BREAKING
October 18, 2024

ထားဝယ်

စာသင်ခန်းအတွင်း အတန်းပိုင်ဆရာ စားပွဲတွင် စိတ်ကြွဆေးပြား လေးဆယ်ကျော် ဖမ်းမိ

diz_admin

February 19, 2020

ရေဖြူမြို့နယ်၊ ဖားချောင်းအင်းရွာရှိ အလယ်တန်းကျောင်းခွဲတွင် စာသင်ခန်း အတွင်းရှိ အတန်းပိုင်ဆရာ၏ စားပွဲ အံဆွဲအတွင်းမှ စိတ်ကြွဆေးပြား လေး ဆယ်ကျော်ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ အထက်ပါကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ဖေဖော်ဝါရီလ ၁၀ ရက် က စာသင်ခန်းများကို လိုက်လံစစ်ဆေးစဉ် တတိယတန်းအခန်းတွင် အသက် ၂၉ နှစ်အရွယ်အတန်းပိုင်ဆရာ၏ စားပွဲခုံ အောက်တွင် ဝါးပြောင်းနှင့် ခဲပြားများ တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့တွေ့ရှိမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကို အကြောင်း ကြားပြီး အဆိုပါ စာသင်ခန်းအတွင်း ရှာဖွေရာ စားပွဲအောက်အံဆွဲအတွင်းမှ WY စိတ်ကြွဆေး ၄၃ ပြားဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ လက်ရှိတွင် အဆိုပါ […]

ဆရာမအား ကတ်ကြေးထောက် လုယက်သွားသူက ပစ္စည်းအချို့ ပြန်ပေးမည်ဟု စာပြန်ပို့

diz_admin

February 19, 2020

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ အထက်တန်းကျောင်း(ခွဲ) ယာယီကျောင်း အုပ်ဆရာမအား ကတ်ကြေးဖြင့်ထောက်ကာ ပိုက်ဆံအိတ်လုယူသွားသူက ပစ္စည်းအချို့ကို ပြန်ပို့ပေးမည်ဟု ဖုန်းဖြင့် Massage(စာတို) ပေးပို့အကြောင်းကြားလာကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ သုံးနာရီခွဲခန့်တွင် ကျောင်းဆင်းပြီး အိမ်ပြန်သည့် ယာယီကျောင်းအုပ်ဆရာမကို ခန့်မှန်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက နောက်မှ ဆိုင်ကယ် ဖြင့်လိုက်လာပြီး ဝေဒီ – ကုန်းဇရပ် ကျေးရွာချင်းဆက်လမ်းပေါ် အရောက် တွင် အသင့်ပါလာသည့် ကတ်ကြေးဖြင့် ထောက်ကာ ပိုက်ဆံအိတ်ကို လုယူခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့လုယူသွားခြင်းကြောင့် ဖုန်းနှစ်လုံး၊ ငွေကျပ်တစ်သိန်း၊ မှတ်ပုံ တင်နှင့် ရုံးသုံးတံဆိပ်တုံး အပါအဝင် အခြားပစ္စည်းများ ပါသွားကြောင်း ၎င်းက […]

