေရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ဆိုသည်။ အဆိုပါကော်မတီတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ “အဆိုပါလျော်ကြေးငွေများကို လုပ်ငန်းလုပ်ဆောင်သူက ပေးချေရမှာ […]

စည်ပင်တွင် စာဖြင့် အကြွေးတောင်းသည့် ကော်မတီဝင်

diz_admin

February 11, 2020

ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီတစ်ဦးက သူစိုက်ထုတ်ကျခံ ထားရတဲ့ အကြွေးကို စည်ပင်သာယာရေး အဖွဲ့က မပေးလို့ စာနဲ့ တောင်းခံခဲ့ပါတယ်။ စည်ပင်ကော်မတီဝင် ဦးဇော်လေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကမ်းနား ဈေးအနီးမှာ ရေမြောင်းအဖုံး ၁၉ ချပ် အတွက် ငွေကျပ် ၁၅ သိန်းကို ၎င်း ပိုင်ငွေကြေးစိုက်ထုတ်ပြီး လုပ်ထားတယ် လို့ ဆိုပါတယ်။ သူစိုက်ထုတ်ထားတဲ့ငွေကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ စည်ပင်သာယာရေးအဖွဲ့က ပြန်ပေးမယ် လို့ ပြောဆိုပြီးမှ စိုက်ထုတ်ပေးထားတာ ဖြစ်တယ်လို့ ဦးဇော်လေးက ပြောပါတယ်။ ဒီငွေတွေကို ပြန်ပေးဖို့ စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ လူချင်းတွေ့ပြီး တောင်းခဲ့ပေမယ့် ပြန် မပေးလို့ နောက်ဆုံးမှာတော့ ဖေဖော်ဝါရီ လ ၅ […]