တနင်္သာရီတိုင်းတွင် ကလေးတီဘီ ရောဂါဖြစ်ပွားသူ ခြောက်ရာကျော်

diz_admin

February 19, 2020

တနင်္သာရီတိုင်းတွင် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် တီဘီရောဂါဖြစ်ပွားသည့် အသက် ၁၅ နှစ်အောက် ကလေး ဦးရေခြောက်ရာကျော်ရှိကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် ၁၂၃ ဦး၊ မြိတ် ခရိုင်တွင် ၄၀၀ ဦး၊ ကော့သောင်းခရိုင်တွင် ၈၁ ဦး စုစုပေါင်း ၆၀၄ ဦး ဖြစ်သည်။ ယင်းပမာဏသည် ၂၀၁၉ ခုနှစ် အတွင်း တီဘီရောဂါဖြစ်ပွားသူ စုစုပေါင်း၏ ငါးပုံတစ်ပုံကျော် ဖြစ်သည်။ အဆိုပါနှစ်အတွင်း တနင်္သာရီတိုင်းတွင် ကလေး၊ လူကြီးစုစုပေါင်း တီဘီရောဂါဖြစ်ပွားသူမှာ ၃၀၁၄ ဦး ရှိသည်။ ထားဝယ်ခရိုင်တွင် တစ်ထောင်ကျော်(၁၀၁၄) ဦး၊ မြိတ်ခရိုင်တွင် တစ်ထောင့်ငါးရာနီးပါး(၁၄၃၁) ဦး၊ ကော့သောင်းခရိုင်တွင် ခုနစ်ရာနီးပါး (၆၆၉)ဦး ရှိနေကြောင်း အထက်ပါ ဌာနထံမှ […]

ကွန်ပျူတာပညာရှင်များ အသင်း ဖွဲ့စည်း

diz_admin

February 19, 2020

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (တနင်္သာရီတိုင်း) အလုပ်အမှုဆောင်အဖွဲ့ကို တိုင်းအတွင်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်း ၁၆ ဦး ဖြင့် ဇန်နဝါရီလ ၂၉ ရက်က ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)တွင် ဖွဲ့စည်းလိုက် ကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါအသင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ထားဝယ်မြို့မှ ဦးချမ်းမြေ့၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် မြိတ်မြို့မှ ဦးအောင် ဇော်ဦးတို့ကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့ ကြောင်း ယင်းအသင်းထံမှ သိရသည်။ “ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကွန်ပျူတာပညာရှင်လို့ ခံယူပြီး ပါဝင်တာ မဟုတ်ဘူး။ ကွန်ပျူတာပညာရှင် တွေပေါ်လာအောင် အသင်းအနေနဲ့ လုပ် ဆောင်နိုင်ဖို့အတွက်ပါ”ဟု ယင်းအသင်း ဥက္ကဋ္ဌ ဦးချမ်းမြေ့က ဆိုသည်။ လတ်တလောတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက လုပ်ဆောင် နေသည့် လှုပ်ရှားမှုများကို ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး […]

တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှု လျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်

diz_admin

February 19, 2020

တနင်္သာရီဂျာနယ်က ပြင်ဆင်မှု လျှောက်ထားသည့် မဲဆွယ်အပြုံး သရော်စာအမှုကို တိုင်းဒေသကြီးတရား လွှတ်တော်က ဖေဖော်ဝါရီလ ၁၄ ရက် တွင် ပလပ်သည့် အမိန့်ချလိုက်သည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။ ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေကျပ် ၅ သိန်း ပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။ မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှု အပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။ ထိုနောက် တနင်္သာရီဂျာနယ်ဘက် က ၂၀၁၉ ခုနှစ် ဇွန်လတွင် တိုင်းတရား […]

တရားမဝင်ခဲသတ္တု ၁၆ တန်ကျော် ဖမ်းမိ

diz_admin

February 19, 2020

သံဖြူဇရပ်မြို့သို့ ပို့ဆောင်မည့် တရားမဝင်ခဲသတ္တု ၁၆ တန်ကျော်ကို ရေး-ထားဝယ်လမ်းမပေါ်ရှိ ဇီးကျတိုးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြို့နယ်ရှိ ဇီးကျတိုးဂိတ်တွင် ဖေဖော်ဝါရီလ ၄ ရက် ည ၈နာရီခွဲခန့်က သတင်းအရ စောင့်ဆိုင်းနေရာ ထားဝယ်မြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင် လာသည့် ၁၂ ဘီး ကားတစ်စီးကို စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းကဲ့သို့ စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်တွင် တရားမဝင်ခဲသတ္တု ၆၈၈ အိတ် (၁၆ တန်ကျော်)ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါ ခဲသတ္တုတစ်တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဖမ်းမိသည့် သတ္တုများကို မောင်မယ် ရှောင်ကျေးရွာမှ တင်ဆောင်လာခြင်း […]